သစ်ထူးလွင်

သစ်ထူးလွင်


လူ့အခွင့်အရေးနေ့ ဒေါ်စုတက်ရောက်ပြီး ပညာရေးအဓိကဟုဆို (ရုပ်/သံ)

Posted: 10 Dec 2012 06:08 AM PST

လူ့အခွင့်အရေးနေ့ ဟောပြောပွဲကို ဒီဇင်ဘာ ၁၀ရက်နေ့မှာ ကျင်းပခဲ့ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်တို့ လည်း တက်ရောက် ခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ကချင်ပဋိပက္ခများသည် အပစ်အခတ် ရပ်စဲမှုများကို ပြုလုပ်ရုံနှင့် ရေရှည် ငြိမ်းချမ်းရေး မရရှိနိုင်ဟု ဦးအောင်မင်းပြောကြား

Posted: 10 Dec 2012 05:55 AM PST

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခများသည် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နောက်ပြန် ဆွဲထားသော အတား အဆီးတစ်ခုလို ဖြစ်နေကြောင်း၊ အပစ်အခတ် ရပ်စဲမှု များကို ပြုလုပ် ရုံနှင့် ရေရှည်ငြိမ်းချမ်း ရေးမ ရရှိနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ

Posted: 10 Dec 2012 04:12 AM PST

လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်း ခံရတုန်းက အရေပြား လောင်ဒဏ်ရာ အပြင်းထန်ဆုံး ရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြား အထူးကုဆေးရုံမှာ ပြောင်းရွှေ့ ကုသပါတယ်။ မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် ယနေ့ အာမခံဖြင့်လွတ်မည်

Posted: 10 Dec 2012 03:54 AM PST

ဒီဇင်ဘာ ၁ ရက်နေ့တွင် ပိုင်နက်ကျူးလွန်မှု အပါအ၀င် ပုဒ်မ ၃ ခုကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ ပြန်လည်ဖမ်းဆီးခြင်းခံရသည့် အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် အား သန်လျင်မြို့နယ် တရားရုံးတွင် အာမခံကြေး သိန်း ၄၀ ဖြင့် ပုဂိုလ်နှစ်ဦးက အာမခံပြီး ယနေ့ ညနေတွင် ခံဝန်ကတိဖြင့် လွတ်မြောက်လာမည် ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်ချက် တဖက်သတ်လုပ်ကြံမှုဟုဆို

Posted: 10 Dec 2012 03:37 AM PST

ကာတာ အခြေစိုက် အယ်လ်ဂျားဇီးယား ရုပ်သံက ထုတ်လွှင့်နေတဲ့ ရခိုင်ပြည်နယ် ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့် ချက်တွေဟာ အမှန်တရားနဲ့ ဆန့်ကျင် နေတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ လူမျိုးတုန်း သတ်ဖြတ်မှု တွေရှိနေတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်သွားတဲ့ ဒီရုပ်သံမှတ်တမ်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားကနေ ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အာရပ်ဘာသာ၊ ဒီဇင်ဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတာပါ။

ဒီရုပ်သံမှာ ရခိုင်ပြည်နယ် အဓိကရုဏ်း ဖြစ်ပွားမှုအတွက် ရခိုင်အမျိုးသား တိုးတက်ရေးပါတီကို စွပ်စွဲထားချက်တွေပါဝင်ပြီး ဒီပဋိပက္ခမှာ တာဝန်အရှိဆုံးသူဟာ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဖြစ်တယ်လို့ ရုပ်သံမှာ ပါဝင်ပြောကြားခဲ့သူ တဦးကလည်း စွပ်စွဲပြောကြား ထားပါတယ်။

ဒေါက်တာ အေးမောင်ကတော့ ဒီရုပ်သံမှတ်တမ်းဟာ တဖက်သတ်ဆန်ပြီး လုပ်ကြံဖန်တီးထားတဲ့ သဘောမျိုးဖြစ်တယ်လို့ ပြောပါတယ်။

"တစ်အချက်က တဖက်သတ် ဆန်တယ်။ ဖြစ်စဉ်အပေါ်မှာ ခြုံငုံသုံးသပ်တာတွေက စတူဒီယိုမှာ ဖန်တီးပုံဖော်သွားတဲ့ ဇာတ်လမ်းမျိုးအဖြစ် ယူဆတယ်။ ပြီးတော့ သူတို့လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ကောင်ပေါ့နော်။ အမျိုးသမီးတယောက်ဆိုရင် မုဒိမ်းကျင့်ခံရတယ်၊ ဆေးရုံတက်တယ်၊ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဆေးသွားကုတယ်။ အဲအမျိုးသမီးကိုလည်း သတ်ပစ်လိုက်ပြီ၊ သေသွားပြီဆိုတဲ့ သဘောမျိုးတောင် လုပ်လိုက်တော့ ကျနော်တို့က ပြန်လှန်မေးမြန်းခွင့်တို့ ဘာတို့ မရလိုက်တဲ့အခါ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီဖြစ်စဉ်အပေါ် သုံးသပ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ၊ ဥပမာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကနေ ပွင့်ပွင့်လင်းလင်း ဒီဖြစ်စဉ်အပေါ် ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်။ တခုချင်းဖြစ်စဉ်အမှန်၊ ကမ္ဘာကသိအောင် လူထုသိအောင် တကွက်ချင်း တကွက်ချင်းပေါ့။ မောင်တောဖြစ်သွားတဲ့အခြေအနေ၊ တောင်ကုတ်မှာဖြစ်သွားတဲ့ အခြေအနေ၊ စစ်တွေမှာဖြစ်သွားတဲ့ အခြေအနေတွေကို အဖြစ်မှန်တွေ ကမ္ဘာကိုပြန်ပြီး မြန်မာ့ရုပ်မြင်သံကြားကဖြစ်ဖြစ် သတင်းဖြန့်ချိရေးကဖြစ်ဖြစ် ပြန်လည်တင်ပြဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။"

ဒီသတင်းအတွက် တွေ့ဆုံမေးမြန်းသွားတဲ့ သတင်းထောက်က အယ်လ်ဂျာဇီးယား သတင်းဌာနကလို့ ပြောဆို အင်တာဗျူးတာမဟုတ်ဘဲ လန်ဒန်က သတင်းဌာနတခုအတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် သူ့အနေနဲ့ ဖြေကြားခဲ့တာလို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီရုပ်သံမှတ်တမ်း ထွက်ပေါ်လာတဲ့အပေါ်ကိုလည်း ဦးအေးမောင်က အခုလို ပြောပါတယ်။

"မှတ်တမ်းရုပ်ရှင်ကားဆိုတာ၊ ဒီလို ကာလမျိုးပေါ့။ ဒုတိယအကြိမ် ဖြစ်သွားပြီးနောက် အခြေအမြစ်မရှိ ပေါ်လာတာရယ်၊ တခုခုကို လှုံ့ဆောာ်သလိုမျိုး ဖြစ်သွားမယ်ဆိုရင် ဒီအယ်လ်ဂျားဇီးယား သတင်းဌာနဟာ သတင်းတခုကို ဖော်ပြတာမျိုး မဟုတ်ဘဲနဲ့ တတိယအကြိမ် ပြဿနာတခုကို ပြန်စေ့ဆော်သလို၊ ပြန်ဆွပေးသလိုမျိုး ဖြစ်သွားစေနိုင်တဲ့ သတင်းမျိုးထုတ်လွှင့်တာမျိုးကို ဒီလိုကာလမှာ ထုတ်လွှင့်တာကို ကန့်ကွက်ပါတယ်။ ဆင်ဆင်ခြင်ခြင်နဲ့ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာသတင်းဌာနကြီးအနေနဲ့ သုံးသပ်ပြီးကာမှ တကယ် အရည်အသွေးပြည့်ဝတဲ့ သတင်းထောက်တွေ သတင်းယူတဲ့အဖွဲ့တွေနဲ့ ပြန်လှန်စိစစ်ပြီးမှ ဒါကို ပြန်သုံးသပ်သင့်တယ်လို့ ယူဆပါတယ်။"

မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသဖို့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

အလားတူ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း လူမျိုးစုမျိုးနွယ်တုံးအောင် ကြိုးပမ်းတဲ့ ပုံစံအနေအထားမျိုးဖြစ်အောင် သတင်း ထင်ယောင်ထင်မှား ပုံဖော်ကြိုးစား ရေးသားမှုတွေ ရှိခဲ့ကြောင်း၊ ဒါတွေဟာ အမှန်တရားနဲ့ ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

အယ်လ်ဂျားဇီးယား သတင်းဌာနကတော့ ကြည့်ရှုသူတွေက ဒီရုပ်သံမှတ်တမ်းကို ကိုယ်ပိုင်ဆုံးဖြတ်ပါ ဆိုပြီးတော့ အစိုးရ ထုတ်ပြန်ချက်ကို တုံ့ပြန်လိုက်ပါတယ်။

ဒီမှတ်တမ်းအတွက် ရုပ်သံကို ရိုက်ကူးတဲ့ ဖီလ်းရီလ်းကလည်း ရုပ်သံအတွက် ခိုင်လုံတဲ့ အထောက်အထားတွေကို စုစည်းနိုင်ခဲ့တယ်လို့ သတင်းဌာနရဲ့ ကြေညာချက်မှာ ဆိုပါတယ်။ ဒါပေမယ့် ရုပ်သံမှတ်တမ်းထဲမှာတော့ တချို့ပြောဆိုတဲ့ အချက်အလက်တွေဟာ အတည်မပြုနိုင်တဲ့အကြောင်း ထည့်သွင်းပြောကြားထားပါတယ်။

ကိုထွေး DVB - ၁၀ ဒီဇင်ဘာ၊ ၂၀၁၂


လက်ပံတောင်းတောင်အရေး ပုသိမ်တွင် ဆန္ဒထုတ်ဖော်

Posted: 10 Dec 2012 03:16 AM PST

ပုသိမ်မြို့တွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ယနေ့ နံနက် ၉ နာရီခန့်တွင် မြို့ပတ် လမ်းလျှောက် ဆန္ဒထုတ် ဖော်မှု ပြုလုပ် ခဲ့ကြောင်း ဦးဆာင် ဆန္ဒပြသူ ကိုနိုင်ကြီးထံမှ သိရသည်။ လူအင်အား ၃၀ ခန့် ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြောင်း သိရပြီး ဆန္ဒထုတ်ဖော် ရာတွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း တိုင်းပြည်အကျိုးရှိရန် အဓိကဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

Posted: 10 Dec 2012 02:55 AM PST

အင်တာနက် အွန်လိုင်း စာမျက်နှာ များတွင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပြောကြား ခဲ့မှုကြောင့် ဝေဖန် ခံခဲ့ရသည့် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မည်သည့် တိုင်းပြည်နှင့် ပေါင်းပေါင်း မြန်မာ
နိုင်ငံ အကျိုးရှိရန်သာ အဓိက ဖြစ်ကြောင်း ပြောသည်။ ''ခုတလော ဦးအောင်မင်း ကံမကောင်းဘူး။ လုပ်ပေးနေတာပဲ။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် Shade Journal အတွဲ(၇)၊ အမှတ်(၄)

Posted: 10 Dec 2012 02:37 AM PST

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် Shade Journal အတွဲ(၇)၊ အမှတ်(၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မြို့တွင် ပေါ်ပေါ်ထင်ထင် ကျူးလွန်သော မှုခင်းများ မကြာခဏဖြစ်ပွားလာ

Posted: 10 Dec 2012 02:22 AM PST

ရန်ကုန်မြို့ရှိ အထင်ကရ နေရာများ၊ လူသွားလူလာ များသော နေရာများနှင့် အချက်အခြာ ကျသော နေရာများတွင် လုယက်မှုများ၊ မင်းမဲ့ စရိုက် ဆန်ဆန် ရမ်းကား ရိုက်နှက် သတ်ဖြတ်မှုများ ဖြစ်ပွား နေမှုသည် ပြည်သူ့ ရဲဝန်ထမ်းများ အနေဖြင့် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်အား ကြိုတင် ကာကွယ်ပေး နိုင်မှုအား နည်းခြင်းကြောင့် ဖြစ်ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မယားချစ်တဲ့ စခန်းမှူးကြောင့် နယ်စပ် စခန်း တစ်ခုမှ ရဲသားများ လစာ မရဖြစ်နေ

Posted: 10 Dec 2012 01:56 AM PST

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်  လောင်းတုန် ရဲစခန်းမှ အောက်ခြေ ရဲတပ်သားများ နိုဝင်ဘာလ လစာငွေကို မရဘဲ ဖြစ်နေခြင်းမှာ စခန်းမှူးဖြစ်သူမှ သူ၏ ဇနီးချော အတွက် ရွှေနှင့် အ၀တ်အထည်များ ၀ယ်ယူ အသုံးပြုထား၍ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


3G စနစ် ပါသည့် မိုဘိုင်းဖုန်းများ မကြာခင် ဈေးကွက်တွင်း ရောက်မည်

Posted: 10 Dec 2012 01:48 AM PST

၂ဝ၁၃ ခုနှစ် ဧပြီလတွင် ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် 3G စနစ် ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။ ''3G စနစ်ကို တိုးချဲ့ လုပ်ဆောင် နေတဲ့ အတွက် လာမယ့်နှစ်မှာ မြို့ကြီးတွေ အားလုံး 3Gစနစ်ကို သုံးခွင့်ရမှာပါ။''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ 3Gစနစ် တိုးချဲ့ရေး စီမံကိန်း တစ်ရပ်တွင် ပြည်ပ ကုမ္ပဏီ ၃ ခု ဖြစ်သည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူ့အခွင့်အရေးသမားများနှင့် တိုင်းရင်းသားများ လူ့အခွင့်အရေးနေ့ ဆင်နွှဲ

Posted: 10 Dec 2012 12:57 AM PST

လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ရက် (အိပ်ခ်ျအာရ်ဒီပီ) က နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အခမ်းအနားကို ကယား ပြည်နယ်မှာ ဒီနေ့ ကျင်းပရာ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း တက်ရောက် ကြပါတယ်။
လွိုင်ကော်မြို့ ပန်ဂမ်းကျေးရွာမှာ ကျင်းပတဲ့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးတွင် စွက်ဖက်

Posted: 10 Dec 2012 12:50 AM PST

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ၀င်တွေ ဧရာဝတီတိုင်း ဖျာပုံခရိုင် မြို့နယ် တရားရုံးတွေကို ၀င်ရောက် စစ်ဆေးရာမှာ အုပ်ချုပ်ရေး ပိုင်းက တရားစီရင်ရေးမှာ ၀င်ရောက် စွက်ဖက်တာ တွေအပြင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ဦးဆောင်သည့်အဖွဲ့ တရားရုံးလေ့လာမှု ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ တာမွေမြို့နယ် တရားရုံးသို့ ရောက်ရှိလာစဉ်။

ဒီဇင်ဘာလ (၁၂)ရက်နေ့ ထုတ် Mobile Guide Journal #82

Posted: 10 Dec 2012 12:32 AM PST

ဒီဇင်ဘာလ (၁၂)ရက်နေ့ ထုတ် Mobile Guide Journal #82

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဟိုနိုလူးလူး ကမ္ဘာ့ငြိမ်းချမ်းရေး ဒေါ်စု ဦးဆောင်ဆွေးနွေးမည်

Posted: 10 Dec 2012 12:10 AM PST

အမေရိကန် နိုင်ငံ၊ ဟာဝိုင်အီ ကျွန်းစုရှိ ဟိုနိုလူးလူး မြို့တော်တွင် ကျင်းပ ပြုလုပ်မည့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဖိုရမ် တွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်း စုကြည် က ပင်မ ဟောပြောသူ အဖြစ် ပါဝင်မည်ဟု Rotary Global Peace Forum က ထုတ်ဖော် ကြေညာ လိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူ့အခွင့်ရေးကော်မရှင်က ၎င်းတို့နှင့် ပူးပေါင်းမှု မရှိလျှင် ဂုဏ်သိက္ခာကို လေးစားတတ်သော လူ့အဖွဲ့စည်း ဖြစ်လာရန် ဝေးဦးမည်ဟုကြေငြာ

Posted: 09 Dec 2012 11:59 PM PST

ယနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က သက်ဆိုင်သူများက ၎င်းတို့နှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိလျှင် ဂုဏ်သိက္ခာကို လေးစား တတ်သော လူ့အဖွဲ့အစည်း ပေါ်ပေါက်ရန် အလှမ်းဝေး ဦးမည်ဟု ကြေငြာသည်။ အဆိုပါ ကော်မရှင်က လူ့အခွင့်ရေး အထိမ်းအမှတ်နေ့ အဖြစ် ထုတ်ပြန်သည့် ကြေငြာချက်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကြေးနီစီမံကိန်း သပိတ်အား အကြမ်းဖက်ဖြိုခွင်းမှုကို တရားမျှတစွာ ဖြေရှင်းပေးရန်နှင့် ဖမ်းဆီးထားသူများအား လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ (ဒီဇင်ဘာလ ၁ဝ ရက်) နံနက် ၁ဝ နာရီက GW (မျိုးဆက်သစ်လူငယ်များ) အဖွဲ့မှ ဦးဆောင်ကာ  ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့မှ စတင်ကာ ဆူးလေဘုရားကို ပတ်၍ ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆန္ဒပြရာတွင် ၈၈ မျိုးဆက်များနှင့် ဗကသ များ အဖွဲ့ချုပ်တို့မှလည်း ပူးပေါင်းပါဝင်ကြသည်။

မျိုးဆက်သစ်လူငယ်များအဖွဲ့ ဆန္ဒဖော်ထုတ်

Posted: 09 Dec 2012 11:32 PM PST

အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ ဖြစ်သည့် ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲဖြေရှင်းမှုနှင့် ပတ်သက်၍ Generation Wave (မျိုးဆက်သစ်လူငယ်များ) အဖွဲ့က လူအင်အား ၁၀၀ ခန့်ဖြင့် စီတန်း လှည့်လည်မှု ပြုလုပ်ခဲ့သည်။

မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံနှင့် ဆူးလေဘုရားကို ပတ်ကာ စီတန်း လှည့်လည်ရာ နံနက် ၁၁ နာရီမိနစ် ၂၀ ခန့်တွင် ပြီးဆုံးခဲ့သည်။

လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းမှုအား တရားမျှတစွာ ဖြေရှင်းရန်၊ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြသူတို့ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး လွှတ်ရန် အချက်များကိုလည်း သဘောထား ကြေညာချက် ဖော်ထုတ် တောင်းဆိုခဲ့သည်။

Generation Wave(မျိုးဆက်သစ်လူငယ်များ)အဖွဲ့၏ ဆန္ဒဖော်ထုတ်စီတန်းလှည့်လည်ပွဲသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှကိုဌေးကြွယ်တက်ရောက်ခဲ့သည်။

7Day News Journal

ဓာတ်ပုံ-ကျော်ဇင်သန်း


တောင်ကြီးမြို၊ ရွှေမြို့စံ မွေ့ယာဆိုင် မီးလောင်မှု ဖြစ်ပွား

Posted: 09 Dec 2012 11:25 PM PST

ဒီဇင်ဘာ ၁၀ရက်နေ့ (ယနေ့)တွင် တောင်ကြီးမြို၊ မိန်းလမ်း အောက်ဘက်၊ ကန်အောက်ရပ်၊ ပင်လုံလမ်း၊ နယ်မြေ (၇) ၊ အိမ်အမှတ်(၄၆) ရှိ ဦးသိန်းအောင်+ဒေါ်နန်းခမ်းလှပိုင် ရွှေမြို့စံ မွေ့ယာဆိုင်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ နံနက် ၉း၀၀နာရီ အချိန်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သန်းခေါင်စာရင်း ဥပဒေဟောင်းကို ရုပ်သိမ်း၊ ဥပဒေကြမ်း အသစ်ထုတ်ပြန်

Posted: 09 Dec 2012 11:01 PM PST

၁၉၇၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ သန်းခေါင် စာရင်း ဥပဒေကို ရုပ်သိမ်း၍ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေး အတွက် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က ပြည်တော်စု လွှတ်တော်က နိုင်ငံပိုင် မီဒီယာများမှ တဆင့် ဖေါ်ပြလိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူမျိုးတဦး မီးရှို့အဆုံးစီရင်

Posted: 09 Dec 2012 08:13 PM PST

တိဘက်ဒေသမှာ တရုတ် အုပ်ချုပ်မှုကို ကန့်ကွက်တဲ့ အနေနဲ့ တနင်္ဂနွေနေ့က အသက် (၁၇) နှစ် အရွယ် မိန်းကလေးငယ် တဦးဖြစ်တဲ့ Wanchen Kyi ဟာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပါတယ်။ သူမတကိုယ်လုံး မီးတောက်တွေနဲ့ ဖုံးနေချိန်မှာ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား ကို ထောက်ခံကြောင်းနဲ့ တိဘက် လွတ်မြောက်ဖို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၀

Posted: 09 Dec 2012 07:38 PM PST

ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာ ၉ ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၃)

Posted: 09 Dec 2012 07:36 PM PST

ဒီဇင်ဘာ ၉ ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


လက်ပံတောင်းတောင်စီမံကိန်းကြောင့် မြန်မာ၌သာရှိသော ငှက် ၃ မျိုး မျိုးသုန်းနိုင်

Posted: 09 Dec 2012 10:29 AM PST

ရန်ကုန်၊ ဒီဇင်ဘာ ၉

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခဲ့ပါက မြန်မာနိုင်ငံ ၌သာရှိသော ငှက် ၃ မျိုး မျိုးသုန်း ပျောက်ကွယ်သွားနိုင် ခြေရှိကြောင်း မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောသည်။

ယင်းငှက် ၃ မျိုးမှာ စွေ့ငှက်၊ မြန်မာဘီလုံငှက်နှင့် နဖားကြူးငှက်တို့ဖြစ်ပြီး လက်ပံတောင်းတောင် ၀န်းကျင်တွင် ကျက်စားကြသည်ဟု ၄င်းက ပြောသည်။

"သဘာဝပတ်ဝန်းကျင် ပျက်စီးရင် အဲဒီမှာရှိတဲ့ ငှက်တွေလည်း ပျောက်ကွယ်နိုင်တယ်လို့ ယုတ္တိဗေဒနဲ့ တွက်လို့ရတယ်" ၄င်းက ဆက်လက်ပြောသည်။

Popular Myanmar News Journal

ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အဓိကရုဏ်း လူသေ

Posted: 09 Dec 2012 10:26 AM PST

နိုင်ငံရေး အုပ်စုတွေကြား အဓိကရုဏ်းဖြစ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံ တလွှား ၈ နာရီ ကြာ လမ်းပိတ် ဆန္ဒပြဖို့ ကြိုးစားတဲ့ အတိုက်အခံ တွေနဲ့ ပြိုင်ဘက် နိုင်ငံရေး အုပ်စုတွေကြား အဓိကရုဏ်း တွေမှာ အနည်းဆုံး ၂ ယောက် သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲက ဆိုပါတယ်။

ဓာတ်ဆီဗုံး တွေ နဲ့ ကားတွေကို မီးရှို့ ခဲ့တဲ့ ဆန္ဒပြသူ တွေကို လူစုခွဲဖို့ ထောင်နဲ့ချီတဲ့ ရဲတွေ ချထား ခဲ့ပါတယ်။

ဒါကာ မြို့တော်က ဂဘ်တိုလီ မြောက်ပိုင်း ဒေသကို အတိုက်အခံနဲ့ အစိုးရ ထောက်ခံသူတွေ အကြား စစ်မြေပြင်လို ဖြစ်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။

ဆန္ဒပြသူ ဒါဇင်နဲ့ချီပြီး ဖမ်းဆီး ခံခဲ့ရပါတယ်။

လာမယ့် လွှတ်တော် ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ အိမ်စောင့် အစိုးရ ပြန်ဖွဲ့ပေးရေး အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ နဲ့ မဟာမိတ် အဖွဲ့တွေက တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အိမ်စောင့် အစိုးရ ဖွဲ့ပြီး ရွေးကောက်ပွဲ ကျင်းပတဲ့ စနစ်ကို လက်ရှိ အစိုးရက မနှစ်က ဖျက်သိမ်း ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေလတ် ခရီးစဉ်

Posted: 09 Dec 2012 10:03 AM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ် တခိျု့ကို သွားတဲ့ ခရီးစဉ် ပြီးဆုံးသွားပြီး ရန်ကုန်ကို ပြန်ရောက်ပြီ ဖြစ်ပါတယ်။ သူရောက်ခဲ့တဲ့ မြို့နယ် အတော် များများမှာ အရင်က NLD ဟာ အာဏာရ လိုမှုနဲ့ လုပ်ခဲ့တာ မဟုတ်ပေမယ့် ခုအချိန်မှာတော့ တိုင်းပြည်ကောင်းအောင် လုပ်ဖို့၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူထု ကိုယ့်အားကိုယ် ကိုးဖို့လို