[mrsorcerer:36261] Fwd: [လူဗိုလ်ဟူသည် ...] အင်တာနက် ခရီးကြမ်း (အပိုင်း ၂၃)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/6
Subject: [လူဗိုလ်ဟူသည် ...] အင်တာနက် ခရီးကြမ်း (အပိုင်း ၂၃)
To: lubo601@gmail.com



by May Thandar Win on Thursday, December 6, 2012 at 12:22am 

မကြာခင်မှာပဲ ဂျင်မ်နဲ့မာ့ ဟာ မကြာခဏ တွေ့ဖြစ်ပါတော့တယ်။ မာ့ ဟာ စစချင်းကတော့ သူ့အနေနဲ့ သာမန် ကျောင်းသားလေးတစ်ယောက်ပဲဖြစ်တဲ့အတွက် ဂျင်မ်ကို နည်းနည်းရှိန်ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဂျင်မ်နဲ့ အခြေအတင်ဆွေးနွေးပြောဆိုလာနိုင်ပြီး ဂျင်မ်ကို အင်တာနက် ကုမ္ပဏီ တစ်ခု ထောင်ဖို့ တိုက်တွန်းပါ တော့တယ်။

"ကျွန်တော်တို့တွေ မိုးဇက်ကို လှဲသိပ်မယ့်ဟာမျိုးတစ်ခု လုပ်သင့်တယ်။ မိုးဇက်ထက် ပိုကောင်းတဲ့ browser မျိုးပေါ့။ ဒါဟာ တကယ်လည်း လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုဆိုတာ သိသာနေတာပဲလေ" ဆိုပြီး မာ့ ကပြောပါ တယ်။

ဂျင်မ်။   ။"ဘယ်လိုသိသာနေတာလဲ.. မင်းပြောတာ နားမလည်ဘူး"


မာ့။    ။ "မိုးဇက်ကို လူတွေဘယ်လောက်များများသုံးနေသလဲဆိုတာကြည့်လိုက်..။ ၀က်ဘ်တွေဟာ အင်တာ နက်ရဲ့အောင်မြင်မှုကိုတောင် ကျော်တက်နေပြီ။ အင်တာနက်ရဲ့ အရွယ်အစားဟာ အဲဒီ ၀က်ဘ်တွေများပြား လာလို့ တစ်နှစ်ထက်တစ်နှစ် နှစ်ဆခွဲလောက် ပိုပိုကြီးလာတယ်။ ကျွန်တော်တို့ တစ်ခုခုထုတ်နိုင်တဲ့အချိန်ဆို အင်တာနက်မှာ အသုံးပြုသူ သန်းငါးဆယ်လောက်တောင်ရှိလာတော့မယ်။ အဲဒါ ဈေးကွက်တစ်ခုဖန်တီးဖို့ အတွက် အကောင်းဆုံးအနေအထားပဲ"  

ဂျင်မ်။   ။"ဒါပေမယ့် အခု ငါပြောကြည့်သလောက် လူတော်တော်များများကတော့ Net ကနေ ပိုက်ဆံရှာဖို့ မလွယ် လောက်ဘူးချည်းပဲ။ မင်းဟာကလည်း သေချာစဉ်းစားဦးနော်"

မာ့။    ။"ဟာ.. အဓိပ္ပါယ်မရှိလိုက်တာ.. အဲလိုပြောကြစတမ်းဆိုရင် တယ်လီဖုန်းတုန်းကလည်း ဘယ်သူက ရောင်းမှာလဲ… ဘယ်သူက ၀ယ်မှာလဲ.. ဘယ်သူ့ကိုခေါ်မှာလဲ ဆိုပြီး ပြောခဲ့ကြတာပဲ..။ ဈေးကွက်အသစ်တိုင်း မှာ အရင်ဆုံးစတဲ့သူက စွန့်တော့စွန့်စားရတာပဲ.. ပြီးတော့ တကယ်တမ်းအောင်မြင်လာရင် ချမ်းသာသွားကြတာ ချည်း ပဲ"

ဂျင်မ် လည်း မာ့ ပြောတာကို သေချာနားထောင်ပြီး ခဏလောက်တိတ်သွားပါတယ်။ ပြီးတော့မှ "ကောင်းပြီလေ ဒါဆိုလည်း ချကွာ.. ငါ ပိုက်ဆံစိုက်မယ်..။ အမှန်တိုင်းပြောရရင် မင်းဘယ်လိုလုပ်မယ်ဆိုတာ ငါလည်းမသိဘူး။ ဒါပေမယ့် ငါ့ပိုက်ဆံ ထည့်မယ်.. နောက်တော့ အမြတ်ထွက်အောင် တဖြည်းဖြည်းချင်းလုပ်ကြတာပေါ့..။ ဒီလောက် ကြီးထွားတာမြန်တဲ့ဈေးကွက်မှာ တစ်ခုခုတော့ စီးပွားဖြစ်မယ့်လမ်းရှိမှာပဲ" ဆိုပြီး မျက်စိစုံမှိတ်ပြီး အရင်းအနှီးထည့်ဖို့ သဘောတူလိုက်ပါတော့တယ်။

ဂျင်မ်နဲ့မာ့ ဟာ မိုးဇက်ကို ဆွဲတုန်းက ကူခဲ့တဲ့ မာ့သူငယ်ချင်းပရိုဂရမ်သမားတွေကို ရှာဖို့ အီလီနွိုက်တက္ကသိုလ် ဆီ ထွက်လာခဲ့ကြပါတယ်။ ဂျင်မ်က မာ့ကို တောင်းဆိုထားတာတစ်ခုရှိပါတယ်..။ အဲဒါကတော့ အရင် မိုးဇက်ကို လုပ်ခဲ့ကြတဲ့ တစ်ဖွဲ့လုံးပြန်ရမှ သူ ကုမ္ပဏီထောင်ပေးမယ်ဆိုတာပါပဲ။ အဲဒီကိစ္စကိုလည်း အီလီနွိုက်မှာ ကျန်ခဲ့ တဲ့ အဲရစ်နဲ့တွေ့လိုက်ပြီးတဲ့အခါမှာ အဆင်ချောသွားပါတယ်။

"ကျောင်းက ဘဲတွေ ဒီမိုးဇက်ကို ယူလိုက်ပြီး မင်းလည်း ဒီကနေထွက်သွားပြီးကတည်းက အားလုံးခြောက်ကပ် သွားလိုက်တာကွာ" ဆိုပြီး အဲရစ်ဟာ ပြောလည်းပြော သူတို့အဖွဲ့ ပရိုဂရမ်မာ သူငယ်ချင်းတွေကိုလည်း စုပေးပါ တယ်။

အဲဒီလိုနဲ့ မာ့ရဲ့ သူငယ်ချင်းတစ်စုဟာ မာ့တို့နဲ့အတူ ဆီလီကွန်ဗယ်လီကို လိုက်လာကြပါတော့တယ်။ မကြာခင် မှာပဲ မိုးဇက်ဟာ မွေးလည်းမွေး သေလည်းသေဆိုသလို ကိုင်တွယ်မယ့် ပရိုဂရမ်မာလည်း မရှိနဲ့ တိမ်မြုပ်သွား ပါတော့တယ်။ ရီစရာတစ်ခုကတော့ အခုချိန်ထိ မိုးဇက်ဟာ တကယ်တီထွင်တဲ့သူတွေ မပိုင်ဘဲ  အီလီနွိုက် တက္ကသိုလ်က ပိုင်တယ်လို့ပဲ မှတ်တမ်းတင်ပါတယ်။

"ငါတို့ကိုတော့ အသေမုန်းလောက်တယ်ကွ" မာ့က အဲရစ်ကို ပြောပါတယ်..

ဂျင်မ်။   ။ "ငါကတော့ မထင်ဘူး.. သူတို့ ကျိတ်ပြီး ကျေနပ်ရင်တောင်ကျေနပ်နေမှာ.. ဘာလို့လည်းဆိုရင် တခြားကျောင်းတွေက သူတို့ကျောင်းထွက်တွေကို အပြင်မှာ တန်းပြီး လုပ်ငန်းတွေ စလုပ်နိုင်တာမျိုးသိပ်ဖြစ်စေ ချင်တာလေ"

"ဒါပေမယ့် သူတို့က ကျွန်တော်တို့ကိုကျတော့ အငြိုးထားမှာပဲဗျ" 

ဂျင်မ်။    ။"အင်း ငါမင်းတို့အားလုံးကို ကျောင်းကနေ မလာတယ်ဆိုတော့ နည်းနည်းတော့ ဖုမှာပေါ့လေ။ မင်းတို့ က သူတို့ကျောင်းအတွက် ကျွန်လို လုပ်ပေးခဲ့တာကိုး"

-------------------------------------------------






၁၉၉၄ ခုနှစ် ဧပြီလမှာ နက်စကေ့ပ် ကွန်မြူနီကေးရှင်းစ် ကို ဂျင်မ်ဦးစီးပြီး စတင်ထူထောင်လိုက်ပါတယ်။ အဲဒီက ထုတ်မယ့် ဆော့ထ်ဝဲ အသစ်မှာ မိုးဇက်ပရိုဂရမ်ရဲ့ ဘယ်လိုအရိပ်မျိုးမှမလွှမ်းရအောင် ဂျင်မ် ကိုယ်တိုင် သေချာ စိစစ်ပါတယ်။

အင်ဂျင်နီယာတွေအားလုံး browser အသစ်နဲ့အတူ ၀က်ဘ်စာမျက်နှာတွေကို browser တွေဆီပို့ပေးမယ့် အဝေးကထိန်းချုပ်တဲ့ ၀က်ဘ်ပရိုဂရမ်တစ်မျိုးကိုပါ စတင်ရေးသားကြပါတော့တယ်။ အဲဒီပရိုဂရမ်ကိုတော့ ၀က်ဘ်ဆာဗာလို့ အများသိကြပါတယ်။ အဲဒီပရိုဂရမ်နှစ်ခုလုံးဟာ မိုးဇက်ထက် အဆပေါင်းများစွာ ပိုမြန်ပြီး feature အသစ်တွေလည်း အများကြီး ပါပါတယ်။ နောက်ပြီး မိုးဇက်လိုလည်း ခဏခဏ ပြုတ်ကျတာမျိုး လိုင်းပြတ်သွားတာမျိုးတွေနည်းပါတယ်။

အရင်မိုးဇက် browser က ရပ်သွားပြီးဆိုရင် ဘာမှ လုပ်လို့မရပါဘူး။ ကွန်ပြူတာကို ပိတ်ပြီး ပြန်ဖွင့်မှပဲ ပြန်ရ တတ်ပါတယ်။ အဲဒါကို ဂျင်မ် ကိုယ်တိုင်လည်း မကြိုက်ပါဘူး။

"အဲဒါကတော့ တကယ်ဆိုးတယ်..။ အဲလိုမျိုးဖြစ်နေမယ့် ပရိုဂရမ်မျိုးတော့ ငါမရောင်းချင်ဘူးကွာ။ မင်းတို့ပဲ စဉ်း စားကြည့်လေ။ မင်းဝယ်ထားတဲ့ကားက ခဏခဏ လမ်းဘေးမှာ ထိုးထိုးရပ်သွားတယ်ဆိုရင် ဘယ်လိုခံစားရ မလဲ" ဆိုပြီး ဂျင်မ်ကပြောပါတယ်။
ဂျွန်။   ။"အဲဒီအတွက်တော့ စိတ်မပူနဲ့ ဂျင်မ်.. အဲဒါရေးတုန်းက ကျွန်တော်တို့က ကျောင်းသားပေါက်စလေးတွေ ပဲ ရှိသေးတာ.. အရည်အသွေးတွေ ဘာတွေလည်း သိပ်စဉ်းစားခဲ့တာမဟုတ်ဘူး.. အပျော်သပ်သပ်ရေးခဲ့တာ လေ"

ဂျင်မ်။   ။"ဟုတ်ပါပြီ.. အခု အရည်အသွေးနဲ့ပတ်သတ်ပြီး စစဉ်းစားရတော့မယ်"

အဲဒီအချိန်တုန်းက ဂျင်မ်ရဲ့ ကုမ္ပဏီက မာ့တို့ အင်ဂျင်နီယာအုပ်စုဟာ အလုပ်ပြီးရင်းအလုပ်နဲ့ကို ပရိုဂရမ်အသစ် အတွက် အပြင်းအထန် အလုပ်လုပ်ကြပါတယ်။ တစ်ခါတလေများဆိုရင် ၄၈ နာရီလုံးလုံး နည်းနည်းလေး တောင်မနားဘဲ ဆော့ထ်ဝဲတွေ တကုပ်ကုပ်နဲ့ရေးလေ့ရှိကြပါတယ်။

ဂျင်မ်ဟာ မကြာခင်မှာ အရင် SIG က ဘေလ်ဖော့စ် ကိုပါ ခေါ်လိုက်ပြီး အားဖြည့်ကြပါတယ်။ နက်စ်ကပေ့ ကို ဘေလ် ရောက်ရောက်ချင်းတုန်းကဆိုရင် အဲဒီက မာ့တို့အဖွဲ့အလုပ်လုပ်ပုံကိုကြည့်ပြီး ပါးစပ်အဟောင်းသား တောင်ဖြစ်ရပါတယ်။ သူ့ဘ၀မှာ လုပ်ဖူးသမျှကုမ္ပဏီတွေမှာ နက်စကေ့ပ်လောက် နေ့မအိပ် ညမအိပ် လုပ်ကြ တာကို မတွေ့ဖူးလို့ပါ။



Marc & Jim



မာ့ ရဲ့ အကောင်းဘက်က တွေးတတ်တဲ့စိတ်နဲ့ တွန်းအားကလည်း သူ့အဖွဲ့သားတွေအတွက် တစ်အား ဖြစ်စေ ခဲ့ပါတယ်။ မာ့ ဟာ လမ်းလျှောက်ရင်း အရူးတစ်ယောက်လို မကြာခဏရေရွတ်နေတတ်တဲ့ စကားတစ်ခွန်းရှိပါ တယ်။ အဲဒါကတော့ "ငါအိပ်မက် မက်တယ်.. ငါအိပ်မက်ကောင်းတစ်ခုမက်တယ်ကွ… အဲဒါက ငါတို့တွေ အဆုံး မှာ အောင်မြင်သွားတယ်တဲ့… ငါတို့ တိုက်ပွဲတွေ တိုက်ကြပြီး အဆုံးမှာ အောင်ပွဲခံတဲ့ အိပ်မက်ကွ…" ဆိုတာပါပဲ






Netscape Navigator



မာ့ဟာ သူကိုယ်တိုင်လည်း တစ်ခြားအင်ဂျင်နီယာတွေထက် ပိုအလုပ်လုပ်ပါတယ်။ အချိန်ပြည့် ရုံးမှာနေပြီး အလုပ်လုပ်ရင်းနဲ့ပဲကြုံသလို အိပ်လေ့ရှိပါတယ်။ သူအိပ်တဲ့နေရာဟာ အမြဲရှုတ်ပွနေတတ်ပြီး သူ့ပရောဂျက်ကို အထောက်အကူပြုမယ်လို့ထင်ရတဲ့ ကမ္ဘာပေါ်မှာ ရှိသမျှစာအုပ်၊ စာတမ်းတွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ အများစုကတော့ ဘေလ်ဂိတ်စ်နဲ့ပတ်သတ်တာတွေများပါတယ်။ မာ့ အနေနဲ့ စီးပွားရေးသမားကောင်းတစ် ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိပ်သိချင်ပါတယ်.. ဘေလ့်ကသူ့အတွက်တော့ အားကျစရာ နမူနာကောင်းတစ်ခုပါပဲ။ ဘေ့လ်ဆီကနေ သူလေ့လာလို့ရမယ်လို့လည်း ယုံကြည်ထားပါတယ်။ ဘေ့လ် ဆီက နေ သူလေ့လာမိသလောက်ပြောရရင် အမြတ်ရဖို့ အရင်ရှာတာထက် ကိုယ့်ရဲ့ကုန်ပစ္စည်းကို လူတွေသုံးချင်လာ အောင် အရင်ဆုံးဆွဲဆောင်သင့်တယ်ဆိုတာပါပဲ။ အိုင်ဘီအမ်က တစ်ကိုယ်ရည်သုံးကွန်ပြူတာဈေးကွက်ကိုရယူ ပြီးတဲ့နောက် လူတိုင်း ပီစီ မှ ပီစီ ဖြစ်သွားတဲ့အခါကျမှ မိုက်ခရိုဆော့ထ် ဟာ သူ့ပစ္စည်းကို ဈေးများများတင်ပြီး အမြတ်များများရအောင်လုပ်ပါတယ်။ ဒါကြောင့် မာ့ လည်း နက်စ်ကေ့ပ် browser ကို စီးပွားရေးလုပ်ငန်း အတွက်သုံးမှာမဟုတ်တဲ့သူတွေကို အလကားပေးပြီး လုပ်ငန်းသမားတွေကိုပဲ ပိုက်ဆံကောက်ဖို့ စဉ်းစားလိုက်ပါတယ်။
"အဲဒါမှ ငါတို့ browser ကို လူတိုင်းသုံးဖြစ်သွားပြီး လူသိများမှာကွ။ ဒါ မိုက်ခရိုဆော့ထ်က လုပ်သွားတဲ့ ပုံစံပဲ မင်းပစ္စည်းကို လူတိုင်းသုံးချင်သွားပြီဆိုတာနဲ့ မင်းမှာ အဲဒါကိုအခြေခံပြီး ပိုက်ဆံရှာလို့ရတဲ့နည်းတွေ အများကြီး ရှိသွားပြီ။ မင်းမှာဈေးကွက်ရှိရင် အမြတ်က နောက်ကနေလိုက်လာလိမ့်မယ်။ ဈေးကွက်မရှိတဲ့ပစ္စည်း ဆိုရင် တော့ အမြတ်က ဘယ်လိုလုပ်လုပ် ရမှာမဟုတ်ဘူး။ ဈေးကွက်ဝေစုရှိတဲ့ ဘယ်လုပ်ငန်းမဆို အောင်မြင်တာ ချည်းပဲ" ဆိုပြီး မာ့ က ဂျင်မ် ကိုပြောလေ့ရှိပါတယ်။

မာ့ ယုံကြည်ထားတာကတော့ ၀က်ဘ်တွေဟာလည်း တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေလိုပဲ ဈေးကွက် အကြီး ကြီးတစ်ခု ရှိတယ်ဆိုတာပါပဲ။

"အခုလို ငါတို့လုပ်မယ့် လုပ်ငန်းမျိုးမှာ များသောအားဖြင့် အဓိက အောင်မြင်တဲ့သူဟာ တစ်ယောက်ပဲ ရှိတတ် တယ်။ ငါက နတ်စ်ကေ့ပ် ကို world wide web ရဲ့ အရှင်သခင်ဖြစ်ချင်တာကွ" ဆိုပြီး မာ့က ကြွေးကြော်ခဲ့ပါ တယ်။

၁၉၉၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ မာ့တို့ရဲ့ ၀က်ဘ် browser အသစ်ကို စတင်ပြီး အင်တာနက်ပေါ် တင်ပါတယ်။ နက်စကေပ့်က အင်ဂျင်နီယာတွေဟာ ပီဇာတွေ ဘီယာတွေနဲ့ တစ်ညလုံးမအိပ်ဘဲ Net ပေါ်ကို ဒေါင်းလုပ် စလုပ်တာကို မျက်တောင်မခတ်ကြည့်ကြပါတယ်။ တစ်နာရီလည်းကြာတော့ ကွန်ပြူတာက စက်ကျ သွားပါတယ်။ အားလုံး "ဟာ" ကနဲ ဖြစ်သွားကြပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ပြန်တင်တဲ့အခါမှာတော့ ချောချော မောမောနဲ့ တင်လို့ ပြီးသွားပါတယ်။

နောက် ရက်အနည်းငယ်အတွင်းမှာပဲ world wide web ပေါ်မှာရှိတဲ့ လူတိုင်းနီးပါးဟာ နက်စကေ့ပ် ကို သုံးနေ တာကို နေရာတိုင်းမှာ တွေ့မြင်ရပါတော့တယ်။ နဗီဂေတာ လို့ခေါ်တဲ့ မာ့တို့ရဲ့ browser ဟာ ပြိုင်ဘက် bowser တွေ အားလုံးထက် အများကြီး ပိုမြန်ပါတယ်။ အရင် HTML ကို ထပ်လောင်းပြင်ဆင်ပြီး feature အသစ်တွေထပ်ဖြည့်ထားတော့ သူ့ browser စာမျက်နှာတွေဟာ အရောင်စုံအသွေးစုံနဲ့ အတော် စိတ်ဝင်စား စရာကောင်းလှပါတယ်။ မကြာခင်မှာ ၀က်ဘ် စာမျက်နှာ အများစုမှာ "ဒီစာမျက်နှာကို နက်စကေ့ပ် နဗီဂေတာ နဲ့ကြည့်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်" ဆိုတဲ့စာသားတွေ ထည့်လာတာကို တွေ့လာရပါတယ်။ ဒါဟာ တစ် နည်းအားဖြင့် အခမဲ့ကြော်ငြာပေးလိုက်သလိုဖြစ်ပြီး သန်းနဲ့ချီတဲ့သုံးစွဲသူတွေဟာ နက်စကေ့ပ် ဆော့ထ်ဝဲကို ဒေါင်းလုပ် လုပ်ကြပါတော့တယ်။  

၁၉၉၃ ခုနှစ်မှာ world wide web ကို ၀င်ကြည့်တဲ့သူထက်  နက်စကေ့ပ် ကို ၀င်တဲ့သူက ပိုများလာပါတယ်။ ၁၉၉၅ နွေဦးမှာတော့ နက်စကေ့ပ်ကိုသုံးစွဲသူ ၁၀ သန်းကျော်နဲ့ လူအ၀င်ဆုံးနံပါတ်တစ် ဖြစ်သွားပါတော့တယ်။ နက်စကေ့ပ်ကို အစောဆုံးအသုံးပြုကြသူတွေကတော့ စီးပွားရေးလုပ်ငန်းတွေ များပါတယ်။ အဲဒီအချိန်မတိုင်ခင် က အင်တာနက်ကနေတစ်ဆင့် ပစ္စည်းတွေ အရောင်းအ၀ယ်လုပ်ကြတယ်ဆိုတာမရှိသေးပါဘူး။ ဒါပေမယ့် နက်စကေ့ပ်ကနေတစ်ဆင့် website လို့ခေါ်တဲ့ စာမျက်နှာတွေအများကြီးနဲ့ဖွဲစည်းထားတဲ့ ၀က်ဘ်လင့်ခ်တွေ ကနေ တစ်ဆင့် ပစ္စည်းတွေဈေးကွက်တင် ရောင်းချတဲ့ ကုမ္ပဏီတွေအနေနဲ့ အရမ်းကို အဆင်ပြေလွယ်ကူလာ တာကို တွေ့ရပါတယ်။

ဘာလို့လဲဆိုရင် ပထမအချက်ကတော့ အဲဒီကုမ္ပဏီတွေအနေနဲ့ ဖုန်းဖြေကြားမယ့် အော်ပရေတာ သမားကို ငှား ရတာထက် ၀က်ဘ်ဆိုက်မှာ သူတို့ကုန်ပစ္စည်းအကြောင်း သတင်းအချက်တွေ ဖြန့်ဝေရတာဟာ ကုန်ကျစရိတ်ပို သက်သာလို့ပါ။ ဒုတိယအချက်ကတော့ အခြားလုပ်ငန်းသစ်တွေကို စွဲဆောင်ရာမှာလည်း အထောက်အကူဖြစ် ပါတယ်။ ဘာလို့လည်းဆိုရင် အများစုဟာ တစ်ခုခုမလုပ်ခင် ဈေးတွေလေ့လာတာ၊ သတင်းအချက်အလက်တွေ စုံစမ်းကြည့်တာမျိုးတွေ လုပ်ချင်တာဖြစ်တဲ့အတွက် အခုလို ၀က်ဘ် ပေါ်ကနေတစ်ဆင့် သိရတဲ့အခါမှာ အရင်လို ဒါလေးတစ်ခုအတွက်နဲ့ခရီးတွေထွက် လုပ်ငန်းရှင်နဲ့ လာတွေ့ ဒါမှမဟုတ် ဖုန်းတွေဆက် ဟိုလူဒီလူကို လိုက် မေးနေရတဲ့ဒုက္ခကနေ ကင်းဝေးသွားလို့ပါ။ တတိယအချက်အနေနဲ့ကတော့ ၀က်ဘ် ဟာ တစ်ဦးချင်းကြားမှာ သာမက ကုမ္ပဏီအဖွဲ့အစည်းတွေအားလုံးရဲ့ကြားမှာပါ ရေပန်းစားလှတဲ့ ဖက်ရှင်တစ်ခုလိုဖြစ်နေတော့ ၀က်ဘ် မသုံးရင်ဘဲ ခေတ်မမီတော့သလိုဖြစ်နေကြတဲ့ခေတ်မှာ အားလုံးဝက်ဘ်ကို တစ်နည်းမဟုတ်တစ်နည်း ကြည့်ကြ မယ်ဆိုတာ သေချာနေလို့ပါ။  

နက်စကေ့ပ်ဟာ  အင်တာနက်မှာ ၀က်ဘ်ဆိုက် ထောင်ချင်တဲ့ လုပ်ငန်းသမားတွေအတွက် ဒေါ်လာ ၁၅၀၀ နဲ့ ၅၀၀၀ ကြား ၀န်ဆောင်ခ ယူပြီး ၀က်ဘ်ဆိုက် ဆော့ထ်ဝဲရေးပေးပါတယ်။ ဒီလိုနည်းနဲ့ နက်စကေ့ပ်ဟာ အမြတ် တွေရလာလိုက်တာ ပထမဆုံး ဘဏ္ဍာရေးနှစ်မှာတင် ဒေါ်လာ ၇၅ သန်းဝင်ငွေရှိခဲ့ပြီး ဒုတိနှစ်မှာ ၀င်ငွေငါးဆ မက တက်သွားလိုက်တာ ဒေါ်လာ ၃၇၅ သန်း အထိ ရောက်သွားပါတော့တယ်။

၁၉၉၅ သြဂုတ်လမှာတော့ နက်စကေ့ပ် ဟာ အများပိုင်ကုမ္ပဏီအဖြစ်အသွင်ပြောင်းလိုက်ပြီး သူ့ကုမ္ပဏီရဲ့ ရှယ်ယာတွေ အများပြည်သူဆီကို ပထမဆုံးအကြိမ် ရောင်းချပါတော့တယ်။ ညနေပိုင်း အရောင်းပိတ်တဲ့ အချိန်မှာ ၂၈ ဒေါ်လာပဲ ပေါက်တဲ့ နက်စကေ့ပ်ရှယ်ယာတစ်ခုဟာ နောက်နေ့မနက် မိုးလင်းလို့ရှယ်ယာဖွင့်တာနဲ့ ဒေါ်လာ ၇၀ ချက်ခြင်း တန်းပေါက်ပါတယ်။ အဲဒီအချိန်တုန်းက နက်စကေ့ပ်ရဲ့ အုန်းအုန်းကြွပ်ကြွပ်နဲ့ ရှယ်ယာ ဈေးအတက်မြန်ချက်ကတော့ လူတိုင်း ပြောမဆုံးအောင်ပါပဲ။ အမေရိကားရဲ့ ငွေးကြေးဈေးကွက်ဆိုင်ရာ မဏ္ဍိုင်သတင်းစာကြီးတစ်စောင်က ဘယ်လိုတောင်ပြောသလဲဆိုရင်..

"ကနေ့ အအောင်မြင်ဆုံးဖြစ်နေတဲ့ ကုမ္ပဏီတွေ သူတို့ရဲ့လုပ်ငန်း ၂ ဒဿမ ၇ ဘီလျှံတန်ဖြစ်လာအောင် လုပ်ဖို့ နှစ် ၅၀ လောက် စောင့်ရပါတယ်။ နက်စကေ့ပ်ကတော့ တစ်မိနစ်ပဲကြာပါတယ်"




(အပိုင်း ၂၄ ဆက်ရန်)



မေသန္တာဝင်း



၂၀၁၂ ဒီဇင်ဘာ ၆ ရက်နေ့


နေ့လည် ၂ နာရီ ၅၂ မိနစ်




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/07/2012 12:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ