Burma News International - December 19, 2012

Burma News International

Burma News International
December 19, 2012

Police station in Hpakant under siege

Kachin Independence Army (KIA) soldiers raided a federal a police station in Kamaing village, in western Kachin State's jade rich Hpakant Township (also Hpakan), yesterday morning.

Exiled Shan women’s group defends “License to Rape”

The Shan Women’s Action Network (SWAN) that shot to international acclaim in 2002 with its “License to Rape” report on the Burma Army’s widespread use of sexual violence as a weapon of war, today rejected claims that it was a product which came out of “hearing with one ear.”

Commission investigates 1,000 acres of farmland confiscated by the army in Gwa

Thandwe: Burma’s union parliamentary commission for investigating confiscations of agrarian land and other land has recently investigated 1,000 acres of farms seized by the army in Gwa Township in southern Arakan State.

Wild elephants trample rice fields in Pegu Township

Herds of wild elephants have destroyed no less than 200 acres of rice paddies in 50 villages in Pegu [Bago] Township over the past three months as they forage for food.

Undocumented migrant workers face deportation

The National Verification (NV) offices in Chiang Mai and Myawaddy announced on December 18—International Migrants Day—that they will extend their deadline for migrants to register until the end of the year; however other NV centers—including those in Mahachai and Ranong—did not, leaving hundreds of thousands of undocumented migrants from Burma, Cambodia and Laos facing arrest and deportation.

Burma wants to downsize Dawei, says Thai daily

Thailand’s The Nation reported on Wednesday that Burma’s government has “caused Thailand concern” by proposing a significant reduction in the overall area of the Dawei Special Economic Zone from 204.5 sq km to 150 sq km.

‘မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော

၂၀၀၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင့် လိုင်စင်’ (License to Rape) စာအုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း SWAN က ပြောကြားလိုက်သည်။

တပ်အင်အားသုံး၍ မူးယစ်ဆေးတိုက်ဖျက်မည့် အစီစဉ် SSPP လက်မခံ

အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို အကြောင်းပြပြီး ရှမ်း ပြည်တိုးတက်ရေးပါတီ SSPP နယ်မြေအတွင်း သို့ စစ်အင်အားဖြင့် ဝင်ရောက်လာပါက ပြတ်သားစွာ အရေးယူရမည်ဖြစ်ကြောင်း ပြောခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ ကပြောသည်။

ပခုက္ကူထောင်မှ ရခိုင်ကျောင်းသား ကိုနိုင်စိုး ကျန်းမာရေး စောင့်ရှောက်မူ ပိုရလို

ကျန်းမာရေး အခြေအနေဆိုးရွားနေသော ပခုက္ကူထောင်ထဲမှ ရခိုင်ကျောင်းသား ကိုနိုင်စိုး (ခေါ်) ကိုမဲလုံး၏ ကျန်းမာရေး စောင့်ရှောက်မူ ပိုရလိုသည်ဟု ကိုနိုင်စိုး ဖခင် ဖြစ်သူက ပြောသည်။

ရှမ်းပြည်အတွင်း အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု SWAN ပြော

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ၏ ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်စဉ်တွင် ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လူ့အခွင့်အရေးများ ဆက်လက် ချိုးဖောက်နေကြောင်း တွေ့ရှိရသည်ဟု ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။

KIA တပ်ရင်း (၃) နှင့်ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ

ဝိုင်းမော်မြို့နယ်တွင်အခြေစိုက်သည့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃) နှင့်မြန်မာ အစိုးရတပ်များ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက တိုက်ပွဲနှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများပြောသည်။

ချင်းစုစည်းမှု ဖလမ်းကနေ စတင်ကြောင်း CNF ထွေချုပ်ပြော

ချင်းတွေ စည်းလုံးညီညွတ်မှု အားကို ဖလမ်းမြို့မှ စတင်သည်ဟု ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးက ပြောလိုက်သည်။

Last Updated on ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 19 ရက် 2012 ခုနှစ်

ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေနေရာ အများစု ဗိုလ်ချုပ်ဟောင်းများ လက်ထဲရောက်

ရခိုင်ပြည်နယ်မှ သာယာလှပသော ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်ရှိ ပင်လယ်ကမ်းခြေမှ အကွက်အကောင်း ကျသော နေရာ အများစုမှာ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် သူတို့၏ ဆွေမျိုး မိသားစု လက်ထဲသို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း သိရသည်။

ABSDF အဖွဲ့ ၈၈ ကျောင်းသား များနှင့် တွေ့ဆုံ

မကဒတ တပ်မတော်မှ စစ်သည်များပြည်တွင်းသို့ လေ့လာရေး ခရီး သွားရောက် ခဲ့သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ဥက္ကဌ ဦးသံခဲ ခေါင်းဆောင်သည့် အဖွဲ့သည် ယနေ့ (၁၀) နာရီတွင် ရန်ကုန်မြို့၊ ဝေဇယန္တာ လမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးသို့ လာရောက် တွေ့ဆုံ ခဲ့ကြ သည်ဟု 88 Generation Students မှ သတင်း ထုတ်ပြန်လိုက်သည်။

ဦးသိန်းစိန် အိန္ဒိယ မလာမီ နယူးဒေလီရှိ မြန်မာများ ကြိုတင်ဆန္ဒပြ

သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် အိန္ဒိယ-အာဆီယံထိပ်သီး မတိုင်မီ တရက်အလိုတွင် နယူးဒေလီမြို့ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဆန္ဒပြပွဲတရပ်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ကြသည်။

သျှမ်းလူငယ် ၇၀ % က မိမိအမျိုးသားရေးဆိုင်ရာ ဗဟုသုတများမသိတော့

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲတော်၌ ကျားခေါင်းပါတီမှ နှစ်သစ်ကူးအမှတ်တရ အဖြစ် သျှမ်းစာ ပေ နှင့် သျှမ်းပြည်ဆိုင်ရာ ဗဟုသုတမေးခွန်းများ အဆင့်သုံးဆင့်ဖြင့် ဉာဏ်စမ်းမေးခွန်းမေးမြန်းခဲ့ကြောင်း ၇၀ % ခန့် က အဖြေမှန်မသိကြကြောင်း လူငယ်အရေးမြင့်တင်သူ SNLD လူငယ်များက ပြောသည်။

'သေမင်းတမန်' ပြန်ဖောက်ရန် စတင်လေ့လာနေ

ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် မြန်မာ-ထိုင်း 'သေမင်းတမန်' ရထားလမ်းမှ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်းကို ပြန်လည် ဖောက်လုပ်ရန်အတွက် ဖြစ်နိုင်ခြေ ရှိသည့် လေ့လာစမ်းသပ်ချက် (Feasibility Survey) ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန် ရှိသူများက မဇ္ဈိမကို ပြောဆိုသည်။

စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ (MITU) ကို ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ(၁၆) ရက်နေ့က အဖွဲ့ဝင်အခြေခံသမဂ္ဂများမှ ကိုယ်စားလှယ်များခေါ်ယူ၍ တောင်ဒဂုံမြို့နယ်၊ နိကာယ်စာသင်တိုက်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည်ဟု အ တွင်းရေးမှူးဖြစ်သူ ဦးအောင်သူက ဆိုသည်။

‘ဆေးမတိုးသည့် ငှက်ဖျား’ သုတေသန မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေ

အသက်ဆုံးရှုံးစေနိုင်သည် အထိ ပြင်းထန်ကာ ဆေးမတိုး တော့သည့် ငှက်ဖျားရောဂါပျံ့ပွါးမှုနှင့် ပတ်သက်၍ ဆန်းသစ်ထူးခြား သည့် သုတေသနကို အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသီများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။

တနှစ်အတွင်း မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း တာကာ ၁၁၆ သန်းဖိုး ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့် နိုင်ငံ ကော့စ်ဘဇား အခြေစိုက် နယ်ခြားစောင့် ဘီဂျီဘီ အမှတ် (၁၇) တပ်ရင်းသည် မြန်မာ-ဘင်္ဂလား နယ်စပ် တလျှောက်မှ ၂၀၁၂ ခုနှစ် တစ်နှစ် အတွင်း တာကာ သန်းပေါင်း (၁၁၆) တန်ဖိုးရှိ မူးယစ် ဆေးဝါး အပါအ၀င် မှောင်ခိုပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထားဝယ် စီးပွါးရေးဇုန် ဧရိယာ မြန်မာ လျှော့ချလိုဟု ထိုင်းသတင်းစာဆို

မြန်မာအစိုးရ အနေဖြင့် ထားဝယ် အထူး စီးပွါးရေးဇုန်၏ ဧရိယာအား ၂၄ဝ.၅ စတုရန်း ကီလိုမီတာမှ ၁၅ဝ စတုရန်း ကီလိုမီတာသို့ လျှော့ချလိုကြောင်း အဆိုပြုခဲ့သဖြင့် ထိုင်းနိုင်ငံအား စိုးရိမ်စေခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဗုဒ္ဓဟူးနေ့က ရေးသား ဖော်ပြထားသည်။

GSM ဆင်းမ်ကဒ်ကို ကျပ်တသိန်းနှစ်သောင်းခန့်ဖြင့် ဇန်နဝါရီမှာ ရောင်းချဖွယ်ရှိ

3G-GSM တန်ဖိုးနည်းဖုန်း ဆင်းကဒ်များကို ကျပ် တသိန်း နှစ်သောင်း ဝန်းကျင်ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ရောင်းချပေးဖွယ်ရှိကြောင်း ဆက်သွယ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ ကြားသိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp