[mrsorcerer:36387] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ်အိပ်မက်နဲ့ ကိုယ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] ကိုယ်အိပ်မက်နဲ့ ကိုယ်
To: lubo601@gmail.com



Nay Ko Ko and Min Din shared Myit Kyoe Inn's photo.
ကောင်တာမှ အရောင်းဝန်ထမ်းအမျိုးသမီးပြောသည့် ငွေပမာဏကို နားထောင်ပြီးနောက် သူဌေးက သူ၏ လက်ပွေ့အိတ်ကို ဖွင့်လိုက်သည်။ ငါးထောင်တန် ငွေစက္ကူတအုပ်ကိုဆွဲထုတ်ပြီး ရေတွက်ကာ ပေးလိုက်သည့် ပမာဏသည် ကျနော့်ဘဝတွင် တခါမျှ မကိုင်ဖူးသောရေတွက်ရန်ပင် အလွယ်တကူ မဖြစ် နိင်သည့်  ပမာဏ ဖြစ်သည်။ သို့သော် ကျသင့်ငွေကို ထုတ်ပေးနေသည့် သူဌေး၏ လက်တို့ကတုန့်ဆိုင်းခြင်းမရှိ။ သွက်သွက်လက်လက် ရှိလှသည်။  ထို့နောက် ကောင်တာမှ ထွက်ခွာသွားသည့် သူဌေး၏ နောက်သို့ အထုတ်အပိုးများ ဆွဲကာ ကျနော် လိုက်သွားသည်။ ကျနော့်ကို ခေါ်လာသည်မှာလည်းသူဝယ်သမျှ သယ်ပိုးပေးရန်  ခေါ်လာခြင်းသာ ဖြစ်သည်။ အိမ်ပြန်လာသည့် လမ်းတဝက်ခန့်ရောက်တော့ သူဌေးက ကားအတွင်းရှိ နောက်ကြည့်မှန်မှကျနော့်ကို လှမ်းကြည့်ကာ စကားစသည်။
ကောင်တာမှ အရောင်းဝန်ထမ်းအမျိုးသမီးပြောသည့် ငွေပမာဏကို နားထောင်ပြီးနောက် သူဌေးက သူ၏ လက်ပွေ့အိတ်ကို ဖွင့်လိုက်သည်။
ငါးထောင်တန် ငွေစက္ကူတအုပ်ကိုဆွဲထုတ်ပြီး ရေတွက်ကာ
 ပေးလိုက်သည့် ပမာဏသည် ကျနော့်ဘဝတွင် တခါမျှ မကိုင်ဖူးသောရေတွက်ရန်ပင် အလွယ်တကူ မဖြစ် နိင်သည့်
ပမာဏ ဖြစ်သည်။ သို့သော် ကျသင့်ငွေကို ထုတ်ပေးနေသည့် သူဌေး၏ လက်တို့ကတုန့်ဆိုင်းခြင်းမရှိ။ သွက်သွက်လက်လက် ရှိလှသည်။

ထို့နောက် ကောင်တာမှ ထွက်ခွာသွားသည့် သူဌေး၏ နောက်သို့ အထုတ်အပိုးများ ဆွဲကာ ကျနော် လိုက်သွားသည်။ ကျနော့်ကို ခေါ်လာသည်မှာလည်းသူဝယ်သမျှ သယ်ပိုးပေးရန်
ခေါ်လာခြင်းသာ ဖြစ်သည်။ အိမ်ပြန်လာသည့် လမ်းတဝက်ခန့်ရောက်တော့ သူဌေးက ကားအတွင်းရှိ နောက်ကြည့်မှန်မှကျနော့်ကို လှမ်းကြည့်ကာ စကားစသည်။

"ခုနက ကုန်တိုက်ကြီးကို တွေ့တယ် မဟုတ်လား"
"ဟုတ်ကဲ့ဆရာ"
"တကယ်လို့ကွာ။ မင်းကို အဲဒီ ကုန်တိုက်ကြီး ပေးမယ် ဆိုပါစို့။ မင်း ဘာဆက်လုပ်မလဲ"
"ဗျာ။ ကျနော် နားမလည်ဘူးဆရာ"
"ဒီလိုကွာ။ ခုနက ငါတို့ဈေးဝယ်တဲ့ ကုန်တိုက်ကြီးကို မင်းကို အပိုင်ပေးမယ်။ မင်းရဲ့ ကုန်တိုက် ဖြစ်သွားမယ်ဆိုရင် မင်း ဘာဆက်လုပ်မလဲ"

သူဌေး၏ မေးခွန်းက ဆန်းကြယ်သော်လည်း အိပ်မက်ဆန်သည့်
မေးခွန်းဖြစ်သည်။ ဖြစ်လာနိင်ဖွယ်ရာ မရှိသည့် မေးခွန်းမျိုး။
သို့သော် သူဌေးက မေးတာကြောင့် ကျနော့် ဖြေမှ ဖြစ်မည်။ ကျနော် ဘာဆက်လုပ်မလဲ။ တဒင်္ဂ အတွင်းမှာပင် ကျနော့် နှလုံးသားထဲမှ အဖြေတခုထွက်လာသည်။

"ကျနော်သာ အဲဒီကုန်တိုက်ကို ပိုင်မယ်ဆိုရင် ကျနော်တို့ တန်းလျားက သူငယ်ချင်းတွေ အကုန်လုံးကို ကြိုက်တာ အလကား ယူကြလို့ ပြောမှာဆရာ"

"ဟားဟား ကောင်းကွာ ကောင်းရော"

သူဌေးက တဟားဟားရီပြီး ခေါင်း တညိတ်ညိတ် လုပ်နေသည်။ ကျနော့် အဖြေမှားသွားပြီထင်သည်။

" လူတွေ ချမ်းသာတာနဲ့ ဆင်းရဲတာ အဲဒီမှာ ကွာသွားတာပဲကွ။ ငါသာ ပိုင်မယ်ဆိုရင် ဘယ်လို တိုးချဲ့မလဲ ၊ နောက်ထပ် ကုန်တိုက်တွေ ထပ်ဖွင့်နိင်အောင် ဘယ်လို လုပ်မလဲပဲ လုပ်မှာပေါ့။ ငါ့အဖေတုန်းကလည်း ရှိတဲ့ ဆန်စက်လေးကို ကြိုးကြိုးစားစား လုပ်ပြီးတိုးပွားအောင် လုပ်ခဲ့ရတာကွ။ အဲဒီတော့ ငါ့လက်ထက် ရောက်လာတော့ ပိုပြီး ပြည့်စုံတဲ့ ဘဝ ဖြစ်လာတာပေါ့။ ငါ ကြိုးစားသမျှကလည်း ငါ့သားသမီးတွေ
ပိုပြီး ပြည့်စုံစွာ နေရဖို့ပဲ။ မင်းအဖေဆိုရင် ငါ့အဖေလက်ထက်ကတည်းက ဆန်စက်ဝန်ထမ်း။ ဟော အခု မင်းကျတော့လည်း ဆန်စက်ရဲ့ အလုပ်သမား တန်းလျား
မှာ နေရတဲ့ဘဝပဲ။ ရည်မှန်းချက်တွေ ကွာလို့ အနာဂါတ် ဘဝတွေ ကွာတာပေါ့ကွာ။ ငါပြောတာ မင်း ရှင်းရဲ့လား။"

"ဟုတ်ကဲ့ဆရာ ရှင်းပါတယ်။"
"အေး အေး ရည်မှန်းချက် မြင့်မြင့်ထားပြီး ကြိုးစားပေါ့ကွာ"
"ဟုတ်ကဲ့ပါဆရာ"

သူဌေး၏ တိုက်ထဲအထိ ပစ္စည်းများ သယ်ပို့ပေးပြီးနောက် ကျနော်နေသည့် အလုပ်သမား တန်းလျားဘက်သို့
ပြန်လျှောက်လာသည်။
သူဌေးပြောလိုက်သည့် စကားများကို နားထဲတွင်
ပြန်ကြားယောင်နေမိသည်။ ရည်မှန်းချက်တွေကွာလို့ အနာဂါတ်ဘဝတွေ ကွာတာတဲ့လား။
မြင့်မားသည့် ရည်ရွယ်ချက်ထားဖို့ရန်ထက် လတ်တလော ဖြစ်ပေါ်လာသည့် ဆန္ဒများကိုပင် ချိုးနှိမ်ထားရသည့် ကျနော်တို့ အလုပ်သမားများ ဘဝကိုလည်း
သူဌေး ခံစားတတ်မည် မထင်။ သူဌေးကို ဖြေလိုက်သည့် ကျနော့်အဖြေက နှလုံးသားထဲမှ မွတ်မွတ်သိပ်သိပ် ထွက်လာသည့်
ဆန္ဒဖြစ်မှန်း ကျနော်တို့ လူတန်းစားများသာ ခံစားတတ်ပါမည်။ ကျနော့်အတွက်တော့ ကျနော့်အဖြေမမှားပါ။

ဘာကြောင့်ဆိုတော့ သူဌေး ဈေးဝယ်ထွက်တိုင်း တချို့ ပစ္စည်းလေးများကို မွတ်သိပ်စွာ လိုချင်စိတ်ဖြင့် သူဌေးနောက်ကနေ တိတ်တဆိတ် လိုက်ပါနေရသောကျနော့်ခံစားချက်ကို
ကျနော်သာ နားလည်၍ ဖြစ်သည်။

ထိုကုန်တိုက်ကြီးကိုသာ ကျနော်ပိုင်လျှင် ကျနော်တို့ တန်းလျားမှ ဘဝတူ သူငယ်ချင်းများကို လိုချင်တာ ယူခိုင်းချင်ပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 10:22:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ