---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/11
Subject: [လူဗိုလ်ဟူသည် ...] စိတ်
To: lubo601@gmail.com
စိတ်ဆိုတာ တည်တည်ငြိမ်ငြိမ် နေတတ်တာ နည်းပါတယ်။ ဗုဒ္ဓကတော့ စိတ်၏သဘောသဘာဝတွေကို နာယူသူ စရိုက်အနေထားကြည့်ပြီး နည်းစုံအောင် ဟောသွားခဲ့တယ်။ အငြိမ်မနေတတ်လို့
မျောက်နဲ့လဲတူတယ်။ ပျာယာခတ် အိနြေ္ဒမရလွန်းလို့ ကျားလိုက်ခံရတဲ့ သမင်လိုပဲ။ အဝေးဆုံးက အာရုံကို ဖမ်းယူနိုင်စွမ်းရှိလို့ အပြေးမြန်တဲ့ မြင်းလိုပဲတဲ့။ မကောင်းဘူးဆိုတာ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/12/2012 09:18:00 AM

သိပေမဲ့ တားမရလွန်းလို့ လိုက်လျှောရတာ များတယ်။ စိတ်နောက် ကိုယ်ပါရလို့ မကောင်းမှု့မှာပဲ ပျော်မွေ့တတ်တယ်။
စိတ်ဟာ ညစ်နွမ်းတဲ့ ကိလေသာနဲ့ ပေါင်းသင်းမိရင် သောက ရောက်ရတယ်။ ပူရတယ်။ စိုးရိမ်ရတယ်။ ကိုယ့်အတွက် ခွန်အားမဖြစ်ဘူးဆိုတာ သိနေပေမဲ့ တွေးနေမိတတ်တယ်။ ပူနေမိ ၀မ်းနည်းနေမိတတ်တယ်။ ကိုယ့်အတွက် အကျိုးမရှိဘူးဆိုတာ သိပေမဲ့ လက်ခံနေမိတတ်တယ်။ ညစ်နွမ်းတဲ့ အပူအတွေးသံသရာမှာ ရုန်းမထွက်နိုင်ပဲ မျောနေမိတတ်တယ်။ တခါတလေ ချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် စိတ်ထဲမှာ ကိုယ့်အလုပ်ထက် အရေးပေး နေရာပေးနေရတတ်တယ်။ အိပ်ရာပေါ် လှဲနေရပေမဲ့ အိပ်မရပဲ ညဉ့်တာရှည်ရတတ်တယ်။ သဘောထားမမှန်တဲ့စိတ်ဟာ အလုပ်ကိစ္စကို အနှောင့်အယှက်ပေးတတ်တယ်။
စိတ်မတည်ငြိမ်လို့ ရုပ်လဲ မတည်ငြိမ်ဘူး။ စိတ်လှုပ် ရုပ်လှုပ်တဲ့ သူဟာ ဆောက်တည်ရာမဲ့လာတတ်တယ်။ အဖြေမတွေ့ရင် အစားပျက် အအိပ်ပျက် ဖြစ်တတ်တယ်။ တန်ဘိုးကြီးတဲ့ ကျန်းမာခြင်း ဆုလာဒ်တွေ ဆုံးရှုံးတတ်တယ်။ ကိုယ်မလိုချင်ပဲ နေရာယူနေတဲ့ ကိုယ့်သန္တာန်က မကောင်းတဲ့ အတွေးတွေကို ဘယ်လိုဖြေဖျောက်မလဲ။ ဖြေရှင်းမလဲ။ မြတ်ဗုဒ္ဓညွန်ပြပေးထားတဲ့ နည်းလမ်း ငါးခုရှိတယ်။
(၁) အာရုံပြောင်းပြီးတော့ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၂) အပြစ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၃) မေ့ပစ်ခြင်းဖြင့် ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၄) ဇစ်မြစ် အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
(၅) နောက်ဆုံး စိတ်ကို စိတ်နဲ့ဖိညှစ်ပြီး မရရအောင် ကြိုးစားကာ ဖြေရှင်းပါ။ ဖျောက်ဖျက်ပါ။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကလဲ ဒါကို အထူးဟောကြားဘူးပါတယ်။ စိတ်ဆိုတဲ့ အရာက နမ်တရားဖြစ်တော့ သိမ်မွေ့တယ်။ နုညံ့တယ်။ ကိုင်တွယ်ရတာ ခက်တယ်။ နုညံ့လေလေ ကိုင်တွယ်ရတာ ခက်လေလေပဲ။ နည်းလေးတွေသိပြီးတော့ ကိုယ့်ကိုယ်ဒုက္ခမဖြစ်အောင် နေထိုင်သင့်တယ်။ သတိထား ဉာဏ်အားလေးနဲ့ အေးချမ်းအောင် ပျော်ရွှင်အောင် နေသင့်တယ်။
စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နုမို့ သတိထား ရမယ်။ ကောင်းတဲ့ကံ ကောင်းတဲ့စိတ် ကောင်းတဲ့ဥတု ကောင်းတဲ့အဟာရ မျှမျှတတ ဖြစ်အောင် ဖတ်တီးယူရမယ်။ ဒါမှ စိတ်ကော ရုပ်ကော မပျက်စီးသင့်တာ မပျက်စီးပဲ ဘ၀မှာ သက်တန်းစေ့ နေပြီး တန်ဘိုးရှိတဲ့ အလုပ်တွေ များများလုပ်နိုင်မှာဖြစ်တယ်။
မကောင်းတဲ့ စိတ်နေစိတ်ထားတွေ လက်မခံမိပါစေပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင် ကြပါစေ၊ စိတ်မှာ စွမ်းအားတွေ ခွန်အားတွေရှိလို့ ကောင်းတဲ့ စွမ်းအားတွေ ခွန်းအားတွေ ကိုယ့်ဘ၀မြင့်သထက်မြင့်အောင် ဖန်တီးရယူနိုင်ကြပါစေလို့ မျှဝေလိုက်ပါတယ်။
အတွေးအမြင်
မှ - (bawazatkhon.blogspot.com)

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ