2012/11/22 myatchitshin <myatchitshin@gmail.com>
ရိုဟင်ဂျာ ဆို တာ မြန်မာနိုင်ငံ မှာ လက်မခံ သော်လည်း တစ်ကမ္ဘာ လုံး မှာ လက်ခံ ထားတဲ့ နာမည်ပါ။
သူတို့ဟာ ရခိုင်မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလီ မဟုတ်ဘူး။ သူတို့ ဟာ ဗမာ မဟုတ်ဘူး။
သူတို့ ဟာ မြန်မာ နိုင်ငံ နယ်နမိတ်ထဲ မှာ နှစ်ပေါင်းရာချီ နေခဲ့ ကြသူ ဘိုးဘေး တွေ က ဆင်းသက်လာသူတွေ ဖြစ်တယ်။
သူတို့ ကို နာမည်တစ်ခု တော့ ပေးရလိမ့်မယ်။ သူတို့ မှာ နာမည် တစ်ခုတော့ ရှိရလိမ့်မယ်။
သူတို့ ဟာ တိုင်းရင်းသား မဟုတ်ဘူးဆိုတာ အမှန်ပဲ။ သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာ လို့ ခေါ်ပါတယ်။ တစ်ခြားသူ တွေ ကို လဲ ဒီလို ပဲ ခေါ်စေချင်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့ အစည်းတွေ နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း က သူတို့ ကို ရိုဟင်ဂျာတွေ လို့ ပဲ သိပါတယ်။ နိုင်ငံမဲ့ ဒုက္ခသည် တွေ လို့ ပဲ သိပါတယ်။
ဒါကြောင့် အိုဘာမား က လဲ သူတို့ ကို ရိုဟင်ဂျာ လို့ ပဲ ညွှန်းခဲ့ပါတယ်။ ဘာတွေ များ ပြဎသနာ ရှိပါသလဲ ဦးအောင်မြကျော်။
2012/11/22 အေမီ <amizarhlaing@gmail.com>သို့
လေးစားအပ်ပါသောလူကြီးမင်းများခင်ဗျာ........
၁၉/၁၁/၁၂ ရက်နေ့ မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိလာသော အမေရိကန်သမ္မတ အိုဘားမား ၏ သမိုင်းဝင်မိန့်ခွန်းအား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ကြားခဲ့သော မိန့်ခွန်းမှာ အလွန်ပင်ကောင်းမွန်လှပါသည်။
သို့သော် ထိုမိန့်ခွန်းတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သတ်၍ပြောကြားရာတွင် မြန်မာနိုင်ငံတွင် မရှိပါဟု သမိုင်းအထောက်အထားများနှင့်တကွ သမ္မတကြီး ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပါအ၀င်နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ဘင်္ဂလီခေါင်းဆောင်များ နှင့် မြန်မာနိုင်ငံသားအားလုံးက ပြောဆိုကန့်ကွက်ထားသော "ရိုဟင်ဂျာ" ဆိုသော အသုံးအနူန်းအား သုံးစွဲသွားသည်မှာအလွန်အရသာရှိသော ဟင်းပွဲတစ်ခုတွင် ကြွက်ချီးတုံး တစ်တုံးပါသွားသကဲ့သို့ အလွန်အရုပ်ဆိုးအကျဉ်းတန်လှပါသည်။
မိမိတို့ကို မိမိတို့ အင်အားကြီး နိုင်ငံဖြစ်သည့်အတွက် အင်အားနည်းသောနိုင်ငံတစ်ခု၏ ပြည်တွင်းတွင် သတ်မှတ်ထားသော စည်းကမ်း၊အယူအဆအား အင်အားကြီးသူက ဂရုစိုက်စရာမလို ငါပြောချင်တဲ့အရာကို ပြောလို့ရသည်ဟု ထင်မှတ်ထားသည်ဟု ယူဆမိပါသည်။ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများသည် "ရိုဟင်ဂျာ"အမည်ကိုလိမ်လည်မူပေါင်းမြောက်မြားစွာဖြင့် ဖန်တီးပြီး ရခိုင်ပြည်အားအီစလန်မိုင်ဇေးရှင်းနယ်မြေ လုပ်လိုသောလူအုပ်စုနှင့် မိမိဒေသအားမဆုံးရူံးရအောင် ကာကွယ်နေကြသော ဒေသခံမြန်မာ၊ရခိုင်တိုင်းရင်းသားများ ကြားတွင်ဖြစ်နေသော နယ်မြေလုသူနှင့်ကာကွယ်သူတို့၏စစ်ပွဲဖြစ်ပါသည်။ကမ္ဘာကျော်သမ္မတ တစ်ယောက်အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ အကြောင်းအရာကို ပြောဆိုတော့မည်ဆိုလျင် ထိုနိုင်ငံထိုဒေသ၏ အခြေအနေနှင့်ဓလေ့ထုံးတမ်းစဉ်လာများကို အသေးစိတ်လေ့လာပြီးမှ ပြောကြားရမည်ဖြစ်ပါသည်။ယခုရခိုင်ပြသနာသည် အဓိကရုဏ်းအဆင့်မဟုတ်ပါ နယ်မြေကိုမတရားနည်းဖြင့် ပိုင်ဆိုင်လိုသူများနှင့် ကိုယ့်ထီး၊ကိုယ့်နန်းနှင့်သမိုင်းအစဉ်အဆက်ကြီးမားစွာနေထိုင် ပိုင်ဆိုင်လာခဲ့သော ဒေသခံရခိုင်တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်နယ်မြေအား ကာကွယ်မူ စစ်ပွဲပင်ဖြစ်ပါသည်။
ထိုအခြေအနေများကိုမသိရှိ၊ မလေ့လာဘဲ တာဝန်မဲ့စွာပြောဆိုသွားမူမှာ လုံးဝလက်ခံနိုင်စရာ မရှိပါကြောင်း ပြင်းထန်စွာချူပ်ချပါသည်။
ထိုအသုံးအနူန်း အား တာဝန်မဲ့စွာ သုံးစွဲခဲ့မူကြောင့် နောင်ဖြစ်လာမည့်နောက်ဆက်တွဲပြသနာများသည် အိုဘားမား၏ လူံ့ဆော်မူကြောင့် ဖြစ်ရသည်ဟု မှတ်ယူနိုင်သောကြောင့် ထိုအသုံးအနူန်းကို သုံးစွဲခဲ့မူအား တာဝန်ရှိစွာဖြေရှင်းချက်ထုတ်ပေးပါရန်နှင့် နောင်တချိန်တွင် မိမိတာဝန်မဲ့စွာပြောဆိုခဲ့မူအား တာဝန်ယူဖြေရှင်းရမည်ဖြစ်ပါကြောင်း ထပ်ဆင့်တိုက်တွန်းလိုက်ပါသည်။
အားလုံးကိုလေးစားလျက်
ဦးအောင်မြကျော်
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
ရခိုင်ပြည်နယ်လွတ်တော်
စစ်တွေမြို့
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။