မိုးမခအထောက်တော် နိုဝင်ဘာ ၁၈၊ ၂၀၁၂ ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဠနှင့်အဖွဲ့သည် ရွှေတွံတေးဆရာတော်နှင့် ရန်ကုန်မြို့တွင် စက်တင်ဘာလက တွေ့ ဆုံခဲ့ပြီး ယခု ထပ်မံဆွေးနွေးကြသည်။နီပွန်ဖောင်ဒေးရှင်းအဖွဲ့သည် သမ္မတအဖွဲ့ ဝန်ကြီးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းတွေ့ဆုံခဲ့ကြသည်။ မြန်မာနိုင်ငံရေး ရာသီဥ တု - နိုင်ငံရေးချိန် - လူမှုထောက်ကူအဖွဲ့ များ - လူထုအခြေပြုအဖွဲ့ နှင့် နိုင်ငံအပြောင်အလဲကိစ္စများကို ဆရာတော်နှင့် ဆွေးနွေးကြသည်။ နယ်စပ်ဒေသနှင့် တိုင်ရင်းသားများအားထောက်ပံ့ရေးအတွက် ဒေါ်လာ ၁၀ သန်းကူညီဖို့ လျာထားချက်ရှိနေသည်။ ရွှေတွံတေးဆရာတော်က "နိုင်ငံပြောင်းလဲတယ်ဆိုတာ ခေါင်းချည်းပဲပြောင်းရင် အကျိုးသိပ်မဖြစ်ဘူး။ အမြီးချည်းပဲပြောင်ရင်လည်း အလ ကားပဲ။  တကိုယ်လုံး တခုလုံးပြောင်းမှဖြစ်တာ - သမ္မတကနေပြီး အောက်ခြေအထိ အကုန်ပြောင်းမှရမယ်။ လက်တွေ့မရသေးဘူး။ လူမှု ထောက်ကူအဖွဲ့ - လူထုအခြေပြုအဖွဲ [...]

Read more of this post