ကံထွန်းသစ် နိုဝင်ဘာ ၁၂၊ ၂၀၁၂   "အစားကောင်းစားရလျှင် ခင်မင်သူကို သတိရသည် " ဆိုသောရှေးသူဟောင်းစကားသည် ကိုယ့်အတွက် တော့ မပြည့်စုံ။ မည်သည့်စားဖွယ်ကိုစားစား၊ ခင်မင်သူတွေကို အမှတ်ရနေ တတ်သောကြောင့်ပင်။ ငယ်စဉ်ကပင် သွားဆင်းရဲသောကိုယ်သည် လက်သင်သွားဆရာဝန်ငယ်တစ်ဦး၏ မှားယွင်းဆုံးဖြတ်မှုဒဏ်နှင့် သက်ရင့်သမားကြီးတစ်ဦး၏လက်ထောက် ဆရာမလေး၏ သွားနှုတ်ဒဏ်ကို မချိမဆံ့ ခံရပြီးသည့်နောက် မှာတော့ သွားဆေးခန်းတွေကို ကိုယ်ရှောင်တတ်ခဲ့သည်။ သွားကိုက်သွားနာလျှင် ဆားရေနွေးငုံ၊ မသက်သာလျှင် ဝမ်းနှုတ်၊ မသက်သာသေးလျှင် အကြောလျှော့၊ သို့သော် နှုတ်ထားသည့်နေရာတွေ ကွက်လပ်မဖြည့်ခဲ့လေတော့ ကျန်သွားတွေယိုင်၊ တချို့ကျိုး။ သည်လိုနှင့် သူငယ်ချင်းတွေက " အကျိုးများသောဆရာတော် " ဟု ကျီစယ်ခေါ်ခဲ့ကြ။ တပည့်၊ ဒကာတွေက ပြန်စိုက်ပေးရန်ကြိုးစားကြ၊ ကောင်းပေ့ဆိုသည့် ဆရာတွေထံ ခေါ်ပြကြ၊ ကိုယ်ကမူ ကြောက်ရွံ့ဆဲ၊ [...]

Read more of this post