နိုင်ဦးညို (ဖိုးဇီးရိုး) နိုဝင်ဘာ ၁၈၊ ၂၀၁၂ ကျေးဇူးပါ အိုဘာမား ကြိုဆိုပါတယ် အိုဘာမား ခင်ဗျားလာမယ်ဆိုတဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာ ကျုပ်တို့သိပ်ချစ်ခဲ့တဲ့နေရာ ...။ ခုတော့ တစပြင်လိုဖြစ်နေတဲ့နေရာမှာ ခင်ဗျားလာမယ်ဆိုတော့ ဆေးတွေတောင်သုတ်လို့တဲ့ ဆေးတွေသုတ်တာကောင်းပါတယ် သန့်ရှင်းရေးလုပ်တော့ကောင်းတာပေါ့ ...။ ပိုပြီးကောင်းသွားအောင်တော့ ခတ်ထားတဲ့သော့တွေ ကာထားတဲ့သံတိုင်စည်းရိုးတွေ ခင်ဗျားရိုက်ချိုးနိုင်ခဲ့ရင်တော့ ကျေးဇူးပါအိုဘာမား ...။ ကျုပ်တို့ရဲ့မဟာတက္ကသိုလ်ကို ခင်ဗျားတို့ဆီက မဟာ့မဟာတက္ကသိုလ်ဆိုတာတွေနဲ့ ချိတ်ဆက်ပြီး အဆင့်တွေမြှင့်ကြတော့မယ်တဲ့ ကောင်းတာပေါ့အိုဘာမားရေ ခင်ဗျားတို့ဆီက အဆင့်မြင့်ပညာတွေကို ခင်ဗျားတို့ဆီက အဆင့်မြင့်ပညာရှင်တွေနဲ့ ကျုပ်တို့ဆီက အဆင့်မြင့်သားသမီးတွေအတွက်သာဆိုရင်တော့ ဒါလည်းကောင်းတာပါဘဲ အိုဘာမားရေ၊ ကျုပ်တို့တိုင်းပြည် ကျုပ်တို့လူမျိုးရဲ့ ၈၀ ရာခိုင်နူန်းက လယ်သမားတောင်သူတွေလို့ စာတွေထဲမှာ ဖတ်ဖူးခဲ့ပါတယ် ဒါလောက်တော့ ခင်ဗျားပိုသိမှာပါ လယ်သမားသားသမီးတွေအတွက် အသစ်ဆောက်ထားတဲ့လယ်ကွင်းတွေနားက ယိုင်နဲ့နဲ့ တက္ကသိုလ်အသစ်တွေကိုလည်း မြွေပါးကင်းပါး ကင်းအောင်လေးတော့ [...]

Read more of this post