---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/2
Subject: [လူဗိုလ်ဟူသည် ...] လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းကိုးနည်း
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/03/2012 10:22:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/2
Subject: [လူဗိုလ်ဟူသည် ...] လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းကိုးနည်း
To: lubo601@gmail.com
by Health Articles on Saturday, December 1, 2012 at 11:04pm ·

၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဒါ့အပြင် ထပ်ဆောင်း အာနိသင် အနေနဲ့ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်းကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။ ၂) အိပ်ရေးဝဝ အိပ်စက်ပါ
မအိပ်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်တာ၊ အခန်းတွင်းမှာ စံပယ်ရနံ့သင်းတဲ့ ဖယောင်းတိုင် ထွန်းညှိထားတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာက လေဖြတ်နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေ အနေနဲ့ မအိပ်ခင်မှာ စံပယ်ပန်းရနံ့ကို ရှူရှိုက်ရတာက မြန်မြန် အိပ်ပျော်စေပါတယ်။
၃) သွားတိုက်တံကို ပိုးသန့်စင်ပါ
သွားတိုက်တံကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက နှလုံးသွေးကြောကို ထူစေပါတယ်။ ဒါဟာ လေဖြတ်တာကို ဖြစ်စေနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်တွေက ဆိုပါတယ်။ သွားတိုက်ပြီးတဲ့အခါ သွားတိုက်တံကို ဆေးကြောပြီးနောက် ပိုးသတ်အာနိသင်ရှိတဲ့ ခံတွင်းသန့်စင်ဆေးရည်ထဲကို နှစ်ထားပေးပါ။
၎) နားကြပ်ဖြင့် ဖုန်းပြောပါ
သင်ဖုန်းပြောဖို့ လက်မအားတာကြောင့် ပခုံးနဲ့ညှပ်ပြီး ဖုန်းပြောတာက ကျောရိုးအာရုံကြောမကြီးကို ဖိအား သက်ရောက်စေတာကြောင့် လေဖြတ်နိုင်ခြေ ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။
၅) နေ့စဉ် နို့သောက်ပါ
အဆီထုတ်ထားတဲ့ နို့ကို တစ်နေ့ နှစ်ခွက်-သုံးခွက် နေ့စဉ် သောက်ပေးတာက လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ အင်္ဂလန်မှ ပညာရှင်တွေက ပြောပါတယ်။ သင်က အစားလျှော့စားနေဖြစ်ပါက အဆီထုတ်ထားတဲ့ နို့သောက်တာက ကယ်လိုရီကို လျှော့ချရာလည်း ရောက်ပါတယ်။ နို့သောက်တာက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်တဲ့အပြင် ကြွက်သား တည်ဆောက်မှုကိုလည်း အားပေးပါတယ်။
၆) ဆယ်လ်မွန်ငါး ပိုစားပါ
အဆီများတဲ့ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးကြိမ်ထက် ပိုစားပေးတာက လေဖြတ်တာကို ဦးတည်စေတဲ့ ဦးနှောက်ရဲ့ ထိခိုက်မှုကို လျော့နည်းစေတယ်လို့ အမေရိကန်မှ သုတေသီတွေက ပြောပါတယ်။ ဆယ်လ်မွန်ငါးမှာ ဦးနှောက်အာရုံကြောတွေကို ကောင်းမွန်စေတဲ့ အိုမီဂါ-၃ အဆီ ပါဝင်တာကြောင့်ပါ။
၇) ဒေါသကို ထိန်းချုပ်ပါ
မကြာခဏ ဒေါသဖြစ်တာက လေဖြတ်နိုင်ခြေကို နှစ်ဆတိုးစေပါတယ်။ သင်က သင့်ဒေါသကို မထိန်းချုပ်နိုင်ပါက DHA ကို ဖြည့်စွက် သောက်သုံးပါ။
၈) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဖြတ်လိုက်တာတောင် နောင် ၁၅ နှစ်အတွင်းမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။ ဆေးလိပ်ဖြတ်လိုက်တာကြောင့် ပထမဆုံး ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ ဆေးလိပ်ဖြတ်ပြီး ရှစ်နာရီအတွင်းမှာ ခန္ဓာကိုယ်တွင်းမှာ ကာဗွန်မိုနောက်ဆိုက်တွေ လျော့နည်းသွားပြီး သွေးတွင်းမှာ အောက်ဆီဂျင် ပမာဏ မြင့်တက်လာစေပါတယ်။ ဆေးလိပ်ဖြတ်ပြီး နှစ်ရက်အတွင်း နှလုံးတိုက်ခိုက်ခံရနိုင်ခြေကို လျှော့ချနိုင်ပြီး သုံးရက်အတွင်းမှာ စွမ်းအင် ပြည့်ဝလာကာ အသက်ရှူရတာလည်း ပိုမို လွယ်ကူလာပါတယ်။
၉) မျက်လုံးကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ပါ
မျက်လုံးဆိုတာ ခန္ဓာကိုယ်ရဲ့ကျန်းမာရေး အခြေအနေကို ဖော်ပြနိုင်တဲ့ ပြတင်းပေါက်တွေပါ။ အမြင်အာရုံနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး မရှိခဲ့ရင်တောင် ပုံမှန် စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ မျက်လုံးရဲ့ မြင်လွှာသွေးကြောအတွင်း ပြုတ်ထွက်လာတဲ့ သွေးခဲစ တစ်ခုခုကို တွေ့မိပါက လေဖြတ်နိုင်ခြေအတွက် အရေးကြီးတဲ့ သတိပေးလက္ခဏာအဖြစ် သိရှိနိုင်တာကြောင့်ပါ။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) Ref: Good Health Source: http://www.yatanarpon.com.mm/news/news-51250
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/03/2012 10:22:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ