ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) နိုဝင်ဘာ ၂၇၊ ၂၀၁၂   နာရေးကူညီမှုအသင်း(ရန်ကုန်)သည် တစ်နှစ်တာ ကာလပတ်လုံး အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိသည့် ကိစ္စရပ်များ ထမ်းဆောင်ပေးဆပ်လျှက်ရှိရာ၌ မြန်မာ့ ရိုးရာ (၁၂) ရာသီပွဲတော်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား/ သူများတို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကာ စည်းလုံးညီညွတ်စွာ အားကြိုးမာန်တက် စီစဉ် ဆောင်ရွက်၍ ပျော်ရွှင်စွာဖြင့် ဆင်နွှဲကြပေသည်။ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ် (လှည့်လည်)နိုင်ရန် အတွက် ၂၄.၁၁. ၂ဝ၁၂ ရက်နေ့ ညနေပိုင်းမှစတင်ကာ ပဒေသာပင် စီရီခြင်း၊ လှည့်လည်မည့် [...]

Read more of this post