[mrsorcerer:36439] Fwd: [လူဗိုလ်ဟူသည် ...] ကလေးကျန်းမာရေးဆိုင်ရာ သိထားသင့်သည်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/17
Subject: [လူဗိုလ်ဟူသည် ...] ကလေးကျန်းမာရေးဆိုင်ရာ သိထားသင့်သည်များ
To: lubo601@gmail.com


Miraculous Master For English Language

(၁) ကလေးရဲ့သေဆုံးနိုင်ခြေက လသားအရွယ်မှာ အကြီးမားဆုံး ဖြစ်ပါတယ်။
မွေးကင်းစ ကလေးကို စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ လမစေ့ကလေးမွေးတာ၊ ပိုးဝင် တာနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတွေကြောင့် မွေးကင်း စကလေးသေဆုံးနိုင်ခြေ အများ ဆုံး ဖြစ်ပါတယ်။
ကလေးတွေက တစ်လသားအရွယ်မှ ငါးနှစ်အထိ နမိုးနီးယားရောဂါ၊ ဝမ်းပျက်ဝမ်း လျှောတာနဲ့ ငှက်ဖျားရောဂါတွေ ကြောင့် အဓိက သေဆုံးမှုဖြစ်စေ နိုင်ပါတယ်။ အာဟာရချို့တဲ့မှု ဟာ ကလေးသေဆုံးမှု အားလုံး ရဲ့ သုံးပုံတစ်ပုံကျော်ရှိပါတယ်

(၂) ၂၀၁၁မှာ ကလေးသုံးသန်းနီးပါးဟာ မွေးပြီး တစ်လအတွင်း သေဆုံးခဲ့ကြပါတယ်။
မွေးကင်းစအရွယ်ဟာ နု နယ်လွန်းပါတယ်။ ကိုယ်ဝန်ဆောင် စဉ် စောင့်ရှောက်မှုကောင်းကောင်း ပေးတာ၊ ကျွမ်းကျင်သူနဲ့ မွေးဖွား တာ၊ လသားအရွယ်ကလေးငယ် ကို သေချာပြုစုစောင့်ရှောက်တာ၊ မိခင်နို့ချိုတစ်မျိုးတည်း တိုက်ကျွေး တာ စတဲ့နည်းတွေနဲ့ မွေးကင်း စကလေးတွေရဲ့ ကျန်းမာရေး အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

(၃) နမိုးနီးယားရောဂါဟာ အသက်ငါးနှစ်အောက် ကလေးတွေမှာ သေဆုံးစေနိုင်တဲ့ အကြီးမားဆုံး အကြောင်းရင်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ နမိုးနီးယား ရောဂါကြောင့် အသက်ငါးနှစ် အောက်ကလေး ၁ဒသမ၂သန်း နီးပါး သေဆုံးခဲ့ပါတယ်။ နမိုးနီးယားရောဂါဖြစ်နှုန်းကို လျှော့ချ နိုင်ဖို့ ကာကွယ်ဆေးထိုးနှံတာ၊ မိ ခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေး တာနဲ့ အာဟာရ အလုံအလောက် ကျွေးတာတို့ လုပ်ရပါမယ်။

(၄) ပဋိဇီဝပိုးသတ်ဆေးနဲ့ အောက်ဆီဂျင်ဟာ အသက် ကယ်ကိရိယာတွေ ဖြစ်ပါတယ်။
ဝမ်းလျှောရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးတွေမှာ နာမကျန်းမှုနဲ့ သေဆုံးနိုင်ခြေများတဲ့ ရောဂါပါ။ မိခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေးတာက ကလေး ငယ်တွေကို ဝမ်းပျက်ဝမ်းလျှော ရောဂါမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ ဝမ်းပျက်နေတဲ့ ကလေး ကို ဓာတ်ဆားရည်နဲ့ ဇင့်အားဖြည့် ဆေးတိုက်ကျွေးပြီးကုသနိုင်ပါတယ်။

(၅) တစ်မိနစ်ကြာတိုင်း ကလေးတစ်ဦးဟာ ငှက်ဖျားရောဂါနဲ့ သေဆုံးနေပါတယ်။
အသက် ငါးနှစ်အောက်က လေးတွေမှာ သေဆုံးမှု ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ ခြင် သေစေတဲ့ ဆေးစိမ်ခြင်ထောင် ဟာ ငှက်ဖျားရောဂါ ကူးစက်မှုမ ဖြစ်အောင် ကာကွယ်ပေးပြီး ကလေးတွေရဲ့ အသက်ရှင်သန် နှုန်းကို တိုးမြင့်စေနိုင်ပါတယ်။ ငှက်ဖျားကုသဆေးတွေနဲ့ စော စောကုသမှုပေးတာက အသက် ကယ်တင်နိုင်ပါတယ်။

(၆) HIV ပိုးးရှိသိသူ ကလေး ၉၀ ရာခိုင်နှုန်းကျော်ဟာ မိခင်ကနေ ကလေးကို ကူးစက်ခံရတာ ကြောင့်ဖြစ်ပါတယ်။
HIV ပိုးရှိတဲ့ မိခင်ဟာ ကလေးမွေးမယ်ဆိုရင် ဆေးကုသ မှု၊ ဘေးကင်းတဲ့ မွေးဖွားမှုနဲ့ ဘေးကင်းတဲ့ နို့ချိုတိုက်ကျွေး မှုစတဲ့ နည်းတွေသုံးပြီး ကလေး ဆီကို HIV ပိုးမရောက်အောင် ကာကွယ်နိုင်ပါတယ်။ အသက် ၁၅နှစ်အောက် ကလေးနှစ်သန်း ခန့်ဟာ HIV ရှိနေကြပြီး နေ့ စဉ် ကလေးတစ်ထောင်ကျော်က ပိုး အသစ် ကူးစက်ခံနေရပါတယ်။ HIV ပိုးရှိတဲ့ ကလေးတွေကို ART ကုထုံးတွေ သုံးရင် အသက် ရှင်နှုန်းများပြီး ဘဝအရည်အ သွေးတိုးတက်လာပါလိမ့်မယ်။

(၇) ၂၀၁၁မှာ ကလေး သန်း ၂၀ ခန့်ဟာ ရုတ်တရက် အာဟာရချို့တဲ့မှု ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။
ရုတ်တရက်အာဟာရချို့ တဲ့မှု ပြင်းပြင်းထန်ထန် ခံစားရ တာကြောင့် ကလေးတွေကိုနာမကျန်းမှုကြီးစွာ ဖြစ်စေနိုင်ပြီး စော စောစီးစီး သေဆုံးနိုင်ခြေများပါ တယ်။ အိမ်မှာ ကလေးအများစု ကို အဆင်သင့် ဆေးဖက်ဝင်အစာ (Ready-to-use therapeutic foods)တွေနဲ့ ကုသနိုင်ပါတယ်။

(၈) ကလေးသေဆုံုံးမှုရဲ့သုံးပုံ နှစ်ပုံခန့်ကို ကာကွယ်လို့ရပါတယ်။
အသက် ငါးနှစ်အောက်ကလေး တွေကို ထိရောက်တဲ့ စောင့်ရှောက်မှု၊ ကာကွယ်မှုနဲ့ ဂရုစိုက်မှုတွေ လုပ်ပေးရင် အသက်အန္တရာယ် မထိခိုက်အောင် ကာကွယ်နိုင်ပါတယ်။

ဇွန် BY GOOD HEALTH


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/18/2012 01:08:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ