ခင်မောင်ထွေး (မဟာချိုင်း) နိုဝင်ဘာ ၁၈၊ ၂၀၁၂ မြန်မာနိုင်ငံဟာ ပြည်သူကတင်မြှောက်သော လွတ်တော် အရပ်ရပ်တို့နှင့်အတူ ပြည်သူကတင်သော နိုင်ငံတော်အုပ်ချုပ်ရေး အဖွဲ့ များဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ် ဆိုတဲ့ အချက်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို အလျှင်အမြန်အကောင်အထည်ဖော်ဆောင် ရွက်နေ သည်ဆိုသည့်အချက်မှာ မျက်မြင်များဖြစ်သဖြင့် အထူးပြောရန်လိုမည် မထင်ပါ။နိုင်ငံအတွင်း ကုန်စည် ပစ္စည်းများနှင့်ပါတ်သက်သော ကိစ္စရပ်အ၀၀ကို ဆောင်ရွက်ရာတွင်လည်း နိုင်ငံခြားမှ တင်သွင်းသည့်ကုန်ပစ္စည်း များကိစ္စ ပွင့်လင်းလာသည်ကိုလည်းကြိုဆိုပါတယ်။ယခင်က အလွန်ဈေးကြီးခဲ့သော မော်တော်ယဉ်ကဲ့သို့ ပစ္စည်းများလည်း ယခုအခါတွင်ဈေးများကျဆင်းစေပြီးလူလတ်တန်းစားများဝယ်ယူနိုင်အောင်ဆောင်ရွက်ပေးလာသည်ကိုလည်း သိကြားနေ ရပါ တယ်။ ဒီအတွက်လည်း ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံတွင်းမှာ အမှန်တစ်ကယ်တော့ ချမ်းသာဆင်းရဲ ကွာဟလွန်းသည်ဖြစ်ရာ အလွန်ချမ်းသာသူများက ဒီမိုကရေစီရဲ့ အရင်းရှင်စနစ်တွင် [...]
Read more of this post