သျှမ်းသံတော်ဆင့် |
- မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည်
- သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်
- RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်လွှဲအပ်
- ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာဟန်လေး ဦးဆောင်ပြင်ဆင်
- နမ့်ခမ်းမြို့ ၌ သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ
| မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည် Posted: 11 Dec 2012 07:03 PM PST သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ လွိုင်တိန်းခမ်းတောင်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပမည့် သျှမ်းနှစ်သစ်ကူးပွဲတော် အခါသမယ၌ သျှမ်းစာပေနှင့် လူမှုရေးအကျိုး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ သူများအား ပေးအပ်လေ့ရှိသည့် "စဝ်ဆေခန်ဖှဆု" ချီးမြှင့်မည့် အစီအစဉ် ပါဝင်ကြောင်း သိရသည်။ သျှမ်းစာပေပျံ့နှံ့ရေးစွမ်းစွမ်းတမံဆောင်ရွက်နေသော သျှမ်းစာပေသင်တန်းမှူး စိုင်းဖှယခုနှစ်တွင် သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသအနှံ့ စာပေ လိုက်လံသင်ကြားပို့ချပေးနေသည့် သျှမ်းစာပေသင်တန်းမှူး စိုင်းဖှအား အဆိုပါ ဆုချီးမြှင့်မည် ဖြစ်ကြောင်း မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး စိုင်းကျောက်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "ဆေခန်ဖှဆု ဆိုတာ လူမှုရေးနဲ့ စာပေအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေကို ပေးတဲ့ဆုပေါ့နော်။ ဒီနှစ် ဆုချီးမြှင့်ခံရတဲ့ စိုင်းဖှကျတော့ စာပေပိုင်းမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပေါ့။ နယ်လှည့်ပြီး သျှမ်းစာပေတွေကို သင်ကြားပေးတယ်။ တစ်နှစ်လုံးနေလို့ အိမ်မှာ တစ်လတောင် မနေရဘူးပေါ့နော် ဒါကြောင့်သူ့ကို ဆုချီးမြှင့်တာပါ " ဟု သူက ပြောသည် ။ အဆိုပါဆုကို မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစီးချီးမြှင့်ခြင်းဖြစ်ပြီး စိုင်းဖှမှာ ပဉ္စမမြောက်ဆုလက်ခံရရှိသူ ဖြစ် ကြောင်း သိရသည် ။ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ"ဒီဆုက နှစ်စဉ် တစ်နှစ်တစ်ကြိမ်ပေးတာတော့ မဟုတ်ဘူး။ ဒီရှေ့မှာ လူမှုရေး ဆောင်ရွက်သူ ၄ ဦးကို ပေးပြီးပြီ။ ဒါက ၅ ကြိမ်မြောက်ပေါ့။ စိုင်းဖှက နမ္မတူမြို့နယ် ဇာတိ ၊ လက်ရှိ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ နေထိုင်တယ် " ဟု သူက ဆက် ပြောသည် ။ လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် သျှမ်းမျိုးနွယ်စုဝင်များ၏ ၂၁၀၇ ခုနှစ်ပြည့် နှစ်သစ်ကူးပွဲတော်ကို မူစယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် သျှမ်းမျိုးနွယ်ဝင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။ |
| သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည် Posted: 11 Dec 2012 07:02 PM PST ထာဝရ ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများလုံးပါဝင် မည့် ညီလာခံတရပ်အား လာမည့်သင်္ကြန်ကာလမတိုင်မှီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။ ဦးစိုင်းလင်းနှင့် ခွန်ထွန်းဦး (ဓါတ်ပုံ-SNLD)"နဂိုရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ်အနေနဲ့သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ဖိတ်ခေါ်ပြီးယုံကြည်မှုတည်ဆောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်တို့ မိုင်းလားကိုသွားတယ်။ နောက်တခါ သျှမ်းပြည်တိုင်းရင်းသားအားလုံးပါဝင်မယ့်ညီလာခံတရပ်လုပ်ခဲ့ရင် ပါဝင်ဖို့ မိုင်းလားအဖွဲ့က လှိုက်လှိုက် လဲလဲရှိတယ်" ဟု စိုင်းလိတ်ကပြောသည်။ ၂၀၁၃ ခုနှစ် သင်္ကြန်ကာလာမတိုင်မှီ သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပါဝင်သည့်ညီလာခံတရပ်ကျင်းပရန် မိုင်းလားတပ်ဖွဲ့အား ပထမဦးဆုံးသွားရောက်ဆွေးနွေးကြောင်း၊ နောက်ပိုင်း ၀တပ်ဖွဲ့၊ ပအိုဝ်း၊ ပလောင်၊ လားဟူ စသည့်တပ်ဖွဲ့များနှင့်လည်းတွေ့ဆုံဆွေးနွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် အောက်ခြေအရာရှိများနှင့်ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း၊ ညီလာခံကြီးတွင် ခေါင်းဆောင် သို့မဟုတ် ဒုခေါင်းဆောင် Summit အဆင့်လုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။ " ကျနော်တို့ ဒုတိယညီလာခံကိုတော့ သင်္ကြန်မတိုင်ခင်လေးမှာလုပ်ချင်တယ်။ လုပ်နိုင်အောင် ကြိုးစားနေပါ တယ်။ အခု မိုင်းလားဆီကိုဘဲလာရ သေးတယ်။ ကျန်တာအများကြီးရှိသေးတယ်။ သျှမ်း ပြည် အခြေစိုက်အဖွဲ့ အစည်းတွေလဲအများကြီးရှိ သေးတယ်။ ဒီအတွက်အချိန် ၄- ၅ လ ယူရဦးမယ်။ နှစ်သစ်ကူးပွဲပြီးရင်တော့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေကို ထပ်တွေ့ဖို့ရှိတယ်" - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။ ထို့အတူ ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားကြား၊ တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှုတည်ဆောက် ရာတွင် တပ်မတော် နှင့် ပြည်သူနှစ်ဘက်စလုံးကပါ ထဲထဲဝင်ဝင်လေ့လာဖို့လိုကြောင်း၊ ထို့ကြောင့်လာမည့် ညီလာခံတွင် စစ် တိုင်း ၄ ခုက စစ်တိုင်းမှူးများ၊ လူထုကိုယ်စားလှယ်များလည်း တက်ရောက်စေလိုကြောင်း စိုင်းလိတ် ကပြောပါသည်။ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ ခွန်ထွန်းဦး၏ မိုင်းလားခရီးစဉ်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နာယ က ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စိုင်းကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။ ဝ ခေါင်း ဆောင် နှင့် ခွန်ထွန်းဦးတို့ မကြာမှီတွေ့ဆုံနိုင်ရန်အတွက် ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း သို့ နိဒါန်းအဖြစ် သွားရောက်ဆွေးနွေးနေသည်ဟုလည်း ကြားသိရပါသည်။ |
| RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်လွှဲအပ် Posted: 11 Dec 2012 07:01 PM PST သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို ယခု အပတ်တနင်္ဂနွေနေ့က တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။ ဦးစိုင်းလူ၏ထောက်ခံစာနှင့်ဖမ်းမိပစ္စည်းများ (ဓါတ်ပုံ- မောက်ကောန်ထုန့်မောဝ်)တရုတ်နိုင်ငံသို့ ယာဘနှင့်မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်သော တန့်ယန်း မိုင်းကောင် ပြည်သူ့စစ်အဖွဲ့ဝင်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ နမ့်ခမ်းမြို့ တရုတ်နယ်စပ်အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသမှ ဖမ်းဆီးရမခဲ့ပြီး မူးယစ်ဆေးဝါးများအား ဒီဇင်ဘာ ၉ ရက်နေ့က အခမ်းအနားဖြင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု RCSS/SSA အမှတ် ၇၀၁ တပ်မှူးတဦးက ပြောသည်။ " ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ကျနော်တို့ တရုတ်အစိုးရလက်ကို အပ်လိုက်ပြီ။ မြို့ခံလူထုကို ဖိတ်ခေါ်ပြီး သက်သေ လုပ်ခိုင်းတယ်။ ယာဘအပြားပေါင်း ၇ သောင်း နဲ့အတူ ဖမ်းမိပစ္စည်းတွေပေါ့။ ဒီမူးယစ်ဆေးတွေသယ်ပေးတဲ့လူက ဦးစိုင်းလူ ခေါ် အိုက်လွယ်ဆုံ ။ မိုင်းကောင် လားဟူအထူးတိုက်ခိုက်ရေးရဲ/ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကထောက်ခံစာနဲ့သွားလာတာတဲ့" ဟု အမည်မဖော်လိုသည့် RCSS/SSA တပ်မှူးတဦးကပြောသည်။ စိုင်းလူအား နိုဝင်ဘာလ ၉ ရက်နေ့က မီဇူဘီရှီ ဗင်ကားတစီးနှင့်အတူ ယာဘအပြားပေါင်း ၇၀,၀၀၀ ဖြင့် သျှမ်းပြည်တပ်မ တော်က နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ၎င်းသည် လားဟူအထူးတိုက်ခိုက်ရေးရဲ/ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ခေါင်းဆောင် ဦးကျာညီး ( ဂျညီး) နှင့် စီးပွါး/ဆက်ဆံရေးတာဝန်ခံ ခွန်ညွန့်တို့၏ ထောက်ခံချက် လက်မှတ်ကိုကိုင်ဆောင်ကာယာဘများသယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါတပ်မှူးကပြောသည်။ ဖမ်းမိပစ္စည်းများအား တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ် (ဓါတ်ပုံ- မောက်ကောန်ထုန့်မောဝ်)"သူက မိုင်းရယ်ကနေ လားရှိုး သိန္နီ ကွတ်ခိုင် ၁၀၅ မိုင်ဂိတ်ကိုတောင် ဖြတ်သန်းလာနိုင်ခဲ့တယ်။ မိုင်းကောင်အဖွဲ့ထဲက ပစ္စည်းကို သယ်ပေးတာလို့တော့ ထွက်ချက်ပေးတာဘဲ" ဟုဆိုပါသည်။ တန့်ယန်းမြို့နယ် မိုင်းကောင်အခြေစိုက် ဂျညီးနှင့် ဂျကွယ်တို့ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့သည် မြန်မာအစိုးရ၏ စစ်တိုင်းမှူး ၊ တပ်ရင်းမှူး များနှင့်အထူး ရင်းနှီးဝင်ရောက်ခဲ့ကြသည်ဖြစ်ရာ အခွင့်အရေးများအထူးရရှိကာ တန့်ယန်း မိုင်းရယ် မြို့နယ်အတွင်း လှုပ်ရှားနေခဲ့သည့်ဌာနပြည်သူ့စစ်အဖွဲ့ဖြစ်သည်။ ဒေသခံရွာသားများထံမှလည်း ကောက်ယူမှုများ မပြတ်ရှိနေသဖြင့် သျှမ်းပြည် တပ်မတော်နှင့် မကြာခဏ ပစ်ခတ်မှုများဖြစ်ပွါးနေခဲ့ရသော အဖွဲ့လည်းဖြစ်ပါသည်။ |
| ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာဟန်လေး ဦးဆောင်ပြင်ဆင် Posted: 11 Dec 2012 06:58 PM PST ဒီဇင်ဘာ ၁၄ ရက်နေ့ ကျရောက်သော ၂၁၀၇ သျှမ်းနှစ်သစ်အား သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည်ဖြစ်ရာ ပွဲတော်အပြင်အဆင်များအား ကာတွန်းဆရာဟန်လေးက ဦးဆောင်ပြင်ဆင်နေကြောင်း ကြားသိရပါသည်။ ![]() "ကျနော်တောင်ကြီးကနေကျိုင်းတုံကို ရောက်တာနည်းနည်းနောက်ကျသွားတယ်။ အပြင်အဆင်အတွက် အရမ်းလော ရဒါလေ။ ကျနော်တို့ စတိတ်စင် ၅ ခု လုပ်တယ်၊ ခေတ်သစ် ခေတ်ဟောင်းတေးသီချင်းအတွက် နဲ့ တခြား သံလွင်အရှေ့ခြမ်း ရိုးရာဆောတို့ ဆင်တို့ သီချင်းကြီးတွေအဓိက ဆိုတဲ့အထူး သီးသန့် စင်ပေါ့။" - ဟု ကာတွန်းဆရာဟန်လေးက ပြောပါသည်။ ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ကိုသုံးရက်ကြာကျင်းပ ရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။ ပွဲတော်အပြင်အဆင်အတွက် ကာတွန်းဆရာဟန်လေးအပြင် ကာတွန်း၊ ပန်းချီ၊ ပန်းပု ပညာရှင် ဆရာဟတ်ဟိုင်း နှင့် ဆရာစိုင်း ထွန်းလှ တို့လည်းပါဝင်သည်။ ပွဲတော်ပြခန်း၌ ကျိုင်းတုံမြို့ သမိုင်းပြခန်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမှ တိုင်းလျန် (သျှမ်းနီ) ယဉ်ကျေး မှုအဖွဲ့ အင်အား ၄၀ ခန့်လည်း ပြခန်းနှင့်တကွ လာရောက်ပြသပါဝင်ကြောင်း၊ ထို့အတူ ချင်းမိုင် သျှမ်းယဉ်ကျေးမှု အဖွဲ့ကလည်း ကိန္နရီ ၆ ကောင်၊ တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုမှ တိုးနယား ၆ ကောင် အပြင် ဖိတ်ကြားထားသော စာပေယဉ်ကျေးမှုအဖွဲ့များမှလည်း တမြို့နယ်လျင် တိုးနယား နှင့် ကိန္နရီ တစုံစီ လာရောက်ပူးပေါင်းမည်ဟုဆိုပါသည်။ ကျိုင်းတုံမြို့အတွင်း၌လည်း တရွာလျင် တစုံစီ လာရောက်ပူးပေါင်းမည်ဖြစ်ရာ ကိန္နရီ ကိန္နရာ တိုးနယား သုံးရာခန့်ဖြင့် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သည့် စိုင်းဆိုင် ကပြောပါသည်။ "အခု စာပေဟောပြောပွဲအတွက် ပညာရှင်တွေ၊ ခေတ်သစ်ခေတ်ဟောင်းအဆိုတော်တွေ၊ ဆုချီးမြင့်ဖို့ ပင့်ဖိတ်ထားတဲ့ သံဃာတော် တွေ တော်တော်များများရောက်နေပြီ။ နက်ဖြန် မနက်ပိုင်းဖွင့်ပွဲ လုပ်တော့မှာလေ" - ဟု ဆက်ပြောပါသည်။ သျှမ်းနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ် မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့ ၌ အမြဲ ကျရောက်သည်။ ၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးပွဲတော်အား ကျိုင်းတုံမြို့တမျိုးသားလုံးစုပေါင်းပွဲအပြင် သျှမ်းပြည်နယ်မြို့နယ်အနှံ့၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း တောကျွဲအင်း ၊တိုက်ကြီး မြို့နယ်၊ ပြည်ပတွင်မူ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း၊ ဘန်ကောက်၊ လွယ်ကော်ဝမ်း၊ လွယ်တိုင်းလျဲန်း၊ ကောင်းမုန့်မိန်း … ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့တွင်သာမက အနောက်တိုင်းရှိ အင်္ဂလန်နှင့် USA တို့တွင်လည်း အသီးသီးကျင်းပရန်ပြင်ဆင်နေကြပါသည်။ |
| နမ့်ခမ်းမြို့ ၌ သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ Posted: 11 Dec 2012 06:57 PM PST သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုးလုံလေလုံ အားကစားရုံ တွင် ၂၁၀၇ သျှမ်းနှစ်ကူး အထိမ်းအမှတ် အတွက် ဒီဇင်ဘာလ ၇ ရက် နေ့က ဖိတ်ခေါ် ကြက်တောင်ရိုက်ပွဲ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။ ![]() ထိုပြိုင်ပွဲတွင် မူစယ်ခရိုင် ကမ္ဘောဇကြက်တောင် ကလပ်နှင့် နမ့်ခမ်းမြို့မှ နမ့်ခမ်းဖောင်ကြက်တောင် ကလပ် တို့ ကြက်တောင်အားကစားသမား အယောက် ၃၀ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ "ကျနော်တို့ပြိုင်ပွဲ ဖြစ်ဖို့အတွက်တော့ နမ့်ခမ်း သျှမ်းစာ/ယဉ် မှ ငွေ ၅ သောင်းကျပ် မ တည်ပေးတယ်၊ ဆု ၆ ဆု အတွက် ကျနော်တို့ နမ့်ခမ်းဖောင်ကလပ်က အဖွဲ့ဝင် ၄ ဦး ကတာဝန်ယူပေးတယ်၊ ကျနော်တို့ အသင်းသားတွေ အားလုံးလည်း တတ်နိုင်သလောက် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိတော့ ပါဝင် ထည့် ၀င်ကြတယ်၊ သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ် အတွက် စုပေါင်းပြီး ကျင်းပခဲ့တဲ့ ပွဲ ဖြစ်တယ်"ဟု ပြိုင်ပွဲ ဖြစ် မြောက်ရေး လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။ ကြက်တောင်ရိုက်ပြိုင်ပွဲ ကို အကြီးတန်းနှစ်ယောက်တွဲ ၂ ဆု ၊ အငယ်တန်း နှစ် ယောက်တွဲ ၂ ဆု နှင့်လူသစ်တန်း နှစ်ယောက်တွဲ ၂ ဆု ရှိကြပြီး၊ နမ့်ခမ်းအားကစားသမားဘက် မှ ၁၁ ဆု ၊ မူစယ်ဘက်မှ ၁ ဆု သာရရှိခဲ့ ကြောင်း၊ ဆုရရှိသောအားကစား သမားများကို ဒီဇင်ဘာလ ၁၂ ရက် သျှမ်းနှစ်သစ်ကူး ပွဲတော်အတွင်း ဆုများချီးမြင့်ပေးမည်ဖြစ်ကြောင်း ၄င်းကဆို သည်။ ကြက်တောင်ရိုက်ပြိုင်ပွဲ မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိကျင်းပခဲ့ကြောင်း၊ အချိန်မရနိုင်၍ တစ် ယောက်ချင်း (single ) ကြက်တောင်ရိုက်ပြိုင်ပွဲကိုမကျင်းပနိုင်၊နှစ်ယောက်တွဲ(double ) ကြက်တောင်ရိုက် ပြိုင်ပွဲ ကိုသာ ပြုလုပ် ကျင်းပနိုင်ခဲ့ကြောင်းပြောသည်။ "မနှစ်ကနှစ်သစ်ကူးမှာ ကျနော်ကြက်တောင်ရိုက်တာ လည်းဆုရခဲ့တယ်။ ဒါပေမဲ့ စင်မြင့် ပေါ် တက် ပြီး ဆုယူဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် ပွဲတော်မဖြစ်မြောက်ခဲ့ပဲ ဆု တက်မယူနိုင်ခဲ့ပါဘူး၊ ဒီနှစ် ပြိုင်ပွဲမှာ ဆု ထပ်ရတော့ စင်မြင့်ပေါ် ဆုတက်ယူရမှာဖြစ်တဲ့အတွက် စိတ်တွေအတော်လှုပ်ရှားပြီး ၀မ်းသာနေပါတယ်"ဟု နမ့်ခမ်း ဖောင်ကြက်တောင်ကလပ်မှ လူငယ် တစ် ဦးက ပြောပြသည်။ နှစ်စဉ်နှစ်တိုင်း သျှမ်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် နမ့်ခမ်းသျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြက်တောင် ရိုက်ပြိုင်ပွဲ အပြင် ကလပ်ပေါင်းစုံဘောလုံးဒိုင်း၊ တင်းနစ် နှင့်စားပွဲတင် တင်းနစ် ပြိုင်ပွဲ များကို လည်းကြီးမှူးကျင်းပ ပေးလေ့ရှိကြောင်း၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နမ့်ခမ်းမြို့ရှိ နောင်စန့်ကုန်းအနီး ပန်လိမ်ပျံ (အင်္ဂလိပ်ခေတ်က လေယာဉ်ကွင်း) တွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |






