နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
M-Media
ဆောင်းပါးရှင်- အလ်ဂျာဇီးရာရဲ့ Asia/Pacific Roving Correspondent Wayne Hay ၏ http://blogs.aljazeera.com/blog/asia/winners-and-losers-myanmar-violence ကို M-Media မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။
ပွင့်လင်းရိုးသားမှုမရှိခြင်း ၊ တရားမျှတမှု့ နှင့် ရှင်းလင်းသေချာသော နိုင်ငံရေး သုံးသပ်ချက်များ မရှိခြင်းတို့ သည် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့် တင်းမာမှု များကို ပိုမိုကြီးထွားတောက်လောင် စေပြီး ၊ မြန်မာနိုင်ငံ တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်စလင်မ်များ ၏ ပြဿနာဖြစ်ပွားမှု့ အကြောင်းအရင်း စုံစမ်း ရှာဖွေခြင်းတွင် များစွာသော လစ်ဟာမှု များကို ဖြစ်စေသည်။
မေလ ကုန်ပိုင်းလောက်တွင် ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးအား မုဒိမ်းကျင့်မှု့ကြောင့် ရိုဟင်ဂျာသုံးယောက် အား ဖမ်းဆီးစီရင် ခဲ့ခြင်းအား ကျွန်ုပ်တို့ သိပြီးဖြစ်သလို တဖန် နောက်ထပ် ငါးရက်အကြာတွင် ရခိုင်ဗုဒ္ဓ ဘာသာများရဲ့ ကလဲ့စားချေမှု့ အနေဖြင့် ရိုဟင်ဂျာလူမျိုး ဆယ်ဦးအားကြမ်းကြုတ်စွာ အမဲဖျက်သကဲ့သို့ သတ်ဖြတ်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ သိပြီးဖြစ်သည်။
(အသတ်ခံရသူ ၁၀ ဦးမှာ ပြည်မ မှ မြန်မာမွတ်စလင်မ်များဖြစ်ပါသည် M-Media)
ထိုလူသတ်မှူများ အတွက် မည်သည့်တစ်စုံတစ်ဦး မှ ဖမ်းဆီးခံရခြင်းမရှိသည့်အပြင် ထိုလူသတ်မှု ၏ နောက်တွင် မြောက်များစွာသော လူတို့သေဆုံးခြင်း၊ ထောင်ပေါင်းများစွာသော နေအိမ်များ နှင့် အခြား အဆောက်အဦးများ မီးရှို့ခံရခြင်းနှင့် လူပေါင်း တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းတို့ဖြင့် အတိပြီးသော အကြမ်းဖက်ဖြစ်ရပ်များ ဆင့်ကဲ ဖြစ်ပွါးခဲ့လေသည်။
အစိုးရ၏ တုန့်ပြန်မှု သည် အားနည်းလှသောကြောင့် နိုင်ငံရေးစနစ်အတွင်းပါဝင်လျှက်ရှိသူများသည် ပဋိပက္ခတွင်ပါဝင်ပတ်သက်မှုရှိသည်ဟု ယုံကြည်သူများ၏ ယုံကြည်မှုကို အားကောင်းစေသည်။
လက်တွေ့ကျကျ စဉ်းစားကြည့်ကြပါစို့။
အကယ်၍သာ နိုင်ငံ့ အာဏာပိုင်များ / အာဏာပိုင်တို့နှင့်ပေါက်ရောက်သူများသည် ပဋိပက္ခအား အမှန်တကယ်ရပ်တန့်စေလိုခဲ့ပါလျှင်၊ အစကနဦးကပင် ရပ်တန့်နိုင်မည်သာ။
ယခင်စစ်အစိုးရ သည် ထင်သာမြင်သာသော ပဋိပက္ခများအား ရက်စက်စွာ နှိမ်နင်းခဲ့သည်မှာ မကြာသေးပေ။ ယခုအစိုးရ တစ်စိတ်တစ်ပိုင်းသည် အရပ်သားအစိုးရ ဖြစ်သော်လည်း တိုင်းပြည်အား လည်ပတ်နေစေသူများတွင် ယခင်လူများထဲမှ အများအပြားပါဝင်လျှက်ရှိသည်။
နိုင်ငံရေး ဝေဝါးမှု
အစိုးရသည် ယခင်က ပြုဖူးသကဲ့သို့၊ ရခိုင်ပြည်နယ် ၏ လမ်းများပေါ်တွင် စစ်သားများဖြင့် ချက်ခြင်း ဖြည့်တင်းနိုင်ပေသည်။ ရခိုင်ဒေသတစ်ဝှမ်းတွင် လုံခြုံရေးတိုးမြှင့်ချထားသည် ဟု ပြောကြားသော်လည်း မျက်မြင်အရဆိုလျှင် စစ်သားဦးရေသည် အလွန့် အလွန်နည်းပါးလှပါသည်။
၎င်းပဋိပက္ခသည် ရိုးရှင်းသော လူမျိုးရေး တင်းမာဆူပူမှု မျှ မဟုတ်ဆိုသည် ကို ရည်ညွှန်းသည့် နိုင်ငံရေးဝေဝါးမှု များရှိနေသည်။
မြန်မာ့အာရုံသစ် စနစ် အတွင်း၌ အာဏာရှင်အမာခံများ ရှိနေသေးသည့် အပြင် ၊ ဒီမိုကရေစီသည် စစ်တပ် ၏ အာဏာ နှင့် လွှမ်းမိုးမှုတို့အား ဖယ်ရှားပစ်သည်ဟု မြင်ကြသော စစ်တပ်သည်လည်း ရှိနေသေးသည် ဆိုသည်ကို လွယ်ကူစွာ မေ့ပျောက်မရနိုင်ပါ။
လက်နက်ကိုင်တပ်များသည်သာလျှင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သူများ ဖြစ်သည်ဟု ၎င်းတို့က စောဒကတက် အငြင်းဝင် ချင်ကြမည်။ ပဋိပက္ခ ကို စတင်ဖန်တီးမှ မဟုတ်၊ ပဋိပက္ခအား ချုပ်ငြိမ်းရပ်တန့်ရန် မပြုခြင်း နှင့် ဖြစ်သင့်သည်ထက် ပိုမိုကြီးထွားအောင် အားပေးအားမြှောက် ပြုခြင်းသည်လည်း စစ်တပ်၏ လုပ်ရပ် အား ထင်ရှားစွာသက်သေပြနိုင်ခြင်းမည်ပါသည်။
ယခင်စစ်တပ်ဗိုလ်ချုပ်များ၊ အာဏာရှင်အမာခံများ ဦးဆောင် ပါဝင်သည့် တိုင်းပြည်၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်လျှက်ရှိသည်။
၎င်း ပြည်ခိုင်ဖြိုး (USDP) ပါတီ၏ အကြီးမားဆုံးပြဿနာမှာ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပင်ဖြစ်သည်။
NLD ပါတီသည် အလွန်လူကြိုက်များသော ပါတီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ၌လည်း NLD ပါတီက အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ် က အာဏာသိမ်းခဲ့သည်။ ၂၀၁၂၊ ဧပြီလ ရွေးကောက်ပွဲတွင်လည်း NLD ပါတီသည် လွှတ်တော်အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့သည်။ အကယ်၍ ၂၀၁၅ အထွေထွေရွေး ကောက် ပွဲသည်လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဆိုပါက၊USDP ပါတီသည်အခက်ကြုံရမည်ဖြစ် သည်။
ယေဘုယျ တွက်ကိန်း
အထက် ရေးသား ဖော်ပြချက်များသည် လက်ရှိဖြစ်ပွါးနေသော ရခိုင်တင်းမာမှုများနှင့် လုံးဝ မပတ် သက်သယောင်ထင်ရသော်လည်း၊အချို့သောသူများသည် ရခိုင်အကြမ်းဖက်မှု အား ကြိုးကိုင် အခွင့်ကောင်းယူ၍ ၎င်းတို့၏ လက်ရှိ ရာထူးအနေအထားများကို မြဲမြံအောင် ပြုလုပ်နေကြရုံမက ယခင်က ရှိခဲ့သော ၎င်းတို့၏ အနေအထားကို ပြန်လည်ရယူလိုကြသည် ဟု မြန်မာနိုင်ငံ၏ လူမှုမီဒီယာ များတွင် ဇွန်လဆန်း ပိုင်း လောက်ကတည်း က ယေဘုယျ ခန့်မှန်းတွက်ကိန်းများ ရှိနေခဲ့သည်။
၎င်းတွက်ကိန်း ၏ သော့ချက်မှာ USDP ပါတီ ၏ အရာရှိဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အောင်သောင်း နှင့် မွတ်စလင် ဆန့်ကျင်ရေး နာမည်ကြီးသော ရဟန်းပျို (ဝီရသူ မန္တလေး) တို့၏ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုပင် ဖြစ်သည်။
ဝီရသူသည် မန္တလေးမြို့တွင် ၂၀၀၁ ၌ဖြစ်ပွါးခဲ့ သော ဗုဒ္ဓဘာသာ နှင့် မွတ်စလင်တို့ ၏ အဓိကရုဏ်းတွင် ပါဝင်ကျူးလွန်မှုကြောင့် ထောင် ဆယ်နှစ်မက ကျခံ ဖူးသူဖြစ်သည်။ ၎င်းသည် အစိုးရသစ်၏ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့် ယခင်နှစ်ကုန်ပိုင်း က ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
USDP ပါတီ အထိနာခဲ့သည့် ဧပြီလ ရွေးကောက်ပွဲ အပြီးတွင် အာဏာရှင်ဟောင်းသန်းရွှေနှင့် အလွန်နီးစပ် သည် ဟု လူသိများသော အောင်သောင်း က ဝီရသူ အားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏ အာဏာရပါတီ ခေါင်းဆောင် တစ်ဦး နှင့် မွတ်စလင်ဆန့်ကျင်ရေးကြောင့် လူသိများသော သာမန် ဘုန်းကြီးရဟန်း တစ်ဦးတို့၏ သမားရိုးကျပုံမှန် မဟုတ်သော တွေ့ဆုံဆွေးနွေးပွဲ ဓာတ်ပုံများပေါ်ထွက် ခဲ့သည်။
၎င်းတို့အဘယ်ကြောင့် တွေ့ဆုံ ခဲ့ပါသနည်း? မည်သည့်ရှင်းလင်းဖြေရှင်းချက်မျှ မရှိခဲ့ပါ။ သို့ရာတွင် ရခိုင် အကြမ်းဖက်မှုစတင်ပြီးနောက်၊ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများ မဟုတ်၊ ၎င်းတို့ အား ဖမ်းဆီးပြီးနောက် အခြားနိုင်ငံသို့ ပို့ဆောင်ရမည် ဟူသော သမ္မတသိန်းစိန် ၏ အဆိုအား ထောက်ခံ ရန် လမ်းများပေါ်သို့ထွက်၍ ချီတက်ကြသည့် ဘုန်းကြီးများ ၏ ရှေ့တန်းတွင် ဝီရသူသည် ဦးစီးဦးဆောင် အဖြစ် ပါဝင်ခဲ့လေသည်။
အနောက်ဖက် (ရခိုင်) ရှိ တိုက်ခိုက်မှုများကြောင့် USDP မည်သည့်အကျိုးအမြတ်ရရှိသနည်း?
မြန်မာနိုင်ငံသည် ရုတ်ချည်းနိုင်ငံရေး အပြောင်းအလဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း မငြိမ်မသက် မှုများက သက်သေဖြစ်သည် ဟု အာဏာရှင်အမာခံ များက ပြောကောင်းပြောနိုင်သည်။
မြန်မာနိုင်ငံသည် တက်ကြွစွာလှုပ်ရှားရာ၌ အတွေ့အကြုံများစွာရှိပြီး၊ နိုင်ငံရေးသမား အတွေ့အကြုံနည်း သော သူမျိုးကို အလိုမရှိဘဲ၊ တိုင်းပြည်အုပ်ချုပ်ရာ၌ အတွေ့အကြုံရင့်ကျက်သော တည်ငြိမ်လက်ပိုင်ရှင် များကိုသာ အလိုရှိသည်ဟုထိုသူများ ကပြောကောင်းပြောကြပေလိမ့်မည်။
အကျပ်အတည်းများကြားက စုကြည်
တိုက်ခိုက်မှု ပဋိပက္ခများသည် အောင်ဆန်းစုကြည် အား အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိ စေသည်။ သူမသည် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တရားမျှတမှု အတွက် ကြာရှည်စွာ တိုက်ပွဲ ဝင်လာသူဖြစ်သည်။ ယခုမူ သူမသည် လွှတ်တော် အမတ် တစ်ဦးအဖြစ် စနစ်အတွင်းအလုပ်လုပ်နေရသူ ဖြစ်နေပြီး၊ သူမ၏ နိုင်ငံမှ ရာထောင်ချီသော ပြည်သူ အပေါင်းတို့သည် သူမ၏ နိုင်ငံ ၌ပင် တစ်နေ့တစ်ခြား ခွဲခြားဆက်ဆံခံနေရချိန်တွင် သူမ အနေဖြင့် ဆောင်ရွက်စဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရန် ကမ္ဘာ က သူမအား မျှော်လင့်လျှက်ရှိပေသည်။
သူမ၏ တုန့်ပြန်မှုများမှာ မည်သို့မျှ အရာမထင်ပေ။ သူမသည် မည်သည့်ဘက်ကိုမျှ ဘက်လိုက် ထောက်ခံမည်မဟုတ်၊ မည်သူကောင်း၏၊ မည်သူဆိုး၏ ဆိုသည်ကို ဆုံးဖြတ်သည့် "လူ့စရိုက်အား ဦးဆောင်မှု" မျိုးကိုလည်း သူမကျင့်သုံးမည် မဟုတ်ဟူသောအားနည်း ပျော့ညံ့သည့် ပြောကြားချက်အချို့ ကိုသာ ထုတ်ပြနိုင်ခဲ့သည်။
အပြောင်းအလဲကို မလိုလား ကြ သော USDP ပါတီ နှင့် စစ်တပ် လက်ဟောင်းကြီးများသည် NLD ခေါင်း ဆောင်အနေဖြင့် လက်ရှိအခြေအနေ အားမည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ကို ပျော်ရွှင် စွာကြည့်နေကြ ပေလိမ့်မည်။
ရိုဟင်ဂျာ များ အားထောက်ခံ၍ ပြောကြားရန် နိုင်ငံခြားအစိုးရများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ၏ ဖိအားပေးမှု များ အောက်တွင် သူမရောက်ရှိမည်ဆိုသည်ကို ၎င်းတို့သိရှိကြပြီး၊ အကယ်၍ သူမသည် ရခိုင် ဗုဒ္ဓဘာသာဝင်များအား ဆန့်ကျင်ပြောကြားပါ က ပြည်တွင်ထောက်ခံမှုများကိုဆုံးရှုံး ရမည့် အန္တရာယ် ရှိ ကြောင်းကို လည်း သူမက သိရှိနေပေသည်။
ပြည်တွင်းထောက်ခံမှု ဆုံးရှုံးခြင်းသည် ထောက်ခံမဲဆုံးရှုံးခြင်းပင်။ ဒီမိုကရေစီ အရေးလှုပ်ရှားသူ တစ်ဦး ၏ ဘဝထက်စာလျှင်၊ စစ်အာဏာရှင် နိုင်ငံအဖြစ်မှ ပြောင်းလဲခဲ့သော ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် နိုင်ငံ ရှိ နိုင်ငံရေး သမားတစ်ဦး ၏ ဘဝ သည် မည်သို့မည်နှယ် ရှိသည်ကို သူမ စတင် သိရှိခံစားနေရပေ လိမ့်မည် ဖြစ်နိုင်၏။
ရခိုင်အရေးအခင်းနောက်ကွယ် အမှန်တရား အား ကျွန်ုပ်တို့ မည်သည့်အခါမျှ မသိရှိနိုင်မည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် တိုင်းပြည် ၏ ထိုအစိတ်အပိုင်း ရှိ မွတ်စလင် နှင့် ဗုဒ္ဓဘာသာဝင်များသည် ဆုံးရှုံး သူများ သာဖြစ်ကြသည်ကို ကျွန်ုပ်တို့သိရှိကြပေသည်။ အဆိုပါ အရေးအခင်းများသည် ဒီမိုကရေစီမြန်မာ နိုင်ငံ ၏ နေ့သစ်ဦးများ၌ ဖြစ်ပေါ်ခဲ့သည် ကို လည်းကောင်း၊ အပြောင်းအလဲကိုမလိုလားသော အင်အားစု များသည် တိုင်းပြည်၏ အနာဂတ် အားဆုံးဖြတ်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ယနေ့တိုင်ပါဝင် လျှက်ရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်း က လေ့လာလျှက်ရှိနေမည် ဖြစ်ပေတော့သည်။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.

