ကျော်ဟုန်း နိုဝင်ဘာ ၂၃၊ ၂၀၁၂ ဧည့် ကန်သမ္မတအိုဘားမား ရွေးခြယ်လိုက်တာနဲ့  သွေးအလိမ်းလိမ်းထပ် ဘဝအထွေထွေညှပ်ခဲ့တဲ့ ကံ့ကော်ရင်ပြင်လဲ ငယ်ရုပ်ဆင်မျက်နှာသစ်ခဲ့ပြီ၊ ရေညှိအထပ်ထပ်၊ သံကြိုးရစ်ပတ် သော့ခလောက်ခတ် ဘွဲ့ နှင်းသဘင်ကြီးနဲ့  ကျောင်းတော်ဝန်းတံခါးကြီး ခုနစ်သွယ်ရောင်ခြယ် မိတ်ကပ်လိမ်းလိုက်ပြီ... (မြန်မာနိုင်ငံ- မင်္ဂလာပါ ) သမိုင်းတော်ဝင်၊ ရန်ကုန်တက္ကသီလာ ဘွဲ့ နှင်းဆောင်ထဲ ပထမဆုံးရောက်လာတဲ့ အမေရိကန်သမ္မတ သူ ဗမာလိုနှုတ်ခွန်းဆက်လိုက်တာက ... (မြန်မာနိုင်ငံ မင်္ဂလာပါ ) သူ့ နှုတ်ဆက် မိန့် ခွန်းပြောပွဲ ဒီခန်းမဆောင်ကြီးထဲမှာ သူတော်စင် ရဟန်းတွေလဲပါ မသူတော်စစ်စစ်တွေလဲပါ သူရဲကောင်းနဲ့ သူလဲထောင်းတွေလဲပါ ခွပ်ဒေါင်းတွေ၊ ကြံ့ဖွတ်တွေ၊ တောကြောင်တွေ၊ ဖားတပိုင်း ငါးတပိုင်းတွေ စုံတောလယ်မှာ သကာလိမ်းအပြုံးတွေနဲ့  အင်အားတုအစု [...]

Read more of this post