နိုင်ဦးညို (ဖိုးဇီးရိုး) နိုဝင်ဘာ ၁၉၊ ၂၀၁၂ အမယ်မင်းရယ်နဲ့ ငါ့မှာတော့ ဒီလမ်းကိုလျှောက် ဒီစရိတ်တွေအကုန်ခံလို့ ဒီခရီးကိုဖောက်ခဲ့ပေမဲ့၊ သူတို့မှာ ထုံးဖြူသုတ် ရာဇမတ်ကာ အမူကျင့်ကို မဖျောက်နိုင်ဘု၊ ငါ့ကိုကြိုဆိုတာဖြင့်များ အတိုင်းတိုင်း အပြည်ပြည် ငါလှည့်လည်လာတာ အကြိမ်ကြိမ်အလီလီ မဆုံဘူးကြုံဘူးမှသိ ရှာမှရှားတဲ့ ကြိုဆိုပုံတွေများရယ်နဲ့၊ ထူးခြားတဲ့ အမူကျင့်တွေကြောင့် ဂရာဖတီငါ့ပုံတူကိုတောင် ရဲအစောင့်ခံရတဲ့ဘဝ၊ နောင်ဘဝများမှာတောင် ကြုံနိုင်ဖို့ငါခဲရင်း ဒီတကြိမ်ဒီတခါနဲ့ ခြောက်နာရီကြာ ဒီငါ့ခရီးမှာ ငါ့ကိုယ်ငါပီတိဖြာရင်း နှစ်တရာအလွန်က သီပေါမင်းလွန်ဆိုးလို့ ညောင်ရမ်းမင်း လှေဦးထိပ်ပါသလို ငါ့ကိုလူသူတွေက သိပ်စိတ်ဝင်စား၊ တကယ်တမ်းမှာတော့ ကယ်တင်ရှင်ငါမဟုတ်ပါဘု ငါ့မှာလည်းငါ့ဒုက္ခနဲ့ တရုတ်ကြီးအရေး အရှေ့ဖျားတခွင် ချိန်ခွင်ညှာများ ညှိလို့ရမလားလို့ အရဲစွန့်လာရတာပ၊ မှန်းချက်က နှမ်းထွက်ကိုက်ပါ့မလား နှမ်းဖြူးတာက များ များ များသွားပြီလား၊ ခုဒီရောက်ပြီးကာမှ ငါသိလာရတယ် [...]

Read more of this post