သစ်ထူးလွင်

သစ်ထူးလွင်


မပခ တိုင်းမှုး၏ ရာဇသံ KIO က လက်မခံ

Posted: 25 Dec 2012 07:06 AM PST

 မြန်မာ့ တပ်မတော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင် လွတ်လပ်ရေးတပ် KIA များအား ရှင်းလင်း ဆုတ်ခွါပေးရန် "သတိပေး"ချက်အား KIA ဘက်မှ "ကန့်ကွက်ပါကြောင်း" အင်္ဂါနေ့က ပြန်လည် တုန့်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၂၃ ရက် နေ့စွဲဖြင့် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နိုင်ငံတော်ပိုင် ငွေကြေးအား အလွဲသုံးစားလုပ်သည့် တပ်ရင်းမှူးအား အရေးယူပါရန် တိုင်ကြားခြင်း

Posted: 25 Dec 2012 06:59 AM PST

အမှတ်(၇) လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေး တပ်ရင်းမှူး ကြည်း ၂၇၅၈၈ ဒုတိယဗိုလ်မှူးကြီး သိန်းစိုးအောင် ၏ အကျင့်ပျက် လာဘ်စားမှုများနှင့် တပ်တွင်း အကျင့်ပျက် လာဘ်စားမှုများ နိုင်ငံတော်ပိုင် ငွေကြေးအား အလွဲသုံးစား လုပ်မှုများကို အမှတ်(၇) လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေး တပ်ရင်းမှ ကြည်း (၄၈၀၁၅) ဗိုလ်ကြီး ဟိန်းဆက်အောင် မှ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများကို တိုင်ကြားထားပါသည်။

တိုင်ကြားစာ အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Air Baganလေယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာရရှိသူများ (ဓါတ်ပုံ)

Posted: 25 Dec 2012 06:08 AM PST

Air Baganလေယာဉ် မတော် တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာ ရရှိသူများကို ရန်ကုန်ဆေးရုံကြီး သို. ပို.ဆောင်ပေးရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြား ထားကြောင်း ၀ိတိုရိယဆေးရှုံ Chief Operation Officer ဦးလောရင့်(U Lawrence) ကThe Voice Weekly သို့ပြောကြားသည်။

ဒဏ်ရာရရှိသူများအနက် ဗမာလူမျိုး ဗြိတိသျှ နိုင်ငံသားမှာ ခါးရိုး အနည်းငယ် ပဲ့သွားသော်လည်း ဆေးရုံ တက်ရောက် ကုသစရာ မလိုအပ်ကြောင်းနှင့် ဗမာလူမျိုး အမေရီကန် နိုင်ငံသူမှာ ခါးရိုးအနည်းငယ် ထိသွားသည့် အတွက် CT Scream ရိုက်ထားရကြောင်း သို့သော် ကြီးမားသည့် ဒဏ်ရာ မဟုတ်ဟု၎င်း၏ ပြောကြားချက် အရ သိရသည်။

ဝိတိုရိယဆေးရုံသို့ ဒဏ်ရာရလူနာ၂၄ဦး ရောက်ရှိလာသူများအနက် အဆိုပါအမျိုးသမီးမှာ ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သတင်း - ဓါတ်ပုံ ။  ။ The Voice Weekly





Air Bagan လေယာဉ် ကွင်းမှားဆင်း အမြီးပိုင်းကျိုးကာ မီးလောင်

Posted: 25 Dec 2012 05:09 AM PST

"အရေးပေါ် ထွက်ပေါက်တွေပါ မီးလောင်နေလို့ အခက်တွေ့နေတုန်း လေယာဉ် ရပ်သွားတော့ နိုင်ငံခြားသားနှစ်ဦး က လေယာဉ် ထွက်ပေါက်ကနေ ခုန်ဆင်းတာ တွေ့တယ်။ တစ်ခြား ခရီးသည် တွေလည်း လိုက်ခုန်ဆင်းတာ တွေ့တယ် " အဆိုပါ လေယာဉ် နှင့်လိုက် ပါ ခဲ့သူ ခရီးသည် တစ်ဦးက ဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပျက်ကျခဲ့တဲ့ အဲပုဂံလေယာဉ်က ခရီးသည် တွေ ရန်ကုန် ရောက်ရှိ (ရုပ်/သံ)

Posted: 25 Dec 2012 05:08 AM PST

ဒီကနေ.မနက်က ဟဲဟိုးလေဆိပ် အဆင်းမှာ ပျက်ကျခဲ့တဲ့ အဲပုဂံလေယာဉ်က ခရီးသည် ၂၄ ယောက်
ဟာ ညနေ ၃ နာရီ ၄၀ မှာ အဲပုဂံရဲ့ လိုင်းခွဲ တစ်ခုဖြစ်တဲ့ Asia Wing လေကြောင်းနဲ့ ရန်ကုန်လေဆိပ် ကိုပြန်လည် ရောက်ရှိ လာပါတယ်။ ဒေါ်ညိုမာသက် သတင်းပေးပို. ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





အဲပုဂံလေယာဉ် ပျက်ကျမှု အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်မယ် (အသံဖိုင်)

Posted: 25 Dec 2012 04:47 AM PST

ဟဲဟိုးလေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမှာ ဖြစ်ကြောင်း အဲပုဂံရဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲမင်းဦးက ပြောကြား။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ



Air Bagan (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု မြင်ကွင်း (ရုပ်/သံ)

Posted: 25 Dec 2012 03:56 AM PST

Air Bagan (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု မြင်ကွင်း (ရုပ်/သံ)
ရိုက်ကူးပေးပို့ - ကိုဖိုးသား (icj)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




မြန်မာနိုင်ငံ ခရီးသွား ဧည့်လမ်းညွှန်များအသင်းရဲ့ အဆိုအရ အခုမနက် ဟဲဟိုးလေဆိပ် အဲပုဂံ W9-011 လေယာဉ် ပျက်ကျမှုမှာ ဧည့်လမ်းညွှန် မနွယ်လင်းရှိန် ပျောက်ဆုံးနေကြောင်း၊ တခြား ဧည့်လမ်းညွှန်တွေ ဖြစ်တဲ့ တိုးတိုးခင်( Journeys Travel)၊ ခင်အေးလှိုင် (Indochina Services)၊ စိုးမိုးသူ (Exotissimo Travel)တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း လတ်တလော သတင်းများအရ သိရပါတယ်။
Photo: U Ye Htut


ဟဲဟိုးလေယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရရှိသူများ ဝိတိုရိယဆေးရုံသို့ ရောက်ရှိ

Posted: 25 Dec 2012 04:03 AM PST

ဟဲဟိုး လေယာဉ် မတော်တဆ ပျက်ကျမှုတွင် ဒဏ်ရာ ရရှိသူများထဲမှ ၂၆ ဦး သည် ယခုအခါ ရန်ကုန်မြို့ ရှိ ဝိတိုရိယ ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း သိရသည်။ "ဒဏ်ရာရတဲ့ လူနာ ၂၆ယောက်ကို အခု ဆေးစစ် ပေးနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လေယဉ်ပျက်ကျ ကလေးငယ် ၁ဦးနှင့် ဆိုင်ကယ်ကယ်ရီသမား ၂ဦးသေဆုံး

Posted: 25 Dec 2012 04:12 AM PST

မတိုးတိုးခင်၊ မခင်အေးလိုင်နှင့် ကိုမြင့်ထွေးတို့မှာ စပ်စံထွန်း ဆေးရုံ ခွဲစိတ်ဆောင်တွင် ရောက်ရှိပြီး ကိုစိုးမိုးသူမှာ အရိုးကုသ ဆောင်တွင် ရောက်ရှိ ကုသနေကြောင်း ကိုမြင့်ထွေး၏ အခြေအနေမှာ ကောင်းမွန် သော်လည်း ကျန်သုံးဦးမှာ မသိရ သေးကြောင်း----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - ထူးအိမ်သွင်(ဟဲဟိုး)

အဲပုဂံလေယာဉ်ပေါ်တွင် သေဆုံးသူမှာ ဒေါ်နွယ်လင်းရှိ(၃၄) ဖြစ် ကြောင်း အတည်ပြု

Posted: 25 Dec 2012 04:21 AM PST

လေယာဉ်ပေါ်၌ သေဆုံးနေသော အလောင်းအား ၁၅၀၅ အချိန်တွင် စ၀်စံထွန်းဆေးရုံ၌ ရင်ခွဲ စိစစ်ခဲ့ရာ သေဆုံးသူမှာ ရပ်စောက်မြို့နေ ဒေါ်နွယ်လင်းရှိန်(၃၄)နှစ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







ပျက်စီးသွားသော အဲပုဂံလေယာဉ်၏ အပိုင်းအစ ဓါတ်ပုံများ

Posted: 24 Dec 2012 11:14 PM PST

Photo & News: ထူးအိမ်သွင်(ဟဲဟိုး)
လေယာဉ်ပျက်ကျရာလမ်းမှသစ်ပင်များ ဓါတ်ကြိKးများပြတ်ကျ... လမ်းပေါ်မှဆိုင်ကယ်စီးနင်းလာသူနစ်ဦးအနက်မှတစ်ဦးမှာ ဓါတ်ကြိုးနင့်တိုက်မိ မီးလောင်သေဆုံး...

ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည်များထဲမှ သိရှိရသော အမည်စာရင်းကို Air Bagan က အောက်ပါအတိုင်း ထုတ်ပြန်လိုက်ပါသည်။

(7 passengers in Hospital)

LOKOS/ ALLAN MR
USA Male

WEISS/SUSANNA CHOJNIC
USA Female

KO SOE MOE THU
MYANMAR Male

EVELYNE/MOR MS
UK Female

MA TOE TOE KHIN
MYANMAR Female

MA KHIN AYE HLAING
MYANMAR Female

LU/HANCAUN MR
KOREAN Male

(2 Pilots in Hosptial)

Capt. Maung Maung Htwe
F/O Nay Lin Htun

ပျက်စီးသွားသော အဲပုဂံလေယာဉ်၏ အပိုင်းအစ ဓါတ်ပုံများ
ဓါတ်ပုံ။ ။ ထူးအိမ်သွင်(ဟဲဟိုး)













အဲပုဂံလေယာဉ် လယ်ကွင်း အတွင်းသို့ မှားယွင်း ဆင်းသက်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန သတင်း ထုတ်ပြန်

Posted: 24 Dec 2012 10:33 PM PST

မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းလာသော အဲပုဂံ လေကြောင်း ခရီးစဉ်အမှတ် W9-011၊ လေယာဉ်အမှတ် XY-AGC၊ လေယာဉ် အမျိုးအစား F-100 သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မြူနှင်းများ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်း ဆင်းသက်ခဲ့----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အဲယားပုဂံ လေယာဉ်တစ်စီး ကွင်းမှားဆင်းသက် ဟု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

Posted: 24 Dec 2012 10:14 PM PST

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

၂၅-၁၂-၂၀၁၂ ရက်နေ့ ၀၈၅၀ အချိန် အဲယားပုဂံလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်အတိုင်း ပျံသန်းသည့် F-100 အမျိုးအစား လေယာဉ်အမှတ် XY-AGC ခရီးစဉ်အမှတ် 011 သည် မန္တလေးမှ ဟဲဟိုးလေယာဉ်ကွင်းသို့ဆင်းသက်ရာ နှင်းများထူထပ်စွာကျရောက်နေခြင်းကြောင့် ဆင်းသက်စဉ် ဟဲဟိုး-အောင်ပန်း ကားလမ်းအနီး သစ်ပင်များနှင့်ဝင်တိုက်မိပြီး အနီးရှိ စိုက်ပျိုးရေးဌာန၊ စိုက်ကွင်းထဲသို့ လျှောဆင်းခဲ့ရသည်။

လေယာဉ်မှာ မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦးပါရှိပြီး (၁၁)ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိခါ ကျန်(၅၉)ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာရှိပြီး လေယာဉ်ပေါ်တွင် ကလေး(၁)ဦးအလောင်းတွေ့ရှိရကြောင်း (ရဲဇာနည်-facebook) အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါသည်။  


လေယာဉ် ပျက်ကျမှု ၁ ဦး သေဆုံးပြီ ၁၁ ဦး ဒဏ်ရာရကြောင်း Air Bagan သတင်း ထုတ်ပြန်

Posted: 24 Dec 2012 09:46 PM PST

ခရီးသည် ၆၅ ဦးအနက်မှ ၅၅ ဦးသည် ဟဲဟိုး လေယာဉ်ကွင်းတွင် ဘေးကင်းစွာ ရှိနေကြောင်း သိရှိရပါတယ်။ ခရီးသည် ၉ ဦးကို တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးသို့  ပို့ဆောင်ထားပါတယ်။

လေယာဉ်မှူးများ အပါအဝင် လေယာဉ်ဝန်ထမ်း ၇ ဦးအနက်မှ ပိုင်းလော့ ၂ ဦးမှာ ထိခိုက် ဒဏ်ရာရသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

ယင်းအတွက် ဆေးရုံသို့ ပို့သူ စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ခရီးသည် ၁ ဦး ပျောက်ဆုံး နေကြောင်း သိရပြီး၊ ၄င်းခရီးသည်မှာ လေယာဉ်ထဲတွင် ကျန်ရစ် သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ ခရီးသည် အမည်ကို ရရှိနိုင်ရန် ကြိုးစားနေပါတယ်။

ကွယ်လွန်သူနှင့် ထိခိုက် ဒဏ်ရာ ရသူများ အတွက် အဲပုဂံမှ အထူးပင် ဝမ်းနည်း ကြေကွဲ ရပါကြောင်း Air Bagan မှ သတင်း ထုတ်ပြန် ထားပါတယ်။

လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်း နေသူတစ်ဦးမှာ လေယာဉ်နှင့် တိုက်မိပြီး ကွယ်လွန်သွားခဲ့တဲ့ သတင်း ကိုတော့ Air Bagan ရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ ရပါ။


လူမှောင်ခိုဂိုဏ်းတွေ တရုတ်ဖြိုခွင်း

Posted: 24 Dec 2012 09:35 PM PST

တရုတ်နိုင်ငံမှာ ရောင်းစားခံရမယ့် ကလေးသူငယ် ၈၉ဦးကို ကယ်တင် နိုင်ခဲ့တယ်လို့ အာဏာပိုင် တွေက ပြောကြား လိုက်ပါတယ်။ လူမှောင်ခို ဂိုဏ်း လို့ ခေါ်တဲ့ အဖွဲ့အစည်း အတော် များများကို နှိမ်နင်း နိုင်ခဲ့ပြီး လူပေါင်း ၃၅၅ ယောက်ကိုလည်း ဖမ်းဆီး လိုက်ပါတယ်။
ဂွမ်ဒေါင်းနဲ့ ဆီချွမ်နယ် ဒေသ အပါအဝင် တော်တော် များများမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Air Bagan လေယာဉ် ပျက်ကျမှု ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ဆဲ

Posted: 24 Dec 2012 09:12 PM PST

လေယာဉ်ကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းအနီးမှာဖြစ်တာပါ။ လောပိတ ဓါတ်အားလိုင်းကိုဝင်တိုက်တယ်။ ပြီးတော့ အောက်က သစ်ပင်တွေ လျှပ်စစ်ကြိုးတွေကို ထပ်တိုက်တယ်။ ကားလမ်းပေါ်က ဖြတ်သွားပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကိုပါ ထပ်တိုက်တာ တစ်ဦးသေသွားတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အဲပုဂံလေယာဉ် လေယာဉ် ပျက်ကျ မီးလောင်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၁ ဦး ဆေးရုံတင်ထားကြောင်း သိရ

Posted: 24 Dec 2012 08:56 PM PST

W9-011 လေယာဉ် မီးလောင်မှုကြောင့် လူ ၁၁ ဦးကို တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ထားရပြီး၊ ပျောက်ဆုံးနေသော ခရီးသည်တစ်ဦးမှာ လေယာဉ်ထဲတွင် ကွယ်လွန်ခဲ့ကြောင်း၊ လေယာဉ်ကွင်း မရောက်မီတွင် ၀မ်းဗိုက်ဖြင့်ရှပ်၍ လေယာဉ်ကို ဆင်းသက် လိုက်ရခြင်းကြောင့် လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်း နေသူတစ်ဦးမှာ လေယာဉ်နှင့်တိုက်မိပြီး ကွယ်လွန်သွားခဲ့ကြောင်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က Popular News သို့ ဖုန်းဖြင့်ပြောကြားသည်။

"အဲဒီလေယာဉ်ပေါ်မှာ ကမ္ဘာလှည့်ခရီးသွား ၄၇ ဦးပါတယ်။ သူတို့ရဲ့ ခရီးသွားကုမ္ပဏီတွေနဲ့ အခု အမြန်ဆုံးဆက်သွယ် စီစဉ်နေပါတယ်။ လေယာဉ်ထဲမှာ ကွယ်လွန်သွားတဲ့သူ ဘယ်သူဆိုတာကိုတော့ သေချာအောင်စုံစမ်းနေဆဲပါပဲ"ဟု ဦး စ၀်အောင်မြတ်ကပြောပါသည်။

စိုင်းနောင် - Popular Myanmar News Journal


အဲပုဂံလေယာဉ် ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျ

Posted: 24 Dec 2012 08:35 PM PST

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရန်ကုန်လေဆိပ်မှ ဟဲဟိုးသို့ ယနေ့ နံနက် ၆ နာရီ ၅၀ အချိန်က ထွက်ခွာခဲ့သော Air Bagan လေကြောင်းလိုင်းမှ W9-011 လေယာဉ်သည် ၇ နာရီ ၃၀ အချိန်ခန့်တွင်၊ ဟဲဟိုး လေဆိပ် အဆင်း၌ ပဲ့ထိန်းပိုင်း မီးလောင်ကာ ပျက်စီးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ လေယာဉ်တွင် ခရီးသည် ၆၅ ဦးပါဝင်ပြီး၊ လက်ရှိအချိန်တွင် ခရီးသည် တစ်ဦးပျောက်ဆုံးနေပြီး၊ လေယာဉ်မှူးမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဟဲဟိုးဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ Air Bagan လေကြောင်းလိုင်းမှလည်း "ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း သိရှိရပါသည်။
အဲပုဂံ Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက် ၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားပါမည်။"ဟု ထုတ်ပြန်ကြေညာထားသည်။

Popular Myanmar News Journal


-----------------------------------------------------------------------------

ရန်ကုန်မှ ရှမ်းပြည်နယ်သို့ ထွက်ခွာသွားသည့် အဲပုဂံလေယာဉ်မှာ ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျသွားကြောင်း ယင်းလေယာဉ်တွင် ပြည်တွင်းပြည်ပ ခရီးသည် ၇၀ခန့်ပါသွားကြောင်း အဆိုပါလေဆိပ်မှ စုံစမ်းသိရှိရသည်။ အသေးစိတ် ဆက်လက်ဖော်ပြပါမည်။

ခရီးသည်များနှင့် လေယာဉ် ၀န်ထမ်းများ အသေအပျောက်မရှိကြောင်း အဲပုဂံက သတင်းထုတ်ပြန်သည်။

The Voice Weekly

----------------------------------------------------------------------------

အဲပုဂံလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုးလေယာဉ်တစ်စီး ယနေ့နံနက်ပိုင်းတွင် ဟဲဟိုးလေဆိပ်သို့အဆင်း
လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူး ၂ ဦးနှင့် ခရီးသည်အချို့ဒဏ်ရာရရှိခဲ့သော်လည်း လူသေဆုံးမှုမရှိကြောင်း ထူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဲပုဂံ၏ W9-011 ဖော်ကာလေယာဉ်မှာ ဟဲဟိုးလေဆိပ်အဆင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှူးနှစ်ဦး ၂ ဦး ဒဏ်ရာရရှိခဲ့သလို၊ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သော်လည်း ကနဦးရရှိသောသတင်းများအရ လူသေဆုံးမှုလုံးဝမရှိကြောင်း အထက်ပါတာဝန်ရှိသူက ပြောကြားသည်။ သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။

7Day News Journal

--------------------------------------------------------------------------------------

ယနေ့မနက် (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂-မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရကြောင်း သတင်းရရှိပါသည်။ ခရီးသည် 65 ယောက်ပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း သိရှိရပါသည်။
အဲပုဂံ Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက် ၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားပါမည်။


https://www.facebook.com/AirBagan?ref=stream




ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၀

Posted: 24 Dec 2012 08:04 PM PST

ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



တော်ဝင်သစ်စက် လုပ်သမားများကြား ရိုက်နှက် အကြမ်းဖက်မှုတစ်ခုဖြစ်ပွား

Posted: 24 Dec 2012 02:06 PM PST

ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လည် ၁၂ နာရီခန့်တွင် တော်ဝင်သစ်စက် ဆန္ဒပြအလုပ်သမားများအား ၀ါးရင်းတုတ် များ၊ သံတုတ်များနှင့် ရိုက်နှက် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အင်းစိန်ဆေးရုံသို့ အလုပ်သမား ၅ ဦးအရေးပေါ် တက်ရောက် ကုသနေရကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






ရခိုင် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင် သတင်းထုတ် ပြန်ချက် အမှတ်(၃)

Posted: 24 Dec 2012 01:22 PM PST

ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် ဖွဲ့စည်း ပေးထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ ယနေ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ တွင် သတင်းထုတ် ပြန်ချက် အမှတ် (၃)ကို ထုတ်ပြန် ကြေငြာခဲ့ပါသည်။

ယင်းသတင်း ထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





သားအမိ (၂)ဦးအားသတ်ပြီး ထွက်‌ပြေးသွားသော တရားခံအား ဖမ်းဆီးရမိ

Posted: 24 Dec 2012 12:51 PM PST

၂၂.၁၂.၂၀၁၂  ရက်နေ့  ညပိုင်းက  အင်းစိန် နံ့ သာကုန်းရပ်ကွက်တွင်  ကွမ်းယာရောင်းသည့်‌ ဒေါ်မာမာအေး။ (၅၂)နှစ်နှင့်‌ သမီး မဆွေဆွေဝင်း။ (၃၁)နှစ်တို့အား  သတ်ခဲ့ပြီးထွက်ပြေးသွားသည့်‌ တရားခံ  ကိုနန်း(ခ)နန်းလင်းဦး  အား  မြောက်ပိုင်းခရိုင်အထူး အဖွဲ့ မှ  သတင်းစုံစမ်း၍  လိုက်လံဖမ်းဆီးရာ  တရားခံအား  မကွေးတိုင်း၊ ပွင့်‌ဖြူမြို့ နယ်၊ ရွှေဘိုရွာသစ်ရွာတွင် ၂၄.၁၂.၂၀၁၂ ရက်နေ့ တွင် ဖမ်းဆီးရမိသဖြင့်‌  ရန်ကုန်မြို့ သို့  ခေါ်ဆောင်ခဲ့ကြောင်း  Myanmar  News  Now မှ  သတင်းရရှိပါသည်။


တော်ဝင် သစ်စက်ရုံမှာ အလုပ်သမားတွေ ရိုက်နှက်ခံရ

Posted: 24 Dec 2012 12:40 PM PST

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာ စက်မှု ဇုံမှာ ရှိတဲ့ တော်ဝင် မိသားစု ကုမ္ပဏီပိုင် သစ်အချော စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ် သမား တွေ ပြဿနာ ဖြစ်ပွား ရာက၊ အလုပ် သမားတွေ ရိုက်နှက် ခံခဲ့ရကာ ဒဏ်ရာ ရရှိ သွားကြတဲ့ အတွက် အလုပ် သမား(၁၀)ဦးကို အင်းစိန် ဆေးရုံကို ပို့လိုက်ရ ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်တွင်းသာ မက ပြည်ပ မှာလည်း မြန်မာ အလုပ် သမားတွေ အခက် အခဲ ကြီးမား

မြေဆွဲအားဖြင့် မီး အလင်းပေး နိုင်တော့မည်

Posted: 24 Dec 2012 10:49 AM PST

ကမ္ဘာ့ မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီ တစ်ခုက တီထွင် လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာ တစ်ဝန်း လျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီး မထွန်း နိုင်သော လူသား သန်း ထောင့်ငါးရာ ကျော်ကို အလင်းပေး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကမ္ဘာ့ မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံး

လိုင်ဇာအနီးသို့ အစိုးရတပ် လက်နက်ကြီးများ ပစ်ခတ်နေ

Posted: 24 Dec 2012 10:37 AM PST

ကချင် လွတ်လပ်ရေးတပ် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် ၈ မိုင်ခန့် အကွာရှိ KIA တပ်စခန်း များအား အစိုးရ တပ်များက တနင်္လာနေ့ ခရစ္စမတ် အကြို ညဦးပိုင်း ၇ နာရီကျော်မှ စတင်၍ လက်နက်ကြီး များဖြင့် ပစ်ခတ်လျက် ရှိကြောင်း သိရသည်။ မိနစ် ၂၀ ခန့် အတွင်း လက်နက်ကြီး ၈ လုံး ကျလာကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ