ဟန်ဝင်း နိုဝင်ဘာ ၁၈၊ ၂၀၁၂ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ လုပ်ခလစာရရှိဖို့အတွက် ဆောင်ရွက်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်က သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား အရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနဲ့တန်းတူ လုပ်ခလစာရရှိဖို့ ထိုင်းနိုင်ငံ ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် အလုပ်ရှင်များက လိုက်နာခြင်းမရှိဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားအမြောက်အမြား ဝင်ရောက်အလုပ်လုပ်နေကြတယ်ဆိုတာ မြန်မာနိုင်ငံက သမ္မတကြီးအသိပါ။ လုပ်ငန်း ခွင်တွေမှာ ထိုင်းလူမျိုးတွေနဲ့အတူတူ အလုပ်လုပ်ရရင် မြန်မာနိုင်ငံသား တွေဟာ ထိုင်းတွေမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ရပါ တယ်။မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံသား တွေနဲ့အတူ တန်းတူအခွင့်ရေးရနေတယ်ဆိုပြီး အချို့ NGO အဖွဲ့များနှင့် ထိုင်းအစိုးရကပါ ပြောနေကြပါတယ်။ တကယ့် လက်တွေ့မှာတော့ ပြောသလိုမဖြစ်သေးပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်း [...]
Read more of this post