မြန်ပြည်သား နိုဝင်ဘာ ၂၆၊ ၂၀၁၂ ● ပြည်သူမှ သမ္မတကြီးသို့ အသိပေးတင်ပြခြင်း ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၅) တွင် ပါရှိသော " ပြည်သူသို့ အသိပေးခြင်း"  သတင်း တိုလေး ဖတ်ရပါတယ်၊၊ ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးက ပြည်ထောင်စုလွှတ်တော်သို့တင်ပြရှင်းလင်းရာတွင် ပညာရေးဝန်ကြီးဌာန၊ ကမာရွတ်မြို့နယ် ပညာရေး မှူးရုံး၏ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းအခွန်နှင့် မီတာခ စုစုပေါင်း ကျပ် ၅ ဒသမ ၅၅၂ သန်းကို သက်ဆိုင်ရာသို့ပေးချေ ခြင်းမပြုဘဲ ယာယီအလွဲသုံးစားပြုထားကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်သူများကိုအရေးယူထားကြောင်း ပြည်သူကိုအသိပေးထားသော သတင်းဖြစ်ပါတယ်။ အဲဒီသတင်းကိုဖတ်ရပြီး မနေနိုင်တော့လို့ ဒီစာကိုရေးလိုက်ပါတယ်။ ပြည်သူတယောက်ကသိထားတဲ့ကြောင်းအရာများကို မသိသေးတဲ့ နိုင်ငံတော်သမ္မတကြီးထံ အသိပေးသင့်တယ်ထင်လို့ပါ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ [...]

Read more of this post