အဆိုတော်ခင်မောင်တိုး မကွယ်လွန်ပါ Eleven Media Group သတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၉၊ ၂၀၁၂ စင်ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေသော အဆိုတော် ခင်မောင်တိုးသည် ယနေ့ ညနေပိုင်း အချိန်က သတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်းငယ် ပြန်ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အဆိုတော် ခင်မောင်တိုး၏ အနီးတွင် ရှိနေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိ ဂီတအနုပညာရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရပါသည်။ အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ [...]

Read more of this post