[mrsorcerer:36364] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/13
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


(၃) လကြာ ပျောက်သွားတဲ့ အိမ်ဖော်ကောင်မလေး ပြန်ရှာတွေ့ပြီ

Posted: 13 Dec 2012 06:18 AM PST

အိမ်ဖော် လာရောက် လုပ်ကိုင်နေသော မိန်းကလေး တစ်ဦး လူကုန်ကူး ရောင်းစား ခံရသဖြင့် ပျောက်ဆုံး သွားသလို၊ အိမ်ရှင်မှ နှိပ်စက် ညှင်းပန်းပြီး သတ်ဖြတ် အလောင်းဖျောက် ခံရသလို အသံများ ထွက်ပေါ်ခဲ့သော ဟင်္သာတမြို့ ဘုရားကြီး(၃)လမ်း က အိမ်ဖော်မလေး ပျောက်ဆုံးသွားခဲ့သော လူပျောက်မှုကို---

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



စစ်အာဏာရှင် အစိုးရလက်ထက်က လမ်းညွှန်ချက် ဟင်္သာတမြို့ဆေးရုံတွင် နေရာယူဆဲဖြစ်

Posted: 13 Dec 2012 06:25 AM PST

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ပြည်သူ့ ဆေးရုံကြီး၏ ဝင်ပေါက် အဝတွင် နေရာယူ ထားသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက် ဆိုင်းဘုတ် သည် ယနေ့တိုင် ခန့်ညားထည်ဝါစွာ တည်မြဲလျှက် ရှိကြောင်း တွေ့ရှိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရားစီရင်ရေးမဏ္ဍိုင် လုပ်ကိုင်နေသူ ဝန်ထမ်းများအနေဖြင့် လုံခြုံမှုမရှိဟု တရားသူကြီးတစ်ဦးက ပြောကြား

Posted: 13 Dec 2012 06:31 AM PST

တရားစီရင်ရေး မဏ္ဍိုင်တွင် လုပ်ကိုင်နေသူ ဝန်ထမ်းများ အနေဖြင့် လုံခြုံမှုမရှိ၊ အကာအကွယ် မဲ့နေသည် ဟု ၎င်းအနေဖြင့် ထင်မြင်ယူဆ မိကြောင်း ဒုတိယ မြို့နယ် တရားသူကြီး၊ တရားရေး ဝန်ထမ်းတဦးက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


မုံရွာမြို့မှ ဆရာတော်များ ဒီဇင်ဘာ ၁၃ တွင် ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒထုတ်ဖော်

Posted: 13 Dec 2012 06:38 AM PST

မုံရွာမြို့ပေါ် ကျောင်းတိုက် အသီးသီးမှ သံဃာတော် အပါး ၅၀ ခန့်သည် ဒီဇင်ဘာလ ၁၃ ၇က် မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်တွင် ရွှေစည်းခုံ စေတီတော် မြောက်ဘက် ရင်ပြင်တော်တွင် စုဝေးပြီး ရွှေစည်းခုံ စေတီတော် မြောက်ဘက်မုခ်-ဘူတာလမ်း-ဗိုလ်ချုပ်လမ်း-မြို့ပတ်လမ်း- ကန္နားလမ်း-ကျောက်ဆောင်ဆိပ်-ဘူတာလမ်းတို့ အတိုင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဓာတ်ပုံ- မျိုးမင်းဦး


စင်ကာပူကမ်းလွန်ရှိ ဗီယက်နမ်သင်္ဘောပေါ်တွင် မြန်မာမှ ထွက်ပြေးလာဟုဆိုသူ လူ ၄၀ ကို စင်ကာပူဝင်ခွင့်မပေး

Posted: 13 Dec 2012 06:47 AM PST

ထိုလူများသည် ဒီဇင်ဘာ ၅ ရက်နေ့က ပင်လယ်အတွင်း လှေနစ်မြုပ် ပြီးနောက် ဗီယက်နမ် သင်္ဘောက ကယ်တင်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့ အဆိုအရ သိရသည်။ အဆိုပါ ကယ်တင် ခံထားရ သူများမှာ နိုင်ငံမှ ထွက်ပြေး လာသော ဘင်္ဂါလီများ ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရသေးကြောင်း၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖယ်ခုံတွင် လူ့အခွင့်အရေး ဆွေးနွေးပွဲ တားမြစ်ခံရ

Posted: 13 Dec 2012 06:54 AM PST

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့တွင် လူအခွင့်အရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ပြုလုပ်နေစဉ် မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်ဖြင့် လာရောက် တားမြစ်ခြင်း ခံရကြောင်း ယင်းပွဲစီစဉ်သူ ကယန်း လူငယ် အဖွဲ့မှ ဦးလွီစီညိမ်းက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူအခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့မှ ဦးမြင့်အေး


ဧရာဝတီ တိုင်းတွင် ပိုးကျ၍ မတ်ပဲများ ပျက်စီး

Posted: 13 Dec 2012 07:00 AM PST

ဧရာဝတီတိုင်း ဒေသကြီး တွင် ပြီးခဲ့သည့် မိုးရာသီ ကာလ အတွင်း လယ်မြေများ ရေနစ်မြုပ်၍ စပါးများ ပျက်စီး ခဲ့ပြီး ယခု မတ်ပဲရာသီ တွင်လည်း ပိုးကျသဖြင့် မတ်ပဲများ ပျက်စီးမှု များပြားကြောင်း ယင်းဒေသ များမှ တောင်သူ များက ပြောကြားသည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အာဆီယံ-အိန္ဒိယ နယ်စပ် ဖြတ်ကျော် ကားမောင်းပွဲ မြန်မာရှစ်ဦး ပါဝင်

Posted: 13 Dec 2012 07:06 AM PST

အိန္ဒိယ နိုင်ငံနှင့် အာဆီယံ နိုင်ငံများကို ဖြတ်သန်း သွားလာနိုင်သည့် လမ်းကြောင်းတွင် ကျင်းပ သည့် ဒုတိယ အကြိမ် ကားမောင်းပွဲ (ASEAN – INDIA CAR RALLY 2012) တွင် မြန်မာနိုင်ငံက ရှစ်ဦး ပါဝင်ခဲ့ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံး ထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



ရွှေလုပ်သား လေးဦးကို အာမခံပေး

Posted: 13 Dec 2012 07:11 AM PST

ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒ ထုတ်ဖော် ခဲ့သည့် မိုးထိမိုးမိ ရွှေလုပ်သား များထဲမှ ခေါင်းဆောင် ၄ဦးကို ရေတာရှည် မြို့နယ် တရားရုံး က ပုဒ်မ ၂ ခုဖြင့် တရား စွဲဆိုထားပြီး စွဲဆို ထားသော ပုဒ်မ များမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဥပဒေ ပုဒ်မ ပုဒ်မ(၁၈) အတွက်----

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


အစိုးရ အတည်ပြုချက် ရလျှင် Visa ကတ် မြန်မာ နိုင်ငံသားများ ပြည်ပတွင် အသုံး ပြုနိုင်မည်

Posted: 13 Dec 2012 07:17 AM PST

နိုင်ငံတကာ အီလက် ထရောနစ် ငွေပေးချေခြင်း တစ်ရပ် ဖြစ်သော Visa ကတ် စနစ်ကို မြန်မာ နိုင်ငံသားများ ပြည်ပ တွင် အသုံး ပြုနိုင်ရန် မြန်မာ အစိုးရ၏ အတည် ပြုချက် ရရှိရန်သာ လိုအပ် ကြောင်း Visa မှ ထုတ်ကုန်များ ဖော်ထုတ်ရေး အကြီးကဲ---

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှားခဲအင်း ပြဿနာ ကြောင့် တရားစွဲ ခံရသူများ တရား ရင်ဆိုင်

Posted: 13 Dec 2012 07:24 AM PST

ရေချို ငါးဖမ်း ဥပဒေအရ ရှားခဲအင်း ပြဿနာ တရားစွဲ ခံရသူများ ကျုံပျော် မြို့နယ် တရားရုံး တွင် ဒီဇင်ဘာ ၁၂ ရက်နေ့က ငါးကြိမ်မြောက် တရား ဆက်လက် ရင်ဆိုင် နေရကြောင်း ယင်း တရား ရင်ဆိုင်နေရသူ များထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နန်းခင်ဇေယျာ ပအိုဝ်း ပရဟိတ လူငယ်ကွန်ယက် အတွက် အလှုငွေ ပေးအပ် (ရုပ်/သံ)

Posted: 13 Dec 2012 03:38 AM PST

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ ၂၀၁၂ ပြိုင်ပွဲဝင် နန်းခင်ဇေယျာဟာ မွန်ပြည်နယ်၊ သထုံမြို့ ကို လာရောက်ပြီး ပအိုဝ်း ပရဟိတ လူငယ်ကွန်ယက် အတွက် အလှုငွေ ပေးအပ် ခဲ့ပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ဦးအောင်သက်ဦး (မွန်ပြည်နယ်)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





ကံ့ကော်ပန်းတွေလဲ မွှေးနေရမယ်၊ ခုံတန်းလျားလေးတွေလဲရှိနေရမယ်

Posted: 13 Dec 2012 03:29 AM PST

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တက္ကသိုလ်က ပါမောက္ခတွေရဲ့ တင်ပြချက် တွေကို စိတ်ဝင်တစား နားထောင်ပြီး တဲ့နောက် ရန်ကုန် တက္ကသိုလ် နယ်မြေ တခုလုံးကို ပြင်ဆင် ချင်တယ်။ ရန်ကုန် တက္ကသိုလ်ဆိုတာနဲ့ အရင်ကလို ကံ့ကော်ပန်းတွေလဲ မွှေးနေရမယ်၊ ခုံတန်းလျား လေးတွေလဲ ရှိနေရမယ်၊----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Burma VJ Media Network

စစ်ကိုင်းငလျင် တလပြည့် နောက်ဆက်တွဲ

Posted: 13 Dec 2012 02:45 AM PST

စစ်ကိုင်းတိုင်း အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ရစ်ခ်ျတာစကေး ၆ ဒ သ မ ၈ အ ဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ ပြီးတဲ့နောက် ဒီနေ့ထိ နောက်ဆက်တွဲ ငလျင် ၉၂ကြိမ်ထိ လှုပ်ခဲ့တယ်လို့ စုံစမ်းသိ ရှိ ရပါတယ်။ ငလျင်ဒဏ် ခံစားခဲ့၇တဲ့ ဒေသတွေဘက်က ပြည်သူတွေ အခြေအနေ မေးကြည့်တော့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲ ခွန်ထွန်းဦးတက်ရောက်ဖွင့်လှစ်

Posted: 13 Dec 2012 02:24 AM PST

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုး သားလုံး စုပေါင်း ကျင်းပသော သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ဖွင့်ပွဲ ယနေ့ မနက် ကျင်းပရာ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး ကိုယ်တိုင် တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။ "ကျိုင်းတုံမြို့ ဘောလုံးကွင်းမှာ ဖွင့်ပွဲလုပ်တယ်။ ပရိတ်သတ် ၈၀၀၀ ကျော်တက် ရောက်တယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျိုင်းတုံမြို့  သျှမ်းနှစ်သစ်ကူး ပွဲတော်အား ခွန်ထွန်းဦးနှင့် စိုင်းလုံးဆိုင်တို့ ဖဲကြိုးဖြတ် ပွဲဖွင့်လှစ်စဉ် (ဓါတ်ပုံ-ကော့လီမီဒီယာ)

၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/ SSA ပြော

Posted: 13 Dec 2012 02:04 AM PST

မြန်မာ စစ်တပ်က ပြည်သူ လူထုအား မတရား အသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကိုလည်း ဖမ်းဆီးရမည်ဟု RCSS/ SSA က ပြောကြားလိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျိုင်းတုံ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်၌ တွေ့ရသည့် ဗိုလ်မှူးချုပ် ပေါင်ခေး (Photo : Kawli Media)

ဒုတိယဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်

Posted: 13 Dec 2012 01:02 AM PST

အသက်(၉)နှစ်အရွယ် သားငယ်ကို အိမ်မှာ ထားခဲ့ရသော် စိတ်မချ နိုင်သည့် ခင်သန္တာ တစ်ယောက် သူ့သားငယ်ကို "မေမေ စစ်တွေသွားမယ် သားသားအတွက် မုန့်တွေ ဝယ်လာခဲ့မယ်" ဟု မှာနေကျ စကားဖြင့် နှစ်သိမ့်ခဲ့သည်။

နံနက်စောစော စစ်တွေသို့ သွားရန် ပုဏ္ဏားကျွန်းမြို့ ထွက်လာခြင်း ဖြစ်သည်။ ခင်သန္တာသည် PLHIV( People Living with HIV)ဖြင့် အသက်ရှင် နေထိုင်နေသူ တစ်ဦး ဖြစ်သည်။ အေအာတီ(ART) ဆေးဝါး ရရှိရန် အတွက် စစ်တွေမြို့သို့ သွားရောက် ရခြင်းဖြစ်သည်။ စိတ်ထဲ၌ "အေအာတီ ဆေးဝါးရပါ့မလား၊ တကယ်လို့မရင် ငါ့ဘဝတော့ အို…..ဘုရားရယ်!" စသည့် အတွေးများဖြင့် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဒိုင်နာကားဖြင့် ထွက်ခဲ့သည်။

ရခိုင် အရေးခင်းကာလ၌ PLHIV ဝေဒနာရှင်များ အတွက် ဆေးဝါးထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။  အေအာတီ ဆေးဝါးကို   ထောက်ပံ့ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ ဆေးပေးခန်းလည်း ပိတ်ထားလိုက် ရသည်။ အရေးအခင်း (၆)လကျော်လာသော်လည်း PLHIV ဝေဒနာရှင် ခင်သန္တာမှာမူ မည့်သည့်နေရာ၌ ဆေးရယူရမည်ကို မသိဖြစ်နေသည်။

ဒိုင်နားကားပေါ်တွင် ခရီးသည်များ ဟာသပြောရင်း ရယ်မောနေကြသော်လည်း ခင်သန္တာတစ်ယောက် စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြ စိတ်များကြောင့် မရယ်နိုင်။

တကယ်လို့များ သူမ အေအာတီဆေးဝါးမရခဲ့လျှင်  သူမဘာလုပ်ရမည်နည်း။ လူမမယ်ခလေးအတွက် ဘယ်လို လုပ်ရမလဲစသည်ဖြင့် အတွေးများ နစ်ဝင်နေသည်။

" ပုဏ္ဏားကျွန်းမြို့ကခရီးသည်တွေ ဆင်းလို့ရပြီ" ဟု ကားစပယ်ယာအသံကြားလိုက်မှ စစ်တွေရောက်မှန်း သိသည်။ ယခင်က သူမစစ်တွေမြို့သို့ အချိန်တိုင်းရောက်ဖြစ်သည်။ စစ်တွေမြို့တွင် ဆွေမျိုးများလည်း ရှိသည်။ သို့သော် မထင်မှတ်သော ဖြစ်ရပ်ဆိုးများကြောင့် သူမကို ဥပေက္ခာပြုထားကြသည်။

"မိဘဆွေမျိုးဆိုတာ ကောင်းတာတွေ အများကြီးရှိပေမယ့် ကျမတို့လိုဘဝတူတွေနဲ့ မတူတာတွေ အများကြီး ရှိတယ်။ ဘဝတူတွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကူညီရိုင်းပင်းကြတယ်။  ငွေကြေးက အစပေါ့။ ကိုယ့်မိသားစုတွေ ဆီသွားတော့ အဆဲအဆိုခံရတာတွေ အများကြီးဘဲ'' ဟု ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် အေအာတီဆေး ပြတ်လပ်ကာ အသက်ဆုံးရှုံးခဲ့သည့် ဝေဒနာရှင် များလည်း ရှိခဲ့သည်။

"အရေးခင်းတုန်းကဆို ဆေးဝါးပြတ်လပ်သွားမှာကို ကျွန်မအရမ်းကြောက်မိတယ်။  ဒေသခံ အဖွဲ့အစည်း တွေဆီက ဆေးဝါးရလိုက်လို့ မဟုတ်ရင်"ဟု အရေးအခင်းကာလဖြတ်သန်းခဲ့ရသော နေ့ရက်တစ်ချို့ကို သူမက ပြန်ပြောပြသည်။

ရခိုင်ပြည်နယ်ရှိ PLHIV များအတွက် AZG နယ်စည်းမခြားဆရာဝန်များအဖွဲ့က ထောက်ပံ့ပေးခဲ့သော်လည်း အရေးအခင်းကာလ၌ ဆေးဝါးထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းခဲ့ရသည်။

နိုဝင်ဘာလ(၁၈)ရက်နေ့က စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင် ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် Myanmar Positive Group (National PLHIV Network)နှင့် Utopia Association တို့ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း HIV ပိုးရှိသူများ ဆေးဝါးများမပြတ်လပ်ရေး ၊ ဆေးဝါးကုသမှုခံယူရေး၊ ဆွေးနွေးပွဲအခမ်းအနားတွင်   Myanmar Positive Group (National PLHIV Network) ဥက္ကဌ ဦးမျိုးသန့်အောင်က  ရခိုင်ပြည်နယ်ရှိ PLHIV ဖြင့် နေထိုင်သူများမှာ ဆေးဝါးမျှဝေသုံးစွဲခဲ့ရသည်ကို တွေ့ရသည်ဟု သူမက ဆိုသည်။

"ပဋိပက္ခအတွင်းမှာ (၃၃၀) လောက်မှာ ကျွန်တော်တို့ အတတ်နိုင်ဆုံးလိုက်ပြီးတော့ (၃၀၀) ဝန်းကျင်လောက် လက်လှမ်းမီ လိုက်ပါတယ်၊ အဲဒီအထဲမှာ ဆိုးဆိုဝါးဝါးဖြစ်တာက ARTဆေးဝါးပြတ်လပ်မှုနဲ့ အသက်ဆုံးပါး သွားသူ(၆) ယောက်ရှိပါတယ်။ အမျိုးသမီး(၄)ဦးပါတယ်"ဟုMyanmar PositiveGroupမှ ရခိုင်ဒေသ ဆိုင်ရာကိုယ်စားလှယ် ဦးသန်းထွန်းက ပြောသည်။

ယင်းသို့ဖြစ်ရပ်များရှိသည့်အတွက် ခင်သန္တာအဖို့ စစ်တွေမြို့တွင် ဆေးဝါးရယူနိုင်ရန် လာရောက်ခြင်းဖြစ်သည်။

သူမ၏ လက်ဝယ်တွင် ဆေးသုံးရက်စာသာ ကျန်တော့သည်။  မရှိရင် ဘဝတူသူငယ်ချင်းဆီမှ ဖြစ်သလို ဆုံးသွားမည်ကိုသာ အာရုံရောက်နေသည်။

စီးပွားရေးအကျပ်တည်းကာလတစ်ခုက လွတ်မြောက်ရန် အလို့ငှာ ဘဝကို ရင်းခဲ့သည့် ခင်သန္တာမှာ   မမျှော်လင့်ဘဲ HIV ပို့ကူးစက်ခံခဲ့ရသည်။

အသက် ၂၈ အရွယ်ရှိ ခင်သန္တာမှာ HIV ပို့ကူးစက်ခံရတုန်းက ဆေးရုံတွင် သွားရောက်ပြသခဲ့ရာ သူနာပြုဆရာမ တစ်ချို့က အရေးယူမှုမရှိခဲ့သဖြင့် ဘဝမှာစိတ်အနာကျဉ်ဆုံးအချိန်များအား ကြုံတွေ့ခံစားခဲ့ရသည်ဟူ၍လည်း သိရသည်။

HIVကူးစပ်ခံရသည့် နောက်ပိုင်း  သေချင်စိတ်ပေါက်ခဲ့သည်ဟု ခင်သန္တာက ပြောသည်။ သို့သော် သူ့လိုဘဝတူ များလည်းရှိသဖြင့် နှစ်သိမ့်ဖော်ရခဲ့သည်။

"HIV ပိုး ရှိသူတိုင်းဟာလည်း သာမန်လူတွေပါဘဲ။ သူများလို အလုပ်လုပ်နိုင်တယ်။ လူထုအတွက်အကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်တယ်" ဟု စစ်တွေမြို့တွင် အေအာတီဆေးဝါးထောက်ပံ့ရေးလုပ်ငန်း ဆောင်ရွက်နေသည့်  Myanmar Positive Group မှ  ရခိုင်ဒေသဆိုင်ရာ ကိုယ်စားလှယ်ဦးသန်းထွန်းက ပြောသည်။

ခင်သန္တာမှာ လက်ရှိတွင်  ဘဝတူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေသည်။

"ဒီလိုမျိုး ဘဝကိုရောက်သွားပေမယ့် ဘဝတူတွေကို ပညားပေးတာတွေ၊ ဗဟုသုတမျှဝေတာတွေဟာ ကျမတို့ အတွက်အရေးပါတဲ့ ကဏ္ဍတွေပါ" ဟု ခင်သန္တာက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။

ရခိုင်ပြည်နယ်တွင် ART ဆေးသောက်သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀)ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅)ဦးရှိသည်ဟု သိရသည်။

ခင်သန္တာတစ်ယောက် စစ်တွေမြို့သို့ သွားခဲ့သည်မှာ ကံကောင်းခြင်း တစ်ခုဖြစ်ခဲ့သည်။  စစ်တွေမြို့ Utopia Association အဖွဲ့ထံမှ အေအာတီဆေးဝါးကို ရရှိခဲ့ခြင်းဖြစ်သည်။ ဘဝ၏ အပျော်ရွှင်ဆုံးအချိန်များ၌ ဆေးရသည့်အချိန်များလည်း ပါဝင်သည်ဟု ခင်သန္တာက ပြောသည်။

သူမအတွက် များစွာသော မျှော်လင့်ချက်နှင့် အနာဂါတ်ခြေလှမ်းများကို ဘဝတူမိတ်ဆွေများဖြင့် ကူညီရိုင်းပင်း မှုများနှင့်အတူ အသက်ရှင်ရပ်တည်နေရခြင်းပင်လျှင် ဒုတိယဘဝသစ်တခုဟု ခင်သန္တာတစ်ယောက်ခံ ယူထားသည်။

မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup


ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ သွားရောက်

Posted: 13 Dec 2012 12:42 AM PST

၁၃-၁၂-၂၀၁၂(ကြာသာပတေးနေ့ ) နံနက် ၁၀း၀၀နာရီတွင် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်(ရန်ကုန်)၊ ၀ိဇ္ဇာခမ်းမ တွင်ကျင်းပသော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ တင်ပြခြင်း အစည်းဝေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။ ယင်းစည်ဝေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မောင်မောင်ဝင့်၊ ဒေါက်တာ တင်ထွန်း၊ ဦးဇော်ဌေး၊ ဒေါက်တာ အောင်ကျော်၊ ဒေါက်တာ ခင်စောငွေ၊ ဒေါက်တာ မြင့်ဖူးမင်းတို့ တက်ရောက်ကြပါတယ်။ ပြီးနောက် ပင်းယဆောင်၊ စစ်ကိုင်းဆောင် နှင့် ဘွဲ့နှင်းသဘင် ခမ်းမတို့ကို သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

သတင်း-ဓါတ်ပုံ ။ ။ Burma VJ Media Network













မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ

Posted: 13 Dec 2012 12:21 AM PST

၁၃ .၁၂. ၂၀၁၂ နေ့  မွန့် လွဲ (၁) နာရီတွင် မန္တလေးမြို့ ဘုရားကြီး တောင်ဖက်တွင် ရှိသော ဦးပွားဘုရားတွင် လက်ပံတောင်းတောင် ကြေးနီး စီမံကိန်းတွင် သံဃာတော်များကို အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ ရဟန်း သံဃာတော်များကို နိုင်ငံတော် အကြီးအကဲမှ ဝန်ချတောင်းပန် ခြင်းမပြု့ လုပ်သည့် အတွက် ဆက်လက် ဆန္ဒထုတ်ဖော် ပြသ နေကြပါသည် ။

ဒီနေ့ တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်တော့ဘဲ တရားဟောပြောခြင်း  နှင့် မတ်တက်ရပ် ဆန္ဒထုတ်ဖော် ပြသသွားကြမည် ဖြစ်ကြောင်းကို ဦးဆောင် သံဃာတော်တစ်ပါးမှ မိန့် ကြားပြောဆိုသွားခဲ့ပါသည် ။

နောက်နေ့ တွင်လည်း နိုင်ငံတော်မှ သံဃာထုတစ်ရပ်လုံး၏ တောင်းဆိုချက်များကို လုပ်ဆောင်ခြင်း မပြုလုပ်ပါက တစ်နိုင်ငံလုံး အနေဖြင့်  အရှိန်မြင့်တင် ဆက်လက်ဆန္ဒထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင့်ကို ဆက်လက်မိန့် ကြားပြောဆိုပါသည် ။

သတင်း-ဓါတ်ပုံ ။ ကိုနိုင်

by Myanmar News Now


ယနေ့ မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ



မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို အရေးအခင်းကာလ အတွင်း မြန်မာဘက်သို့ ပြန်ပို့ခဲ့

Posted: 13 Dec 2012 12:02 AM PST

မနေ့က မောင်တောမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဘင်္ဂလာနဲ့ မြန်မာ တပ်မှူး အဆင့် အလံ ဆွေးနွေးပွဲမှာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးလာသူ မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဘီဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယမန်နေ့က နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ တပ်မှူးများ မောင်တောတွင် အစည်းအဝေး လုပ်နေစဉ်။

မောင်တောမှာနစကနဲ့ ဘီဂျီဘီ နယ်စပ်အရေး ဆွေးနွေး

Posted: 12 Dec 2012 11:49 PM PST

မြန်မာ အနောက်ဘက်နယ်စပ် လုံခြုံရေးကို တာဝန်ယူထားတဲ့ နစက တပ်ဖွဲ့နဲ့ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့တို့ မောင်တောမှာ မနေ့က တွေ့ဆုံပြီး နယ်စပ်အရေးကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နယ်စပ် ဖြတ်ကျော်ပြီး ရာဇ၀တ်မူတွေ ကျူးလွန်နေတဲ့ ကိစ္စ၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတာတွေ ပြန်ပို့ရေးကိစ္စ၊  တရားမ၀င် နယ်စပ် ဖြတ်ကျော် သွားလာနေတဲ့ ကိစ္စနဲ့ နှစ်ဘက် နယ်စပ်တလျှောက် တည်ငြိမ်ရေးနဲ့ တရား ဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ မြန်ဘက်က လွန်ခဲ့တဲ့ (၃) လခန့်က ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၅) ဦးကို ဘင်္ဂလာဒေခ်ျ့ကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

နိရဉ္စရာသတင်းဌာန


နစကနဲ့ ဘီဂျီဘီ ယခင်ကလည်း တွေ့ဆုံဆွေးနွေးကြသည်။

စစ်တပ်သိမ်းလယ်မြေ အထက်ကို တိုင်ကြား၍ မင်းပြားမှ လယ်သမား ၂၈ ဦးကို ဗျူဟာမှူးက ခေါ်ယူ စစ်ဆေး

Posted: 13 Dec 2012 12:09 AM PST

စစ်တပ်က လယ်မြေ သိမ်းယူထားခြင်းကို အထက်သို့ စာရေး တိုင်ကြားသဖြင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လယ်သမား ၂၈ ဦးကို ဗျူဟာမှူးမှ ဒီဇင်္ဘာလ ၁၀ ရက်နေ့က ခေါ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။ အဆိုပါ လယ်သမား (၂၈) ဦးမှာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တစ်နှစ်ပြည့် အပစ်အခတ် ရပ်စဲခြင်း အပေါ် RCSS/SSA ထုတ်ပြန် ကြေညာချက်

Posted: 12 Dec 2012 11:34 PM PST

တစ်နှစ်ပြည့် အပစ်အခတ် ရပ်စဲခြင်း အပေါ် RCSS/SSA ထုတ်ပြန် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်း ကောင်းကျိုး ဆိုးကျိုးများကို ဖော်ပြထားပါတယ်။ --

ကြေညာချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


မကွေး ဖိုက်ဘာဆက်ကြောင်း ဆက်သွယ်ရေးမှ ဆောင်ရွက်မှု အခြေနေ

Posted: 12 Dec 2012 11:11 PM PST

မကွေးမြို့တွင် ဖိုက်ဘာ ဆက်ကြောင်း လိုင်းများ ဆက်သွယ်ရန် မြေကျင်းတူးခြင်းနှင့် ဆက်သွယ်ခြင်း လုပ်ငန်းများအား ပွင့်လင်းမြင်သာမှု မရှိသော ကိစ္စရှိနေ ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မြန်မာနိုင်ငံ တ၀ှမ်းလုံးရှိ ပြည်သူများ တယ်လီဖုန်း ဆက်သွယ်မှု လွယ်ကူ ကောင်းမွန်စွာ ဆက်သွယ် နိုင်စေရန် အတွက် တာဝန်ရှိသူများကို တင်ပြ ဆောင်ရွက်ခဲ့တယ်လို့  ဆိုပါတယ်။ မကွေး ဖိုက်ဘာ ဆက်ကြောင်းနဲ့ ပါတ်သတ်လို့ ဆောင်ရွက် ခဲ့မှုများကို -----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆေးရုံတက်နေတဲ့လက်ပံတောင်းမှကလေးများအား ဒေါ်အောင် ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေး

Posted: 12 Dec 2012 10:02 PM PST

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသမှ ရန်ကုန်မြို့ ကလေး ဆေးရုံကြီးသို့ ရောက်ရှိ ကုသနေသော ကလေးငယ်(၄)ဦးအား ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ(၁၂)ရက်နေ့ ညနေ ၆ နာရီခွဲခန့်က သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့ ကြည့်ရှုအားပေး ပြီးသည့်နောက်တွင် ကလေးဆေးရုံမှ ၀န်ထမ်းများက ယင်းတို့နေထိုင်ရာ ၀န်ထမ်းတန်းလျားကို လာရောက် ကြည့်ရှုပေးပါရန် တောင်းဆိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

"လူတစ်ယောက်စာ နေရာလောက်မှာ လူလေးငါးယောက်လောက် နေရသလို ဖြစ်နေတဲ့အပြင်၊ တန်းလျားတွေက အတော် အခြေအနေ ဆိုးနေတာကို တွေ့ရတယ်။ ဒီကိစ္စကိုလဲ မီဒီယာတွေမှာ ပါစေချင်တာကြောင့် ခုလိုပြောပြရတာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးစိုးဝင်းကပြောသည်။

AHNYK-Popular Myanmar News Journal


ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်နေသော လက်ပံတောင်းမှ ကလေးများအား ဒ်ါအောင်ဆန်းစုကြည်သွားရောက်ကြည့်ရှုအားပေး။ ဓါတ်ပုံ - ကိုဆန်နီ

ကလေးများ ကြည့်ရှု အပြီး ဆေးရုံဝန်ထမ်းများ နေအိမ် တန်းလျားရှိ မိသားစုကို သွားရောက်ကြည့်ရှု ။ ဓါတ်ပုံ - ကိုဆန်နီ


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ