RNDP ရဲ့ အစ္စလာမ်ဘာသာကို စော်ကားမှု့ ရွေးကောက်ပွဲ ကော်မရှင် သတိပေးတာနဲ့ လုံလောက်ပြီလား
ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂
M-Media
အမ်တီဒီဇင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကိစ္စရပ် (၃) ခု နှင့်ပတ် သက်ပြီး နေပြည်တော် မှာ ခေါ်ယူ သတိပေးခဲ့တယ်။ ကိစ္စရပ် (၃) ခုတွင် RNDP ပါတီရဲ့ နိုင်ငံရေးစာစဉ်ဖြစ်တဲ့ တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂) တွင် အစ္စလာမ်ဘာသာ နှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား မိုက်ရိုင်းစော်ကားသည့် အရေးအသားများကြောင့် ခေါ်ယူသတိပေးခြင်းဖြစ်သည်။
တိုးတက်ရေးသတင်းလွှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် မာဃသစ္စာ ဆိုသူမှ ၇ခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် ခေါင်းစဉ်ဖြင့် အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ အပေါ် စော်ကားရေးသားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော ဒေါက်တာအေးမောင် ခေါင်းဆောင်သည့် RNDP ပါတီရဲ့ တရားဝင် နိုင်ငံရေးစာစဉ်သည်
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ
(၂) တည်ဆဲဥပဒေများနှင့်
(၃) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ချိုးဖောက်လျှက်-(က) ကမ္ဘာ့လူသန်းပေါင်းများစွာ ကိုးကွယ်ယုံကြည်လျှက်ရှိသော အစ္စလာမ်သာသနာကို အသရေဖျက် စော်ကားရေးသားခြင်း။
(ခ) အစ္စလာမ်ဘာသာဝင်တို့၏ ပွဲတော်များကို ရှုံ့ချစော်ကား ရေးသားခြင်း။
(ဂ) အစ္စလာမ် ၀တ်ကျောင်းတော်များကို မလိုမုန်းထား ရေးသားခြင်း။
(ဃ) အစ္စလာမ့်ဝတ်ကျောင်းတော်များမှ ၀တ်ပြုရန် ဆော်သြဖိတ်ခေါ်ခြင်းကို တိရိစ္ဆာန်အော်သံနှင့် ခိုင်နှိုင်းဖော်ပြခြင်း။
(င) အစ္စလာမ်၏ စွန့်လွှတ်လှူမှုဒါနအား အလွဲအဓိပ္ပါယ်ဖွင့် စော်ကားရေးသားခြင်း။
(စ) အစ္စလာမ်ဘာသာဝင် တိုင်း၇င်းသား၊ နိုင်ငံသားများအားလုံးတို့ကို ရုတ်ရင်းကြမ်းတမ်းစွာ စော်ကားရေးသားခြင်း။
(ဆ) အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ယုံကြည်ရာ ဖန်ဆင်းရှင်၏ နာမတော်ဖြင့် အစပြုပါအံဟူသည့် ဆုတောင်းမေတ္တာစကား၏ သင်္ကေတကိုဖေါ်ပြလျှက် တရားဥပဒေဘောင်အတွင်းမှ သမ္မအာဇီဝဖြင့် စီးပွားရှာသူ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသားများအား မလိုမုန်းထားရေးသားလှုံ့ဆော်ခြင်း။
(ဇ) ဘာသာသာသနာ ယုံကြည်မှုမတူသူများနှင့် ထိမ်မြားလက်ထပ်ခြင်း မပြုရန်နှင့် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မ အစ္စလာမ်ကို ယုံကြည်ခိုင်းခြင်း မပြုရန်၊ မည်သည့်အကြောင်းနှင့်မျှ သာသနာအတွင်း အဓမ္မသွတ်သွင်းခြင်း မပြုရန် အစ္စလာမ်သာသနာက ရှင်းလင်းပြတ်သားစွာ တားမြစ်ထားပြီး ဖြစ်ပါလျှက် အစ္စလာမ်နှင့် မွတ်စလင်မ်တို့ မဟုတ်မတရား စွတ်စွဲအသရေဖျက်ခြင်း။
(ဈ) ဘာသာပေါင်းစုံ ချစ်ကြည်ရေးပျက်ပြား၍ တိုင်း၇င်းသား၊ နိုင်ငံသားအချင်းချင်း မုန်းတီးနားကြည်း ရန်မီးပွားကာ ပြည်ထောင်စုကြီး ပြိုပျက်အောင် ရည်ရွယ်ချက်ကျကျ လှုံ့ဆော်ရေးသားလျှက်ရှိခြင်း။
(ည) ဘာသာရေးခုတုန်းလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်သည့် ရေးသားလှုံ့ဆော်မှုများ ပြုလုပ်နေခြင်း။
(ဋ) ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာကိုးကွယ်သူ အားလုံးကို တိရိစ္ဆာန် နှင့် ခိုင်းနှိုင်းပြီး ရှိုင်းပြစွာရေးသားထားခြင်း၊
ဖြစ်ပေသည်။ယခုကဲ့သို့ RNDP ရဲ့ ကမ္ဘာဘာသာကြီးတခုအား ပြောင်လှောင်ရေးသားမှုကို အောက်တွင်ပူးတွဲဖော်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတိပေးရုံ တင် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်း
ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း (သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ
(င) ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရဟူသော စည်းကမ်းများကို အဆိုပါ ဝန်ခံချက်များကို ချိုးဖောက်လျှင် ပါတီကို ဖျက်သိမ်းသည့် အထိ အရေးယူရမည်ဟု ကော်မရှင်ရဲ့ ပေးစာမှာ ဖော်ပြထားပါသည်။ သို့သော် ယခု RNDP မှ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည်ကို သတိပေးရုံတင်ပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍ လူမျိုးပေါင်းစုံ ဘာသာပေါင်း စုံ နှစ်ထောင်နှင့် ချီပြီး အေးချမ်းစွာ နေထိုင်လာသည့် မြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံသား အချင်းချင်း ပဋိပက္ခဖြစ်စေမည့် လုပ်ရပ်များကို ကာကွယ် တားဆီးရန် အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့မှ တိတိကျကျ ဥပေဒေအတိုင်း အမြန်ဆုံးအရေးယူဖို့ တိုက်တွန်းလိုက်ရပေသည်။
အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ကို စော်ကားထားသည့် RNDP ပါတီစာစဉ် တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)
အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ကို စော်ကားထားသည့် RNDP ပါတီစာစဉ် တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.





