သျှမ်းသံတော်ဆင့် |
- မူစယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်များ တင်မြှောက်
- လက်နက်ကိုင်တိုက်ခိုက်ခြင်းကိုနောက်ဆုံးရွေး လမ်းမရှိမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ
- ပတ်စပို့နှင့် ဗီဇာအတွက် မလျှောက်ထားရသေးသည့်အလုပ်သမားများအား ယခုလကုန် ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေငြာ
- မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြင့်ဆောင်ရွက်
- မိမိတို့ကြား ပြဿနာများကို အင်အားသုံးဖြေရှင်းတော့မည်မဟုတ်- သျှမ်းနှစ်သစ်ကူး၌ ဝ ကိုယ်စားလှယ်ပြော
- သျှမ်းတောင် မိုးနဲမြို့ ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် လူငယ်များဦးဆောင်လှုပ်ရှား
- သျှမ်းပြည်အလယ်အပိုင်း ၄ မြို့နယ်အတွင်း လူငယ်များကွန်ယက်ဖွဲ့စည်း
- နမ်ခမ်းမြို့တွင် သျှမ်းနှစ်ကူးပွဲတော် ရုတ်တရက်ရပ်နား
| မူစယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်များ တင်မြှောက် Posted: 18 Dec 2012 03:34 AM PST မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးကောက်တင်မြှောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားထားရာ ယမန်နေ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များ စတင် ရွေးကောက်တင်မြှောက်နေကြောင်း သိရသည် ။ မူစယ်မြို့ပေါ် ရပ်ကွက် ၉ ခုရှိသည့်အနက် ရပ်ကွက် ၃ ခုတွင် အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်မြှောက်ပြီး ဖြစ် ကြောင်း မြို့ခံရပ်မိရပ်ဖတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "ရပ်ကွက်သူ ရပ်ကွက်သားတွေက ကိုယ်တိုင် မဲပေးစနစ်နဲ့ရွေးချယ်တာပေါ့။ ရပ်ကွက်သမာဓိက ကော်မရှင်သဘောမျိုး ထိန်း ကျောင်းပြီး လုပ်သွားတာပေါ့နော်။ မူစယ်မှာတော့ မနေ့က မြောက်ရပ်ကွက် တောင်ရပ်ကွက် ဈေးရပ်ကွက် ဒီ ၃ ခုတော့ တင် မြှောက်ပြီးသွားပြီ " ဟု အဆိုပါ မြို့ခံက ပြောသည် ။ ယခု ပြုလုပ်သည့် ရပ်ကွက်အဆင့် ရွေးကောက်ပွဲများမှာ မူစယ်မြို့အနေအထားအရ လွတ်လပ်ပြီး တရားမျှတမှု ရှိသည်ဟု ဆိုနိုင်သော်လည်း မြို့နယ်နှင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးများကိုပါ ပြည်သူများကိုယ်တိုင် တိုက်ရိုက် ရွေးချယ်ခွင့်ရရန် လိုအပ်နေသေးကြောင်း သူက ထောက်ပြသည် ။ "မူစယ်မြို့ အနေအထားအရ အခုလုပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေက လွတ်လပ်ပါတယ် ။ ဒါပေမဲ့ ဒီ အဆင့်နဲ့တင် မလုံလောက်သေးဘူး။ ခုလို ဒီမိုကရေစီဘက် အကူးအပြောင်းကာလမှာ မြို့နယ် ၊ ခရိုင်အဆင့်တွေကိုပါ ဒေ သခံတွေ ကိုယ်တိုင် တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ဖြစ်ဖို့လိုတယ်။ ဒါမှ ဒေသခံ အကျိုး ပိုပြီးဆောင်ရွက်ပေးနိုင်မယ် " ဟု ဆိုသည် ။ လက်ရှိ ခရိုင်နှင့်မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများမှာ ဗဟိုမှ တိုက်ရိုက်ခန့်အပ်သူများ ဖြစ်ပြီး ၄င်းအုပ်ချုပ်သူများမှာ ဒေသ ခံ တိုင်းရင်းသားများအရေး သိနားလည်သူများ မဟုတ်သဖြင့် တိုင်းရင်းသားများဘက်မှ နစ်နာကြောင်း သူက ဆိုသည် ။ "ဒေသခံတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆိုရင် ဒီဒေသအကျိုးပိုလုပ်နိုင်မယ်ပေါ့ဗျာ။ အခု က ဒေသခံတွေ ဖြစ်တဲ့ ကချင် ၊ ပလောင် ၊ သျှမ်း အကြောင်း မသိတဲ့လူတွေ ဖြစ်နေတော့ တိုင်းရင်းသားတွေ ဘက်က အများကြီးနစ်နာပါတယ် " "ဥပမာပေါ့နော် သျှမ်းနှစ်သစ်ကူးပွဲဆိုရင် အရင်ဗိုလ်ချုပ်ခင်ညွန့် ကတော်က မြို့ထဲမှာ လုပ်တာ မတွေ့ချင်ဘူး ဆိုလို့ မြို့ပြင် ထုတ် ကျင်းပခိုင်းတာ။ ဒီနေ့အထိပဲ ဗမာတွေနှစ်သစ်ကူးကျတော့ မြို့လယ်မှာ ကျင်းပခွင့်ရတယ်ဗျာ။ နောက်တစ်ခုက ဒီလို တိုင်းရင်းသားတွေရဲ့ ပွဲတော်တွေဆို အစိုးရက ဘတ်ဂျက် တစ်ခါမှ မချပေးဖူးဘူး။ ကိုယ့်ဟာကိုယ် အလှူခံရ တဲ့ငွေလေးနဲ့ လုပ်ရတယ်။ ဘတ်ဂျက်ကိစ္စတွေဆို မရဘူးတော့ မေ့တောင်မေ့နေပြီ ။ဘာပဲလုပ်လုပ် သူတို့ခွင့်ပြုမှ လုပ်ရတဲ့ သဘောဖြစ် နေတယ် ။ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ဒါမျိုးတွေ မဖြစ်သင့်တော့ဘူး။ ဒါကြောင့်မို့ ပြည်သူတွေ ကိုယ်တိုင် အထက် အဆင့်ဆင့်ကို ရွေးချယ်ခွင့်ရဖို့ လိုအပ်တယ်" ဟု သူက ဆက်ပြောသည် ။ |
| လက်နက်ကိုင်တိုက်ခိုက်ခြင်းကိုနောက်ဆုံးရွေး လမ်းမရှိမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ Posted: 18 Dec 2012 03:33 AM PST မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အပစ်ရပ်ခြင်းတနှစ်တာကာလအတွင်းမှ ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက်တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင် ထားနေရကြောင်းဖော်ပြထားသည်။ အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။ အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည်ကံကြမ္မာကို သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည် လက်နက်ကိုင်တိုက်ခိုက်သည့်လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏ လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားပါသည်။ ၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က အပစ်ရပ်တပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမတကြီးဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးမှုအကောင်အထည်ဖော်နိုင်ခဲ့သည်။ |
| Posted: 18 Dec 2012 03:32 AM PST ယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာအတွက် မလျှောက်ထားရသေးသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ် သမား များအား ဒီဇင်ဘာလကုန်၌ နေရပ်ပြန်ပို့ရန်အတွက် လိုက်လံဖမ်းဆီးမှုပြုတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးနေသည့်ချင်းမိုင်မြို့မှ အလုပ်သမားများ" ကျနော်တို့ ပတ်စပို့ ဗီဇာလုပ်ဖို့ ကြေငြာပြီးကတည်းကနေ ဒီနေ့အထိ ဖိဆွတ်ဆန်ချတ်အတွက် ၂ ကြိမ် ၂ ခါတိုင်တိုင် အချိန်တွေ တိုးပေးခဲ့ပြီးပြီ။ ဒီတခါတော့ ဒီဇင်ဘာလကုန်မှာ အလုပ်သမားကတ်ကိုင်ဆောင်ထားပေမယ့် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးတဲ့လူ ပတ်စပို့ ဗီဇာ အလုပ်လုပ်ခွင့်လျှောက်လွှာ မတင်ရသေးတဲ့သူတွေကို လ၀က နဲ့ လုံခြုံရေးရဲတွေကနေ ထိထိရောက်ရောက်ရှင်းလင်းတော့မှာဖြစ်တယ်။ ဖမ်းမိတာနဲ့ ချက်ချင်း ပြန်ပို့မယ်" ဟုချင်းမိုင်မြို့ ဒုရဲမှူးကြီး ဥဒုမ်း ပီယနုဆောင်န် က ပြောသည်။ ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့်အတွက် အိမ်ပြန်ပို့ခံရမည့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်း နိုင်ငံ နှင့်အဝှမ်း ၃ သိန်းခန့်ရှိနေသေးကြောင်း ထိုင်းသတင်းဌာနကပြောသည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ရောက်ရှိအလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနက် ဖိဆွတ်ဆန်ချတ် ခေါ် မူလမွေးဖွားရာနိုင်ငံသားစီစစ်မှု မလုပ်ရသေးသူများအား အချိန်မှီ လုပ်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂၄ ရက် အထိ ဖိဆွတ်ဆန်ချတ်လုပ်ချိန်တိုးမြင့်ပေးထားကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ "အစက ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးထားပြီး စီစစ်မှုလုပ်ဖို့ ပေးထားတယ်။ ချင်းမိုင်မြို့မှာ ဖိဆွတ်ဆန်ချတ် မလုပ် ရသေးတဲ့လူ သောင်းနဲ့ချီရှိနေသေးတယ်။ အဲတာကြောင့် ၂၄ ရက်နေ့အထိ နောက်ထပ် ၁၀ ရက်တိုးပေးတယ်။ အဲဒီနောက်ပိုင်း ဖိဆွတ် ဆန်ချတ်မလုပ်ရသေးရင်တော့ တကယ်ပြန် ပို့မယ် လို့ကြားတယ်" ဟု အလုပ်သမားများအား ဖိဆွတ်ဆန်ချတ် နှင့် ပတ်စပို့၊ ဗီဇာများ လျှောက်တင်ရန် အတွက် ကူညီပေးနေသော စိုင်းနောင့်ကပြောပါသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား အလုပ်သမား ၆၉,၅၈၈ ယောက်ရှိကြောင်း အလုပ်သမားရေးရာ ဝန်ကြီး က ထုတ်ပြန်ကြေငြာ၏။ မြန်မာပြည်မှအလုပ်သမားအများဆုံးဖြစ်ရာ ၆၉,၃၉၈ ယောက်ရှိကြောင်း ထိုအနက် ဖိဆွတ်ဆန်ချတ်ခေါ် မူလမွေးဖွားရာနိုင်ငံသားစီစစ်မှု မလုပ်ရသေးသည့်သူ ၂၅၉၉ ယောက်ရှိကြောင်း၊ ဗီဇာတောင်းခံပြီး အလုပ်လုပ်ခွင့်လျှောက်လွှာမတင်ရသေးသည့်သူ ၅၆၇၇ ယောက်ရှိကြောင်း ပြောဆို၏။ ထိုင်းနိုင်ငံ၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ၁ သန်းထက်မနည်း ရှိနေကြောင်း သု သေတနပညာရှင်များက ခန့်မှန်းကြသည်။ မြန်မာ ၅ သိန်းကျော်၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၂ သိန်းကျော်ရှ်ိ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်ဟုလည်း ထိုင်းသတင်းဌာနကဖော်ပြထားသည်။ ထိုအနက် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးသည့်အရေအတွက်မှာ မြန်မာ ၆ သောင်း၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၁ သိန်းခွဲ ရှိနေသေးရာ ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့်သူ ၃ သိန်းကျော်ရှိနေသည်ဟုလည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည်။ ထို့ကြောင့် ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့် အဆိုပါ အလုပ်သမား ၃ သိန်းကျော်အား ထိုင်းရဲများမှ လိုက်လံဖမ်းဆီးမှု မရှိရလေအောင် မိမိအသိစိတ်ဓါတ်ဖြင့် မိမိနေရပ်သို့ အသီးသီး ပြန်ကြစေလိုကြောင်း၊ သို့သော် အပြန်ခရီးတွင်လည်း မိမိကိုယ်တိုင်အသိစိတ်ဖြင့် အိမ်ပြန်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် (သူဌေး) ၏ထောက်ခံချက်ကိုပါ ရယူရမည်ဖြစ်ကြောင်း လည်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာထားကြောင်း ထိုင်းသတင်းဌာန၌ ဖော်ပြထားပါသည်။ |
| မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြင့်ဆောင်ရွက် Posted: 18 Dec 2012 03:30 AM PST မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ ဒေသခံများ ကိုယ်တိုင်ပါဝင် ဖွဲ့စည်းထားသော လူငယ်ပြုပြင်ရေးအဖွဲ့က ရပ်ရွာအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအုပ်စု(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)ယခုလ ၁၂ ရက်နေ့က မုံးဝီးဒေသခံများကို အစည်းအဝေးခေါ်ယူ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆင့် ၃ ဆင့်ပါ အစီအစဉ်ဖြင့် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ကိုယ်တိုင်အစည်းအဝေးတက်ရောက်သူ မုံးဝီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ ၄င်းအဆင့် ၃ ဆင့်မှာ အသိပညာပေးခြင်း၊ ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးခြင်းနှင့် နောက်ဆုံးအနေဖြင့် ဖမ်းဆီးကာ ရဲလက်သို့ အပ်နှံခြင်းတို့ ဖြစ်ကြောင်း သိရသည်။ "၁၂ ရက်နေ့ နံနက် ၉ နာရီခွဲမှာ မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့က ရွာလုံးကျွတ်အစည်းအဝေးခေါ်တယ်။ ဒေသခံ ၃၅၀ ကျော် လောက်တက် တယ်။ ရဲတွေ ကျန်းမာရေး ဋ္ဌာနက တာဝန်ရှိသူတွေလည်းတက်တယ်။ ဒီအဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကနေစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်တော့မဲ့ အကြောင်း လူထုကို အသိပေးပြောသွားတယ်" ဟု ၄င်းဒေသခံက ပြောသည်။ အဆိုပါ လူငယ်ပြုပြင်ရေးအဖွဲ့ကို နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်းက စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အဖွဲ့ဝင် ၆၀ ခန့် ရှိပြီး ဒေသခံများ၏ ထောက်ခံအားပေးမှုကို ရရှိနေကြောင်း သိရသည်။ |
| မိမိတို့ကြား ပြဿနာများကို အင်အားသုံးဖြေရှင်းတော့မည်မဟုတ်- သျှမ်းနှစ်သစ်ကူး၌ ဝ ကိုယ်စားလှယ်ပြော Posted: 17 Dec 2012 07:52 PM PST သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်း၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲသို့ ဝ တပ်ဖွဲ့မှ ကိုယ်စား လှယ်တက်ရောက်ကာ တိုးတက်ပြောင်းလဲလာသောခေတ်ကြီး၌ မိမိတို့နှစ်ဦးနှစ်ဘက်ကြား ပြဿနာများကို အင်အားသုံး ဖြေရှင်းသည့်နည်းမသုံးကြရန်နှင့် အဘက်ဘက်တိုးတက်အောင်လက်တွဲအလုပ်လုပ် သွားကြရန် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။ ဝ တပ်ဖွဲ့ဘက်က ကိုယ်စားလှယ် ကျောက်လောဝ်မိန်း" ဝ တပ်ဖွဲ့ဘက်က ကိုယ်စားလှယ် ကျောက်လောဝ်မိန်း ။ တောင်ပိုင်းဝ တပ်ဖွဲ့ ရဲ့ အမှတ် ၁၇၁ စစ်ဒေသ ကကိုယ်စားလှယ် ပေါ့။ နှစ်သစ်ကူးနေ့က ပွဲတော်အခမ်းအနားမှာ စကားပြောတယ်။ ရှေ့ဆက်မှာ ဝ တပ်ဖွဲ့ နဲ့ သျှမ်းတပ်ဖွဲ့ကြား ပြဿနာတွေ ကို အင်အားသုံးပြီး မဖြေရှင်းဖို့နဲ့ မိမိရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ပြောသွား တယ်" ဟု ပွဲတော်တက်ရောက်သူတဦး ကပြောပါသည်။ ယခုလ ၁၄ ရက် သျှမ်းနှစ်သစ် ၂၁၀၇ ခုနှစ်၌ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ပွဲတော်ကျင်းပရာ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၏ ကိုယ်စားလှယ်အဖြစ်ပွဲတက်ရောက်ရသူ ကျောက်လောဝ်မိဏ်း က သျှမ်းတပ် နှင့် ဝ တပ်တို့ လက်တွဲကာ ကျန်းမာရေး၊ စီးပွါးရေးတို့၌ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၌လည်း မပပျောက်အောင် အချင်းချင်း ဖလှယ်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသူက ဆိုပါသည်။ "ဝ တပ်ဖွဲ့နဲ့ သျှမ်းတပ်ဖွဲ့ဆိုတာက နယ်မြေဒေသကိစ္စနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေမှာ အစဉ်အဆက်ပြ ဿနာ ရှိလာခဲ့တာလေ။ မကြာသေးခင်ကလဲ လွယ်ကော်ဝမ်း နဲ့ ပုံဖါ ပုံတောင်းဘက်မှာ သျှမ်းတပ်ဖွဲ့နဲ့ ဝ တပ်ဖွဲ့တို့ တင်းမာမှုရှိခဲ့ တာကော်။ ဆိုတော့ အခုလို သျှမ်းနှစ်သစ်ကူးအခါသမယ မှာ ဝ တပ်ဖွဲ့က ကိုယ်စားလှယ်က အဲလိုမိန့်ခွန်း လာပြောတော့ ကောင်းမွန်တဲ့ မင်္ဂလာတပါးဘဲလို့မြင်မိပါတယ်" ဟုလည်း အဆိုပါပွဲတက်ရောက်သူကပြောပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ယမန်နှစ် ဒီဇင်ဘာလက အပစ်ရပ် ရေးဆွေးနွေးသဘောတူခဲ့ပြီးသော တပ်ဖွဲ့ဖြစ်သည်။ သို့သော် မြန်မာအစိုးရ၏ တပ်မတော် နှင့် ယနေ့တိုင်တိုက်ပွဲများ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားနေသေးသည်။ RCSS/SSA ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီယွက်စစ်ကမူ ဒီမိုကရေစီသို့ကူးပြောင်းရန်အတွက် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား များအားလုံးနှင့် လက်တွဲကြိုးပမ်းမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းရုပ်မြင်သံကြားသတင်းဌာန Thai PBS ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။ ယခုလ ၁၃ နှင့် ၁၄ ရက်နေ့က လွယ်တိုင်းလျန်းဌာနချုပ်၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်သို့ဝ တပ်ဖွဲ့မှ ကိုယ်စား လှယ် အပြင် ဝ ရိုးရာအကဖြင့်လည်း ကပြဖျော်ဖြေခဲ့ပါသည်။ |
| သျှမ်းတောင် မိုးနဲမြို့ ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် လူငယ်များဦးဆောင်လှုပ်ရှား Posted: 17 Dec 2012 07:51 PM PST သျှမ်းပြည်တောင်ပိုင်း စော်ဘွားမြို့ဟောင်းတမြို့ဖြစ်သော မိုးနဲတွင် ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်အား စိုးရိမ်ကြောက် ရွံ့ခြင်းမရှိဘဲ ယခင်နှစ်များထက် ထူးကဲ စည်ကားစွာကျင်းပနိုင်ခဲ့ကြောင်း မိုးနဲဒေသခံများ ကပြောသည်။ သျှမ်းနှစ်သစ်ကူး ဖွင့်ပွဲ"တည တညလူ ၃၀၀၀ ထက်မလျော့ဘူးဗျ။ တော်တော်စည်တယ်ပြောရမယ်။ ရပ်ကွက်တိုင်း ကျေးရွာတိုင်းက ဝတ်စုံဆင်တူ တွေဝတ်ကြပြီး မင်္ဂလာနှစ်သစ်ပါဆိုတဲ့ မိမိရပ်ရွာဆိုင်းဘုတ်လေးတွေန ချီတက်ကြတယ်။ ရပ်ကွက်တိုင်းအိုးစည်ဗုံမောင်းပါ တယ်။ စည်း လုံးညီညွတ်မှုကိုပြတာပေါ့ဗျာ" ဟု မိုးနဲသားတဦးကပြောသည်။ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပရာ ၁၄ ရက်နေ့အထိ မဟာသုခ ချမ်းသာကြီးကျောင်း တိုက်၌ ကျင်းပခဲ့ကြောင်း၊ မုခ်ဦးဖွင့်ပွဲကို မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊ ပွဲတော်ကျင်းကရေးကော်မတီ ဥက္ကဌ ဦးထွန်းမြင့်၊ ပွဲတော်ကျင်းပရေးကော်မတီနာယက ဦးအောင်ဖေတို့က ဖွင့်လှစ်ပေးပြီး ရိုးရာနှင့် သမိုင်းပြတိုက်ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးနှင့်အဖွဲ့ကလည်းကောင်း၊ အကပဒေသာစတိတ်စင်များကိုမူ ပွဲတော်ကျင်း ပရေးကော်မတီအဖွဲ့ဝင် ဆရာဦးမျိုးသန့်နှင့်အဖွဲ့ကလည်းကောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း ပွဲပရိသတ်တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။ ဖွင့်ပွဲလာ ပရိသတ်"အရင်နှစ်တွေတုန်းက သိပ်မငြိမ်းချမ်းဘူး၊ ပွဲဆိုလန့်ကြတယ်၊ ဗုံးကွဲတတ်လို့လေ၊ ဒီနှစ်တော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ၊ အခြား နှစ်တွေထက် စိုးရိမ်မှုကင်းမဲ့ပြီး ပျော်ရွှင်ကြတယ်။ တိုင်းပြည်ငြိမ်းချမ်းမှုရဲ့ လက္ခဏာလို့တောင် ပြောလို့ရမှာလား မသိဘူး" ဟု ဒေသခံတဦး လူငယ်တဦးကပြောပါသည်။ ၁၂ ရက်နေ့မှ ပွဲပြီးသည့်နေ့အထိ နေ့စဉ် ညနေတိုင်း ဥယျာဉ်ရပ်ကွက်၊ နားခံရွာ၊ နမ့်မော်လေရွာ၊နားလင်းရွာ၊ နမ့်မော် ဆုမ့်ရွာ၊လွယ်လင်းရွာ၊ ပြင်ဦးရွာ၊ နမ့်သပြေရွာ၊ ကုန်းပေါင်းရွာတို့က မြို့၏အဓိကလမ်းမမှ ပွဲသို့ချီတက်ကြပြီး နားဟောင် ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ ကင်တုံရွာ ဆိုင်းဖယ်ရွာတို့က မြောက်ဘက်အရှေ့မြို့ပတ်လမ်းမှ ချီတက်ခဲ့ကြ၏။ တောင် ဘက်အရှေ့မြို့ပတ်လမ်းမှမူ လွယ်မြေရပ်ကွက် နောင်မိုင်းရွာ ဝမ့်ဟေ့ရွာတို့မှ ချီတက်ခဲ့ကြရာ စည်ကားလျက်ရှိကြောင်း မြို့ခံများကပြောကြသည်။ ကျေးလက်မှလာသည့် ပရိသတ်များအတွက်မူ ဦးသီလကျောင်း၊ ဆုတောင်းပြည့်စာသင်တိုက်၊ ဥယျဉ်ကျောင်းတိုက်၊ သာသနာ့ပါလစာသင်တိုက်၊ ဝါဆိုကျောင်းတိုက် တို့တွင် နေရာချပေးကြောင်း ဆိုပါသည်။ အိုးစည်တီး၍ ပွဲဖွင့်လှစ်"စတိတ်စင် ၃ စင်ဆောက်တယ်။ ရိုးရာအငြိမ့် (ခေတ်ဟောင်းတေးဂီတ) အတွက်တစင်၊ ခေတ်သစ်တေး ဂီတ အတွက် တစင်နဲ့ အကအတွက် တစင်ဆောက်တယ်။ ပွဲတော်နောက်ဆုံးရက်မှာ အကပြိုင်ပွဲမှာဆုရတဲ့သူ၊ အားကစားပြိုင်ပွဲမှာ အနိုင်ရတဲ့ သူတွေအပြင် နွေရာသီသျှမ်းစာသင်တန်းကျောင်းက သင်တန်းသား ၆၀၀ ကျော်ကို ဆုချီးမြင့်တယ်။ ဆွမ်းကပ်၊ ဧည့်ခံ ကျွေးမွေး တရားနာတယ်။ ဒီနှစ်တော့ ပွဲက စည်ကားသိုက်မြိုက်လှပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးတဲ့အထိ ကျင်းပနိုင်ခဲ့ ပါတယ်" ဟု ဆိုပါသည်။ သျှမ်းပြည်တွင်း မြို့နယ်အသီးသီး၌အပြင် တရုတ်နယ်စပ် ရွှေလီ၊ တရုတ်ပြည် ယူနန်ပြည်နယ် တိုင်ခုံးကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်း မန်စီ (မိုင်းခွန်)တွင်လည်း အကြီးအကျယ်ပွဲကျင်းပခဲ့ကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ဖကေးသျှမ်း မျိုးနွယ်စုပင် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ကြကြောင်း ကြားသိရသည်။ မြန်မာလ တန်ဆောင်မုန်းလကွယ် - နတ်တော် လဆန်း ၁ ရက်နေ့ရောက်တိုင်း သျှမ်းအမျိုးသားတို့၏နှစ်သစ်ကူးဖြစ်ပါသည်။ ယခုနှစ်သည် သျှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် အတွင်း သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ |
| သျှမ်းပြည်အလယ်အပိုင်း ၄ မြို့နယ်အတွင်း လူငယ်များကွန်ယက်ဖွဲ့စည်း Posted: 17 Dec 2012 07:49 PM PST စနေနေ့က သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်အတွင်း လူငယ် ၁၈၀ ခန့်က အစည်းအဝေးတရပ်ကျင်းပပြီး လူငယ်များ စွမ်းရည်မြင့်တင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရေးအတွက် "သျှမ်းပြည်တိုင်းရင်းသားလူငယ်များ ကွန်ယက်" ဖွဲ့စည်းလိုက်ကြောင်း ကြားသိရပါသည်။ သျှမ်းပြည်တိုင်းရင်းသားလူငယ်များ ကွန်ယက်ဖွဲ့စည်းစဉ်ဒီဇင်ဘာ ၁၅ ရက်နေ့၌ သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်မှ နှစ်သစ်ကူးပွဲတော်တက်ရောက်သည့်လူငယ် ၁၇၇ ဦးက သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ ၀မ့်ဟိုင်း၌ တွေ့ဆုံဆွေးနွေးပြီး လူငယ်များဆိုင်ရာကွန်ယက်တခု ဖွဲ့စည်းလိုက်ကြောင်း သျှမ်းလူငယ်များက ပြောပါသည်။ "အရင်တုန်းကလည်း ကျနော်တို့တွေ ထပ်ခါ ထပ်ခါတွေ့ဖူးပါပြီ။ အခုလက်ရှိ ကျနော်တို့ ကွန်ယက် အဖွဲ့ဝင် ၆၅ ယောက်ရှိတယ်။ ကျန်တဲ့သူကတော့ တက်ရောက်လေ့လာတယ်။ အကြံအဉာဏ်ပေးတယ်။ အဓိက ကတော့ လူငယ့်စွမ်းရည်မြင့်တင်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လက်တွဲလုပ်ဆောင်ဖို့ပါဘဲ။ ရှေ့လဆန်းပိုင်းမှာလဲ ကျနော်တို့ ထပ်တွေ့ဖို့ရှိတယ်" - ဟု ကွန်ယက်ပြောရေးတာဝန်ခံ စိုင်းဖုန်းဟန် ကပြောပါသည်။ သျှမ်းပြည်တိုင်းရင်းသားလူငယ်များ ကွန်ယက်တွင် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ ၀မ့်ဟိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ တန်းယန်းမြို့နယ်၊ နမ့်လောင်(၀်း)၊ မိုင်းကောင်(၀်)နှင့် မိုင်းရယ်မြို့နယ် တို့မှ လူငယ်များဖြစ်ကြကြောင်း၊ လာမည့် ဂျန္နဝါရီ ၆ ရက် တွင် ထပ်မံတွေ့ဆုံပြီး ကွန်ယက်ဆိုင်ရာလုပ်ငန်းများ ချမှတ်ကာ တာဝန်ခွဲလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောပါသည်။ "ကျနော်တို့ တိုင်းပြည်မှာ အဓိက ဖြစ်ပွားနေတာက မူးယစ်ဆေးဝါးပြသနာ။ မူးယစ်ကျေးကျွန် မဖြစ်အောင် ကျနော် တို့လူငယ်တွေ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ။ ဘယ်လိုတားဆီးကြမှာလဲ။ လူငယ်စွမ်းရည်မြင့်တင်နိုင်ရင် တာတွေ လဲ အလိုလိုရင်း ကာကွယ်သွားနိုင်လိမ့်မယ်လို့ယုံကြည်တယ်" - ဟု အမည်မဖေါ်လိုသည့် ကျေးသီးရောက် လူငယ် တဦးက ပြောပါသည်။ လောလောလတ်လတ် ဖွဲ့စည်းလိုက်သော သျှမ်းပြည်တိုင်းရင်းသား လူငယ်များကွန်ယက်အနေဖြင့် မည်သည့် နိုင်ငံရေးအဖွဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်မျှမသက်ဆိုင်ကြောင်း ၄င်းကဆိုပါသည်။ သို့သော်လက်ရှိဖြစ် ပေါ် နေသော နိုင်ငံရေး ရေစီးကြောင်းအရ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပ်ခဲ့ကြသည့် TBP Trust Building for Peace သျှမ်းညီလာခံအား အကောင်းမြင်ကြောင်း၊ မကြာမှီ ကျင်းပမည်ဆိုသည့် သျှမ်းပြည်တိုင်းရင်း သားတရပ်လုံးအတွက်ညီလာခံအားလည်း ကြိုဆိုကြောင်း စိုင်းဖုန်းဟန်က ပြောပါသည်။ ယမန်နှစ် ၂၀၁၁ နိုဝင်ဘာ တွင်လည်း ပြည်တွင်းပြည်ပ သျှမ်း လူငယ် ၁၀၀ ခန့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နှစ်ရက်ကြာ တွေ့ ဆုံ ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်း) နှင့် SSPP/SSA (မြောက်ပိုင်း) တို့ အမြန်ဆုံးပေါင်း စည်းကြရန် စာရေးတောင်းဆိုခဲ့ဖူးသည်။ သို့သော်လူငယ်ဆိုင်ရာအဖွဲ့အစည်းတရပ်အနေဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိပေ။ |
| နမ်ခမ်းမြို့တွင် သျှမ်းနှစ်ကူးပွဲတော် ရုတ်တရက်ရပ်နား Posted: 17 Dec 2012 07:48 PM PST သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော် နောက်ဆုံးည သန်းခေါင် မတိုင်မီ မထင်မှတ်ဘဲ ပွဲတော်ရုတ်တရက် ရပ်နားခဲ့ကြောင်း ပရိသတ်တဦးကပြောသည်။ ပွဲတော်၌ အကများဖြင့် တင်ဆက်နေသော ကလေးငယ်များ"ရုတ်ရုတ်သဲသဲတော့မရှိပါဘူး။ ဘာမှမကြေငြာဘဲနဲ့တီးဝိုင်းသမားတွေ စင်ပေါ်ကနေဆင်းသွားတယ်။ ပြန်မတက်လာဘူး။ အစီအစဉ်မှူးလဲဘာမှမကြေငြာဘဲ သီချင်းတွေဘဲဖွင့်ထားပေးတယ်။ ဒီတိုင်းဘဲပွဲက ပြီးသွားတာပေါ့"- ဟု ပွဲဝင်ပရိသတ်တဦးကပြောသည်။ အစဉ်အလာအရ ပွဲမှာ မနက် ၂ နာရီ ၃ နာရီမှပြီးဆုံးလေ့ရှိသည်ဖြစ်သော်လည်း ပွဲတော်နောက်ဆုံးည ဖြစ်သော သောကြာ ညက သန်းခေါင်မတိုင်မီပွဲတော်ပြီးဆုံးခဲ့ကြောင်း အကြောင်းရင်းကိုလည်း မသိရကြောင်း အဆိုပါမြို့ခံကပြောပါသည်။ အစောပိုင်းကမူ မြန်မာစစ်ဖက် ထောက်လှမ်းရေး၊ SB နှင့် ရပ်ရွာအတွင်းထောက်လှမ်းရေး အမာခံလူတို့က ပွဲကော်မတီထံ လာရောက်စုံမေးမြန်းခဲ့ကြောင်း ပွဲတော်လုံခြုံရေး တာဝန်ကျ တဦးကလည်း သျှမ်းသံတော် ဆင့် အားပြောပြသည်။ "မျက်နှာစိမ်းတွေ ရှိလား။ SSA က ဘယ်နှစ်ယောက် ပွဲလာလဲ စသဖြင့်ပေါ့ အလှူခံဌာနမှာလဲမေးတယ်။ လုံခြုံရေးမှာ လည်း မေးတယ်။ ဘာကြောင့်ပွဲစောစောပြီး သလဲဘယ်သူမှမသိ ရပေမယ့် အဲလိုလာ မေးတာက ထူးခြားချက်ထဲကတခုပေါ့နော်။ နောက်တခုက တီးဝိုင်းအဖွဲ့ နဲ့ ပွဲကော်မတီ ပြဿနာတက်တာ လားပေါ့။ မနှစ်ကတော့ ဗမာစစ်သား အယောက် ၅၀ က သျှမ်းဝတ်စုံမှာယူပြီး သျှမ်းနှစ်သစ်ကူးပွဲတော်ကို နှောက် ယှက်မယ်ဆိုတဲ့ ကောလဟာလ သတင်းကြောင့် ပွဲတော် မကျင်းပဖြစ်ခဲ့ဘူး။" - ဟုမြို့ခံတစ်ဦးက ပြောပြသည်။ သစ်သီးထွင်းထုပြိုင်ပွဲအမည်မဖေါ်လိုသူ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တဦးကတော့ - ဘာမှပြသနာမရှိပါဘူး၊ သီချင်းဆိုတဲ့သူ မရှိတော့လို့ပါ - ဟုသာပြောပါသည်။ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နောင့်စန့်ကုန်းအနီး (ပန်လိမ်ပျံ ခေါ် အင်္ဂလိပ်ခေတ် ကလေယဉ်ကွင်း)တွင် ဒီဇင်ဘာ ၁၃ ရက် နှင့် ၁၄ ရက် နှစ်ရက်တိုင်တိုင်ကျင်းပခဲ့သည်။ ဒီနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်တွင် သံဃာတော်များ၊ တအာင်း ၊ ကချင်၊ လီရှော၊ ကရင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ RCSS/SSA သျှမ်းပြည်တပ်မတော် လက်အောက်ခံ ရဝ၁ တပ်ရင်းမှ ခေါင်းဆောင် ပိုင်းများ၊မြို့ခံပြည်သူ လူထုများ အယောက် နှစ်ထောင်နီးပါးတက်ရောက်ကြောင်းတွေ့ရသည်။ ![]() "နေ့လည်ပိုင်းလည်း သိပ်မစည်ပါဘူး၊ အားကစားပြိုင်ပွဲအတွက် ဆုတွေပေးတယ်၊ မူကြိုကလေးအက ၊ ၁၀ ကျော်သက် ကလေးအက၊ သျှမ်းရိုးရာ သစ်သီးထွင်းပြပွဲတွေလုပ်တယ်။ ညပိုင်းမှ နှစ်ကူးစောင့်ကြိုတဲ့ သူတွေ ကွင်းအပြည့်ပဲ၊ ဒါပေမဲ့ နာမည် ကြီးသျှမ်းအဆိုတော်တွေ သိပ်မတွေ့ရဘူးဒီနှစ်။ အဆိုတော်သစ်နဲ့ဝါသနာရှင် အဆင့် အဆိုရှင်တွေဘဲရှိတယ်" - ဟု နမ့်ခမ်းလူငယ်စိုင်းခမ်းကပြောသည်။ ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းတွင် နမ့်ခမ်းသျှမ်းစာ/ယဉ်မှု ဥက္ကဌ စိုင်းကျော်ဝင်း၊ ပြည့်သူ့လွတ်တော်ကိုယ် စားလှယ်ဒေါက်တာ စိုင်းကျော်အုန်း၊ နမ့်ခမ်းအုပ်ချုပ်ရေးမှူးသစ် နှင့် သျှမ်းစာပေအတွင်းရေး မှူးစိုင်းမြင့်သန်း တို့က မိန့်ခွန်းအသီးသီးပြောကြားခဲ့ ကြောင်း၊ ဆယ်တန်းအောင်သည့် ကျောင်းသားများကိုလည်းဂုဏ်ပြု လက်မှတ်များချီးမြှင့်ကြကြောင်း၊ သျှမ်းပွဲတော် တက်ရောက် လာသော ဧည့်ပရိတ်သတ် များကိုလည်း မနက်စာကျွေမွေးပေးခဲ့ကြောင်း ၄င်းကဆိုသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |








