---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] ""အပို မလုပ်တဲ့ ဗိုလ်ချုပ်..(၂)""
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 09:42:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] ""အပို မလုပ်တဲ့ ဗိုလ်ချုပ်..(၂)""
To: lubo601@gmail.com
"အပိုအလုပ်တွေ.."ဟု မျက်နှာထားနှင့် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်....
ဗိုလ်ချုပ်သည် ရှမ်းပြည်သို့ ဒုတိယအကြိမ်လာသည်မှာ ပင်လုံညီလာခံအတွက်ဖြစ်သည်..။ လာရောက်ရခြင်းရည်ရွယ်ချက်က ကြီးမားလှပါဘိ..။ မြန်မာတ
ဗိုလ်ချုပ်သည် ရှမ်းပြည်သို့ ဒုတိယအကြိမ်လာသည်မှာ ပင်လုံညီလာခံအတွက်ဖြစ်သည်..။ လာရောက်ရခြင်းရည်ရွယ်ချက်က ကြီးမားလှပါဘိ..။ မြန်မာတ
စ်နိုင်ငံလုံး လွတ်လပ်ရေးရဖို့ နှင့် တောင်တန်းပြည်မ သွေးစည်းရေးအတွက် နောက်ဆုံးအဆင့် ပေးသရာဇ် အကြီးအကဲများ နှင့် စေ့စပ်ညှိနှိုင်းရေးကိစ္စဖြစ်သည်..။ ဗိုလ်ချုပ်ဖြတ်သွားရာမြို့ရွာများက တစ်ခံနက် အားပေးကြ..၊ ကြိုဆိုကြ..ကျွေးမွေးချင်ကြသည်..။ ဗိုလ်ချုပ်ဖြတ်သွားတာကိုပင် တကူးတက အလုပ်ပျက်ခံ၍ လာကြည့်ကြသည်..။ ပြီးတော့ စကားအရာမှာ အရေးတယူလုပ်ပြောကြသည်..။ ဗိုလ်ချုပ်တို့ တောင်းကြီးက စထွက်ခွာပြီး နောက်တစ်နေ့လုံးလိုလို "ခုချိန်ဆို ဗိုလ်ချုပ်တို့ ဟိုပုံးရောက်လောက်ပြီ.." "ခုချိန်ဆို ဗိုလ်ချုပ်တို့ မိုင်းပွန်ရောက်လောက်ပြီ.." "ခုချိန်ဆို ဗိုလ်ချုပ်တို့ လွိုင်လင်ရောက်လောက်ပြီ.." စသည်ဖြင့် ဗိုလ်ချုပ်ကို အရေးတယူကြည်ညိုခင်မင်ကြသည်..။ ဗိုလ်ချုပ် ရောက်လာသည့်ကိစ္စသည် အရေးကြီးသည်ဟုသာ အားလုံးက သာမန်သိမှတ် ထားကြသည်..။ အားလုံးကလည်း ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ ချစ်ခင်ကြသူများဖြစ်သည့် အလျောက် ဗိုလ်ချုပ် ပင်လုံမှပြန်လာလျှင် တောင်ကြီး၌ ဗိုလ်ချုပ်အပန်းဖြေရန် အတွက် ပျော်ပွဲရွှင်ပွဲဖြေဖျော်ပွဲကြီးတစ်ခု ပြုလုပ်ရန်တိုင်ပင်ထားကြသည်..။ ပွဲကြီးလုပ်ဖို့ ငွေတွေ ၀ိုင်းထည့်ကြရာ မကြုံစဖူး များပြားလှပေသည်..။ ကိုယ့်အစီအစဉ်နှင့်ကိုယ် စီစဉ်နေကြခြင်းဖြစ်သည်..။ အောက်ပြည်မှ ဗိုလ်ချုပ် အလွန်နှစ်သက်သော နိုင်ငံကျော်ဇာတ်မင်းသားကြီး လူရွှင်တော် ဦးစပါယ်ရှယ် ကိုပင်ဆက်သွယ်ငှါးရမ်းကြသည်..။ ဦးစပါယ်ရှယ်ကလည်း ဗိုလ်ချုပ်အတွက် အလကား ကပေးမည်ဟုဆိုသည်..။
ဗိုလ်ချုပ်ကို ဂုဏ်ပြုလိုသော စေတနာတစ်ခုတည်းဖြင့် စီစဉ်ကြခြင်းဖြစ်သော်လည်း တကယ့်တကယ် တွင် ထိုသတင်းသည် ၁၉၄၇ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပင်လုံမြို့သို့ ပင်လုံညီလာခံလာရောက်ကြသော တောင်ကြီး ကလော ညောင်ရွှေ တို့မှ ကျောင်းသားများ သပိတ်ကောင်စီဝင်များထံမှ ဗိုလ်ချုပ်ထံရောက်သွားသည်..။ ဗိုလ်ချုပ်က ယခုလို တိုင်းပြည်အတွက် အရေးကြီးနေချိန်တွင် အပြန်မှာလည်း အပန်းမဖြေအားကြောင်း ပွဲလမ်းသဘင်များကို စီစဉ်ထားတာတွေဖျက်လိုက်ရန်နှင့် စုပေါင်းရရှိထားသောအလှူငွေများ ကို ရပ်ရွာကောင်းကျိုးတွင် အဓ်ပ္ဂာယ်ရှိရှိ အသုံးပြုလိုက်ရန်ကို တောင်ကြီးသို့ ပြန်မည့်သူများအား သေချာစွာ မှာကြား လိုက်လေသည်..။ ထို့ကြောင့် တောင်ကြီးတွင်ပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲအစီအစဉ် ပျက်သွားသည်..။ နောက်နှစ်ရက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်အောင်မြင်စွာ ချုပ်နိုင်ခဲ့ကြသည်.။ တောင်ကြီးတွင် ပွဲလုပ်ဖို့အရှိန်မသေသေးသော လူကြီးအချို့က ပင်လုံစာချုပ်အောင်မြင်မှုကို အကြောင်းပြချက်ပေါ်သဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညတွင် တောင်ကြီးဒေသခံလူကြီးများက "ပင်လုံအောင်ပွဲအတွက် တောင်ကြီးမှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုဖို့အတွက် စီစဉ်ထားပါတယ်..ဗိုလ်ချုပ်.." ဟု ပြောလိုက်ရာ...
"အပို အလုပ်တွေ.." ဟု ဗိုလ်ချုပ်က မျက်နှာထားနှင့် ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်..။
သို့မို့ကြောင့် လွန်ခဲ့သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တောင်ကြီးမြို့၌ ဗိုလ်ချုပ်ကို ခြိမ့်ခြိမ့်သဲ ဂုဏ်ပြုရန်စီစဉ်ထားသော်လည်း "အပို အလုပ်တွေ.." ဟူသော ဗိုလ်ချုပ်၏ စကားငါးလုံးနှင့် ကျေပျက်သွားလေတော့သည်..။
သြော်..အပိုမလုပ်တဲ့ ဗိုလ်ချုပ် ပါတကား.....။
(အရှေ့ရိုးမဂျာနယ်.. စိုင်းခ၀မ်ဆိုင် ၏ "အပို မလုပ်တဲ့ ဗိုလ်ချုပ်" မှ ထုတ်နှုတ်ပေးလိုက်ပါသည်..)
(ဗိုလ်ချုပ် အကြောင်းတွေကို ပြန်ရှာပြီး post တင်တိုင်း အကြောင်းအရာတွေက ရေးစရာ များသလောက် ဓါတ်ပုံဆိုတာက နည်းလွန်းနေတာပါပဲ..။ ဓါတ်ပုံ နဲ့ အကြောင်းအရာတွဲမိဖို့ အင်မတန်မှ ခက်ခဲတာမို့ သမိုင်းဝင် ဗိုလ်ချုပ်ရဲ့ ရှားပါးဓါတ်ပုံများနှင့် တွဲဖက်၍ ဖော်ပြနေရခြင်းကို နားလည်ခွင့်လွတ်စေချင်ပါသည်..။ ခင်မင်စွာဖြင့်..., နေမျိုး..)
____________________________________
Reference and Credit to -ကို နေမျိုး
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ