[mrsorcerer:36498] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/22
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ

Posted: 22 Dec 2012 05:20 AM PST

တရုတ်သစ်ကုန်သည်တွေက ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းက ဒေသခံရွာသားတွေ ကနေ တဆင့် တရားမဝင် ဝယ်ယူကြတဲ့ သစ်တွေ တရုတ်နိုင်ငံဘက်ကို သယ်ယူဖို့ အတွက် သစ်တင်တဲ့ကား အများအပြား ရှမ်းပြည်မြောက်ပိုင်းမှာ အခုအခါရောက်ရှိနေကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်နဲ့ ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ် ဒေသအတွင်းမှာရှိတဲ့သစ်တွေကို သယ်ယူဖို့အတွက် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက လိုင်စင်မရှိတဲ့ သစ်တင်တဲ့ကားတွေ အမြောက်အများ မနေ့ကတည်းက ရောက်နေတဲ့အကြောင်း ကားသမားတစ်ယောက်က ပြောပြပါတယ်။

"သစ်လောပန်တွေက ပွင့်လင်းရာသီရောက်တဲ့အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်က နမ့်ဟန်၊ ဆီဟုန်၊ တုံဟွာရွာ၊ နမ့်ဟန်ရွာ ခေါတောရွာ၊ ရမ်းဘိုရွာ မဘိန်းမြို့နယ်နဲ့ မံစီမြို့နယ်အစပ်ကသစ်တွေကို တိုက်ဖို့ရာအတွက် တရုတ်ပြည်ကလာတဲ့ ကားတွေက တောလမ်းကနေ မဘိန်းမြို့နယ် မံစီမြို့နယ် အစပ်မှာ အစီးပေါင်း ၂ဝဝ လောက်ရောက်လာတယ်။ မနေ့က ကားတွေက သစ်တင်တဲ့ကားတွေလေ တရုတ်ပြည်ကလာတဲ့ ၁ဝ ဘီးကား ၁၂ ဘီးကား တစ်စီးဆိုရင် ၁ဝတန်လောက်တင်လို့ရတယ် တရုတ်ပြည်နောင်တောင်းကနေပြီးတော့မှ ဗမာပြည်ထဲဝင်လာခဲ့တာ"

တကယ်တော့ အရင်နှစ်တွေက အခုလိုပွင့်လင်းရာသီမှာ အဲဒီဒေသကသစ်တွေကို ကား၊ ဆိုင်ကယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တရုတ်နယ်စပ် နောင်တောင်းမြို့အထိ နဲနဲဆီ သယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်တော့ ကားအစီးရေလဲများပြီး သစ်တွေကို အကြမ်းထည်အလုံးလိုက် သယ်ယူကြမှာလို့လဲသိရပါတယ်။

အဲဒီသစ်တွေကို ရွာသားတွေက အာဏာပိုင်တွေကနေတဆင့် တရားမဝင် ခုတ်ယူတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

"ဘယ်သူ့ခွင့်ပြုချက်နဲ့မှ မဟုတ်ဖူး တရုတ်လောပန်တွေက ဒေသခံရွာသားတွေကို ပိုက်ဆံပေးပြီးတော့ ချိန်ဆောတွေနဲ့ ကပ်ပြီးလှဲထားတာ ဘယ်သူ့မှ မပြောဘူးလေ သစ်တောတွေကို ပိုက်ဆံပေးပြီးခုတ်တယ် တာဝန်ရှိတဲ့ရဲတို့စစ်တပ်တို့၊ အဲဒီသစ်တွေက မဘိန်းမြို့နယ် အစပ်ရှိတယ် နမ့်ဟန်ရွာတို့၊ တောတွေထဲမှာ သစ်အပုံလိုက်တွေ တနေရာမှာဆိုရင် သစ်တွေက တန် ၂ဝဝ၊ တန် ၃ဝဝ အဲလိုအများကြီး၊ သံမလန်းတို့ ပိတောက်တို့ ကျွန်းတို့ သစ်ပေါင်စုံပဲလေ ရွှေကူမြို့နယ်ထဲက ကြိုးစုံတောင်လဲပါတယ်။ လဝါရွာတို့ စီပိန်းရွာတို့ အဲဒီနားတဝိုက်က အစိုးရ သစ်တောကြိုးဝိုင်းထဲက သစ်တွေပါတယ်"

အဲဒီလို သစ်တွေကို တရုတ်ကုန်သည်တွေက ဝယ်ယူနေတာနဲ့ပတ်သက်လို့ ဗန်းမော်ခရိုင် သစ်တောဦးစီးမှူးကို ဆက်သွယ်မေးကြည့်တော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတော့ အဲဒီသစ်တောတွေကို သူတို့အနေနဲ့ တရားဝင်ဝယ်တာလား ရောင်းတာလားဆိုတာ အသေအချာ သွားမကြည့်နိုင်တဲ့အကြောင်း ပြောပါတယ်။

ကျွန်းသစ်တစ်တန်ကို အဲဒီတောထဲမှာရွာသားတွေက ၄ သိန်းလောက်နဲ့ တရုတ်ကုန်သည်ထံကို ရောင်းတာဖြစ်ပြီး တရုတ်နိုင်ငံရောက်ရင် အဲဒီ ကျွန်းသစ်တစ်တန်ကို မြန်မာငွေ ၃၅ သိန်းလောက်ရတယ်လို့လဲ သိရပါတယ်။

မြန်မာနိုင်ငံက ဝယ်ပြီးတဲ့သစ်မျိုးစုံကို တရုတ်နိုင်ငံ အေးအေးဆေးဆေးရောက်ဖို့အတွက် ကိုက်ထိပ်တပ်စခန်းမှာ တာဝန်ကျနေတဲ့ တပ်မ ၉၉ အရာရှိကြီးတွေကို တရုတ်သစ်ကုန်သည်တွေက တစ်လတာ သယ်ခွင့်ရဖို့အတွက် ငွေကျပ် သိန်း ၂ဝဝဝ ပေးရတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရပါတယ်။

၁၉၉၄ နောက်ပိုင်းကနေ ၂ဝဝ၅ ခုနှစ်အထိ ကချင်ပြည်နယ်က သစ်တွေကို တရုတ်ကုန်သည်တွေက အလုံးအရင်းနဲ့ ဝယ်ယူခဲ့ကြပါတယ်။

အဲဒီနောက်သစ်တောတွေ ပြုန်းတီးကာ သဘာဝပတ်ဝန်းကျင်တွေလဲ ပျက်စီးကုန်တာကြောင့် ပြည်ပ NGO အဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။

RFA Burmese


မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားတွေ အခွင့်အရေး ချိုးဖောက်ခံရ

Posted: 22 Dec 2012 05:13 AM PST

မလေးရှားနိုင်ငံ၊ Johor ဂျိုဟိုးပြည်နယ်၊ ပါကန်းနာနတ်စ်မြို့က လဝကထိန်းသိမ်းရေးစခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သားတွေဟာ စခန်းတာဝန်ကျ အရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေ ရင်ဆိုင်နေရပြီး အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။

ရက် ၂ဝ ကျော်ထောင်ကျခံခဲ့ရပြီး ခေါင်းကိုက်ဝေဒနာကြောင့် ဆရာဝန်အကြံပြုချက်နဲ့ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မမာလာ က ထောင်မှာစားရတဲ့ထမင်းက ကျောက်ခဲလိုမာတောင့်နေတယ်လို့ ဆိုပါတယ်။ ကျွေးမွေးတဲ့ ဟင်းကလည်း ပဲပြားဆိုရင် တော်တော်ကိုသေးပြီး၊ ခရမ်းသီးဗူးသီး ဟင်းအရည်ဆိုရင် ဆားမပါဘဲ ဒီအတိုင်းကျွေးတာကြောင့် ဘယ်သူမှစားမဝင်ဘူးလို့ ပြောပါတယ်။ ဆေးကုသခွင့်နဲ့ ပြင်ပဆက်သွယ်ခွင့် စတဲ့ အကျဉ်းသားအခွင့်အရေးတွေလည်း ပိတ်ပင်ခံနေရကြောင်းကိုလည်း အခုလိုပြောပါတယ်။

"အိမ်သာကလည်း ဘယ်လိုလဲဆိုတော့ အယောက် ၃ဝ ကျော်မှာ အိမ်သာလေးတလုံးပဲ အဲဒီအထဲထဲမှာ၊ အဲဒီနားလေးမှာပဲ အိပ်ရတာ၊ အဲဒီနေရာမှာပဲ ဘုရားရှိခိုးရတာ၊ မနက်ဆိုရင် ၅ နာရီပုံမှန်နိုးရတယ်၊ နောက်နေထိုင်မကောင်းရင်လည်း ဆေးတွေဘာတွေ တောင်းရင်လည်းမပေးဘူး၊ ခေါင်းတွေဘာတွေ ကိုက်တယ်ဆိုရင်၊ နောက်ဖုန်းတွေ ဘာတွေဆက်မယ်ဆိုရင်လည်း မပေးဘူး ဖုန်းဖြတ်တယ်လို့ ပြောတယ်၊ ကျမသူငယ်ချင်း ကောင်မလေး တယောက်ရှိတယ် ပဲခူးကနေပြီးတော့ သူ့ကိုအရမ်း အလုပ်ခိုင်းတာပဲ မနက်မိုးလင်း သူတို့စားပြီးတဲ့ ပန်းကန်တွေကော ကျမရင်ထဲမှာ တော်တော်ဆို့တယ်၊ အကုန်လုံးသူ့ကို ခိုင်းတယ် သူတို့အိပ်ယာတွေကအစ သွားသိမ်းပေးရတယ် မလိုအပ်တဲ့ အလုပ်ကိုသူက လုပ်နေရတယ်"

မအယ်သွယ်ဖြိုးလို့ခေါ်တဲ့ ဒီအမျိုးသမီးဟာ ပတ်စပို့စ်သက်တမ်းကုန်လို့ ထောင်ကျခံနေရတာ ၅ လကျော်နေပြီ ဖြစ်တယ်လို့လည်း မမာလာက ဆိုပါတယ်။

အဲဒီစခန်းမှာ မြန်မာအမျိုးသမီး ၁ဝ ဦးရှိပြီး၊ အမျိုးသားများ အပါအဝင် ဦးရေ ၁၅ဝ ခန့်ရှိမယ်လို့လည်း သိရပါတယ်။ Burma Campaign Malaysia(BCM) က ကိုထွန်းထွန်းက ဒီလိုဖြစ်ပျက်နေရခြင်းရဲ့ ပြဿနာက အကျဉ်းသားအခွင့်အရေး ချိုးဖောက်နေမှုကို အစိုးရတာဝန်ယူ ဖြေရှင်းမပေးတဲ့အပြင် သတင်းထောက်တွေနဲ့ NGOs တွေကို စခန်းတွေထဲ ဝင်ရောက်စစ်ဆေးခွင့် မပေးတာတွေက အခြေခံအကြောင်းရင်းပဲလို့ ပြောပါတယ်။

အဲဒီစခန်းမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူပေါင်း ၅ဝဝ လောက် အထိန်းသိမ်းခံနေရကြောင်း၊ ဒီလိုစခန်းမျိုး မလေးရှားနိုင်ငံအတွင်းမှာ ၁၃ ခုရှိပြီး မြန်မာနိုင်ငံသား ၂ဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ကိုထွန်းထွန်းက ပြောပါတယ်။

RFA Burmese


အသံတိတ် လူသတ်သမား (ရုပ်/သံ)

Posted: 22 Dec 2012 04:27 AM PST

မြန်မာနိုင်ငံဟာ ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ၁၀ နိုင်ငံထဲမှာ ဒုတိယ မြောက်ပါဝင်တဲ့ နိုင်ငံဖြစ်နေ တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံ စာထဲမှာ ဖော်ပြ လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ် (ဓါတ်ပုံ)

Posted: 22 Dec 2012 03:41 AM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(၂၂.၁၂.၁၂)တွင် မြိတ်မြို့ ဦးစောဂျက် ခန်းမ ၀န်းအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံပြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။

သတင်း - ဓါတ်ပုံ ။  ။ Eleven Media Group







ကားမိုင်းမြို့ ရဲစခန်း ကေအိုင်အေ ဝင်တိုက် လေးဦးသေ တစ်ဦးဒဏ်ရာရ (သတင်း-ဓါတ်ပုံ)

Posted: 22 Dec 2012 03:17 AM PST

 ပစ်ခတ်မှု များကြောင့် ရဲတပ်သား စိုးမင်းသူနှင့် ရဲစခန်းဝန်းနေ သူနာပြု ဆရာမ ဒေါ်တင်မေအောင် တို့သည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒေါ်မေမွှေးစိန်နှင့် ဒေါ်လှစိန်တို့သည် ကားမိုင်းမြို့နယ်ခွဲ ပြည်သူ့ ဆေးရုံအရောက် မွန်းလွဲချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကားမိုင်းမြို့ ရဲစခန်း ကေအိုင်အေ ဝင်တိုက် လေးဦးသေ တစ်ဦးဒဏ်ရာရ


ကားမိုင်းမြို့နယ် NLD မှ အလှူငွေများ ထောက်ပံ့

ကျွမ်းကျင်သူများဖွဲ့စည်း၍ လက်ပံတောင်းတောင်ကိစ္စဆက်လက်ဆုံစမ်းသွားမည်

Posted: 22 Dec 2012 02:56 AM PST

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော် စုံစမ်းရေး ကော်မရှင်က ကျွမ်းကျင်သုများ ဖွဲ့စည်း၍ ဆက်လက် စုံစမ်း သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် အမှတ် (၃/၂၀၁၂) ဖြင့် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးပိုင် နဲ့ ဝမ်ပေါင် ဖျက်စီးထားတဲ့ လက်ပံတောင်းတောင်

စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Posted: 22 Dec 2012 03:45 AM PST

ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံ ပြည်သူ လူထုအား ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် နာရီဝက်ခန့် မိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းမှ အချို့ကို ထုတ်နုတ် ဖော်ပြ လိုက်ပါသည်။  "ယခု အချိန်မှာ ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောကြတယ်။ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


" နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ ပြည်သူတွေ အနေနဲ့ တက်တက် ကြွကြွ နိုးနိုး ကြားကြား ရှိဖို့ လိုအပ်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ဓာတ်ပုံ- ရန်မျိုးနိုင် - 7Day News Journal



ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် Playmaker အားကစား ဂျာနယ် အမှတ်စဉ် -၂၂၂

Posted: 22 Dec 2012 01:57 AM PST

ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် Playmaker အားကစား ဂျာနယ် အမှတ်စဉ် -၂၂၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် The Voice Vol.8 / No.51

Posted: 22 Dec 2012 01:53 AM PST

ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် The Voice Vol.8 / No.51

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
 


မန္တလေး၊ လာရာနှင့် လားရာအနာဂတ်

Posted: 21 Dec 2012 09:22 PM PST

မင်းလွင်ထက်

    မန္တလေးက ဝေးရသောအခါမှ ကျွန်တော်သည် မန္တလေးကို ပိုလွမ်းတတ် လာသည်။ အိမ်လွမ်းနာသည် အိမ်လွမ်းနာ သက်သက် မဟုတ်ဘဲ မန္တလေးမြို့ကို လွမ်းသောအလွမ်း ဖြစ်လာသည်။ သည်အလွမ်း ကား တစ်နည်းပြောရလျှင် မြန်မာ့ယဉ်ကျေးမှုကို လွမ်းသော အလွမ်း၊ မန္တလေးသူ မန္တလေးသားတို့ကို လွမ်းသောအလွမ်း၊ မန္တလေးက အစဉ်ဖော်ညွှန်း လာခဲ့သော ယဉ်ကျေးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို လွမ်းသောအလွမ်းလည်း ဖြစ်လာတော့သည်။

    မန္တလေးသည် စင်စစ် ယဉ်ကျေးမှု အချက်အချာဟု ပြောဆိုရ လောက်အောင် ပင် အနယ်နယ်က၊ လူမျိုး အသီးသီးက သယ်ဆောင် လာကြသည့် ယဉ်ကျေးမှု တို့ကို အစဉ်အလာ မြန်မာ့ယဉ်ကျေးမှု ထဲသို့ အရိုးအရွက် မဖုံးစေဘဲ ညင်ညင်သာသာ သယ်ယူ၊ ပေါင်းထည့်တတ်သော မြို့ဖြစ်သည်။ ဆနွင်းမကင်း (နနွင်းမကင်း) လို၊ ခနုံလို ယိုးဒယား အစားအသောက်များ မန္တလေးကို ရောက်လာကြသော အခါ မန္တလေးသားတို့ အကြိုက်၊ မြန်မာတို့ အကြိုက် မြန်မာပါးစပ်နှင့် ကိုက်အောင် ညှိပြီး ပြင်ယူ လိုက်ကြသည်။ မြန်မာ အစားအသောက် စာရင်းထဲမှာပင် ထည့်သွင်း လိုက်ကြသည်။ တရုတ်ရိုးရာ လမုန့်ကို လည်း မန္တလေးလက်ဆောင် မုန့်ဖြစ်အောင်ပင် မြန်မာ ပါးစပ်နှင့် ကိုက်ညီအောင် ညှိလိုက်ကြသည်။

    သမိုင်းကို ပြန်ကြည့်သော် အရှေ့ဘက် တရုတ်ပြည်နှင့် လည်းကောင်း၊ အနောက်ဘက် အိန္ဒိယပြည်နှင့် လည်းကောင်း နန်းမြို့တော်ကို တည်ထောင်တော်မူသော ပထမမြို့တည် နန်းတည် မင်းတုန်းမင်းတရား လက်ထက်ပင် ကူးလူးဆက်ဆံမှုတို့ ရှိခဲ့သည်။

    တိုင်းပြည် အေးချမ်းခြင်း၊ ပြည်သူတို့ကို တရားသဖြင့် အုပ်ချုပ်ခြင်း၊ အစာရေစာ ပေါကြွယ်ဝခြင်း တို့ကြောင့် မန္တလေး ရတနာပုံ နေပြည်တော် မှာ ဆွေမျိုးပေါက်ဖော် ဟုခေါ်သော တရုတ်များနှင့် အိန္ဒိယနွယ်ဖွား များလည်း ဒေသခံများနှင့် အထူး ရင်းနှီးချစ်ကြည်စွာ တရားဝင်နေ ထိုင်ခဲ့ကြသည်။ မင်းတုန်းမင်းတရားကြီးက မြန်မာဟာဂျီများ အတွက် မက္ကာမြို့တွင် ဒေါင်းတံဆိပ် ခတ်နှိပ်တော်မူသော ဇရပ်တစ်ဆောင်ကို ပင် ချီးမြှင့်တော် မူခဲ့သည်။ သမိုင်းကို ပြန်လှန်ကြည့်သောအခါ တရုတ်များမှာလည်း အစဉ်အလာ လက်သမား လုပ်ကိုင်ကြသူများ ရှိသလို မွေးမြူရေးခြံ လုပ်ငန်း လုပ်ကြသူများ၊ လက်ဖက်ကုန် ကူးသန်း ရောင်းဝယ်ကြသူများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ကိုင်ကြသူ များလည်း အထင်အရှား ရှိသည်။

    ထို လူ့အစုအဝေး အားလုံးနှင့်ပင် မန္တလေး လူ့အဖွဲ့အစည်းမှာ သဟဇာတ ဖြစ်ခဲ့သည်သာ။ ဒေသခံ လူ့အဖွဲ့အစည်း၏ နဂိုရှိပြီး ယဉ်ကျေးမှု အခံဘောင်အတွင်းသို့ လိုက်လျောညီထွေစွာ၊ ညင်သာစွာ၊ ပျော့ပျော့ပျောင်းပျောင်း စည်းနှောင်ပျော်ဝင် သွားခဲ့သည်သာ ဖြစ်သည်။ ဤသည်မှာ အံ့အားသင့်ဖွယ် ကိစ္စမဟုတ်သော်လည်း စိတ် ချမ်းသာစရာ ကိစ္စတစ်ခုပင် ဖြစ်ပါသည်။

    လူများစုနှင့် လူနည်းစု အချင်းချင်း အချစ်အကြည်မပျက် အငြင်းအခုံ မဖက်ဘဲ စုစည်းစွာ နေနိုင်ခြင်းမှာ စင်စစ် လူ့အဖွဲ့အစည်း ယဉ်ကျေးခြင်းလည်းဖြစ်သည်။ သာဓကအားဖြင့် မြန်မာ့ မဟာဂီတအတွက် သမိုင်းတန်ဖိုး ကြီးမားလှသည် ဖြစ်သော မဟာ ဂီတဝိသောဓနီကို စုစည်းရေးသားခဲ့သည့် စောင်းဆရာကြီး မောင်မောင်လတ်မှာ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး၏ တပည့် အရင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်ဖြစ် သည်။ တစ်ဖန် မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာ အသင်းကြီး၏ ပထမဆုံး ဥက္ကဋ္ဌမှာ အပေါင်ဆိုင်ပိုင်ရှင် တရုတ်ကြီး ဦးတော်လုံဖြစ် ပါသည်။

    ပြောလိုသည်မှာ မန္တလေး၏ အစဉ်အလာ ယဉ်ကျေးမှုသည် ယခုခေတ်စကားနှင့် ပြောရလျှင် Diverse ဖြစ်ပြီး ထိုလူ့အစုအဝေး အားလုံးမှာ နဂိုရှိပြီး လူ့အဖွဲ့အစည်းနှင့် အဆင်ပြေ ချောမွေ့ စွာ ပျော်ဝင် ပေါင်းစီး (Integrate) လုပ်နိုင်သည်ကို အထင်အရှား တွေ့နေ ရခြင်းပင်ဖြစ်သည်။

    ကျွန်တော် ဤမျှ ပြည်တည်လာခဲ့လျှင်ပင် ယခုဆောင်းပါးက ဘာပြောတော့မည်ကို စာဖတ်သူ ရိပ်စားမိလောက် ပါပြီ။ မန္တလေးမြို့ ကြီး ယခုနှစ်များမှာ အသားဖြူသထက် ဖြူလာသည့် ကိစ္စဖြစ်ပါ၏။

    ချိန်ကိုက်ဗုံးများ

    ခေတ်သစ် နိုင်ငံရေးသိပ္ပံ ပညာရှင်တို့က လူဝင်လူထွက် ထိန်းသိမ်းရ ခက်လှသည့် နယ်စပ်ဒေသများကို ပေါက်လွယ် ကွဲလွယ်သော ချိန်ကိုက်ဗုံး များဟု ဝိဂြိုဟ် ပြုကြသည်။ ယခုအချိန်မှာ အားလုံးသိကြ သည့်အတိုင်း မြန်မာ့အနောက် တံခါးမှာ ပြဿနာ တက်နေသော အချိန်။ သို့သော် ကျွန်တော့်စိတ် ထဲမှာမူ မန္တလေးသား တစ်ယောက်အနေနှင့် မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးသော သူတစ်ယောက် အနေနှင့် သည်မေးခွန်းကိုလည်း မေးကြည့် လိုပါသည်။ ကျွန်တော်တို့ အရှေ့ တံခါးကကော လုံပါရဲ့လား။

    သည်နေ့ မန္တလေးသည် ပိုပိုဖြူလာသည်။ ရွှေခြေကျင်း မန္တလေး ခေတ်ကို ကျွန်တော်ပြန် တမ်းတနေခြင်း မဟုတ်ပါ။ သို့သော် သည်နေ့ မန္တလေးသည် စကတ်လည်း ပိုတိုလာသည်။ ဂျင်းဘောင်းဘီလည်း ပိုကျပ်လာသည်။ အသားလည်း ပိုဖြူလာသည်။ မန္တလေးသားတို့ နေ့စဉ် အစားအသောက် ထဲမှာ ယူနန် အစားအသောက် တစ်မျိုးဖြစ်သည့် စပ်ပူစပ်လောင် မာလာဟင်းလည်း အထင်ကရ နေရာယူလာပြီ။ ယခင်က မန္တလေးလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ ဓမ္မာရုံတွေ၊ လက်ဖက်ရည်ဆိုင်တွေ ရှိရာက အခုလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ မာလာဟင်းဆိုင် တွေကို တွေ့လာရပြီ။

    လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများက မန္တလေးမြေဈေး များ ထူးထူးဆန်းဆန်း မြင့်လာ ခဲ့သည်ကို မန္တလေးသားတွေ တအံ့တသြ တွေ့လာရသည်။ အမေ လူထုဒေါ်အမာက ဘယ်သူတွေ ဘယ်လို စီးပွားရေးတွေ လုပ်ပြီး ဘယ်လိုငွေတွေ ရကြလို့များ သည်လောက် မကြားဝံ့မနာသာ ဈေးတွေ ပေးဝယ်နိုင်နေကြပါလိမ့် ဟု ထိုစဉ်က မဂ္ဂဇင်းများ ထဲကပင် ထည့်ညည်းဖူးသည်။

    မြေဈေးတွေ တက်လာသည့် အကျိုးဆက်မှာ မန္တလေးမြို့ခံတွေ မြို့သစ်ကို ပြောင်းရပြီး မြို့ထဲကို ဧည့်သည်တွေ ရောက်လာကြခြင်းပင် ဖြစ် သည်။ ကျွန်တော့် သူငယ်ချင်းတွေ လမ်း ၃၀ အစည်ကားဆုံး ဆိုသည့် နေရာတွေကနေ ရွှေ့ကြရသည်။ စီးပွားရေးကလည်း နာလန်မထူ၊ မအောင်မြင်တော့ မြေရောင်းပြီး အသက်ရှူ ချောင်အောင် လုပ်ရ သည်။ အကြောင်းပြချက် မျိုးစုံနှင့်ပင်။ ကလေး ကျူရှင်ပို့ဖို့၊ အဖေ့ကို ဆေးကုဖို့ စသဖြင့်။ မန္တလေးမှာ ခေတ်စားလာသော စကားလုံးက ဝိတ်လျှော့သည် ဆိုသော စကားလုံး ဖြစ်လာသည်။

    စီးပွားရေး

    စီးပွားရေး မှာလည်း ဒီလိုပဲ ဖြစ်လာသည်။ အလုံးအရင်း နှင့် ဝင်လာသော ငွေအရင်းအနှီး များကို ဈေးချို အစဉ်အလာ ကုန်သည် လောကက တောင့်မခံနိုင်တော့။ သိန်း ၁၀၀ အရင်းရှိသော သူက မည်သည့်နည်းနှင့်မျှ သိန်း ၁၀၀၀၀ အရင်းအနှီး သမားကို မယှဉ်နိုင်။ အကြွေး ပေးထားနိုင်သည့် (လက်ကား ပေးထားနိုင်သည့်) ပမာဏချင်း ကွာသွားသည်။

    ပြိုင်ဆိုင် လုပ်ကိုင်ဖို့ ဆိုပြန်သော အခါလည်း လွယ်လွယ်ကူကူ ငွေထုတ်ချေး နိုင်သည့် ဘဏ်စနစ် မဖွံ့ဖြိုးသေးပေ ရာ နောက်မှ နောက်ခံအင်အား တောင့်တင်းသူတို့နှင့် ယှဉ်ပြိုင်ရန် မည်သို့မျှ မလွယ်ကူသော ကိစ္စဖြစ်သွားသည်။ ငွေလှည့် သုံးနိုင်သည့် ပမာဏ ကွာသွားသည်။ ဤအကြောင်းများကို အခြေခံပြီး ယခင် အထက်မြန်မာပြည်၏ ဈေးကွက်ကြီး ဖြစ်သည့် ဈေးချိုသည့် ကျီးနှင့် ဖုတ်ဖုတ် ဖြစ်လာသည်။ ဈေးကွက်မှာကား ယခုမှ မန္တလေးသို့ ရောက်လာ ကြပြီး မှတ်ပုံတင်လေးငါးခု ကိုင်ထား နိုင်သည်ဟု နာမည် ကြီးသော အသားနီစပ်စပ် ပုဂ္ဂိုလ်များ၏ ဂိုဒေါင်ပါ တစ်ပါတည်း ပါသော အိမ်ကြီးများသို့ ရောက်သွားကြသည်။ ဤသည်ပင် တစ်နည်း လက်ရှိ ပြောင်းလဲရန် ကြိုးပမ်းနေရသော မြန်မာ့နိုင်ငံရေး ဘောဂဗေဒ အခင်းအကျင်း ထဲက မန္တလေးနိုင်ငံရေး ဘောဂဗေဒ၏ မလူးသာ မလွန့်သာသော အနေအထားကို ထင်ဟပ် နေခြင်းလည်း ဖြစ်သည်။

    စီးပွားရေးအချက်အချာ

    မန္တလေးသည် စင်စစ် မြန်မာနိုင်ငံ၏ အလယ်တည့်တည့် ဗဟို ကျနေသော မြို့ဖြစ်နေသည်။ စီးပွားရေး အချက်အချာ ကျသော ရန်ကုန်နှင့် မြန်မာပြည် အခြားမြို့ကြီးများသို့ ကုန်စည်များ စီးဆင်း ရန်မှာ မြန်မာပြည် မြောက်ပိုင်းမှ မြန်မာပြည် တောင်ပိုင်းသို့ မန္တလေး ကို မဖြတ်ဘဲ၊ တစ်ထောက်မနားဘဲ မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်။ အမှန်မှာ မန္တလေးမြို့၏ စီးပွားရေး အချက်အချာကျမှု၊ ပထဝီအနေ အထား အခင်းအကျင်းကို အခြေခံ ရရှိရမည့် အကျိုးအမြတ် များသည် မြို့သူမြို့သား များအတွက်သာ ဖြစ်သင့်သည်။ အကယ်၍ နိုင်ငံခြား သားများ လုပ်ကိုင်သည် ဆိုလျှင်လည်း ထိုအလုပ်အကိုင် များမှ အခွန် အကောက်များကို အစိုးရက ရရှိသင့်သည် သာဖြစ်သည်။ ယခုမူကား ကိုယ်စားလှယ် နာမည်နှင့် သို့မဟုတ် နိုင်ငံသား မှတ်ပုံတင်ကို လွယ်လွယ်ကလေး တင်ပြ၍ ဝယ်ယူ ရောင်းဝယ်ဖောက်ကား လာကြ သည်မှာ မန္တလေးမြို့သည် မန္တလေးသူ၊ မန္တလေးသားများ မပိုင်တော့ သော၊ မနေရတော့သော မန္တလေးမြို့ ဖြစ်လာသည်။ မြို့တွင်း အချက် အချာ နေရာများ အားလုံးကို ဖယ်ပေး လိုက်ရသည်။ မြို့သူမြို့သားများ အတွက်ကော အစိုးရ အတွက်ပါ များစွာ နစ်နာစေသော စီးပွားရေး အခွင့်အလမ်း ကောင်းကြီးတစ်ခုကို လက်လွတ် ဆုံးရှုံးသွားခြင်း ပင်ဖြစ် သည်။ ဆက်လက်၍ အာဆီယံ ပေါင်းစည်းမှုတွင်လည်း မန္တလေးမြို့ သည် အထူးအချက်အချာ ကျသော နေရာ ဖြစ်လာဦးမည် ဖြစ်ပေရာ အထူး စဉ်းစားထိုက်သော အချက်ဖြစ်လာသည်။

    အမျိုးသားယဉ်ကျေးမှုလက္ခဏာ

    ယဉ်ကျေးမှုဘက်ကို ကျွန်တော်တို့ ပြန်ကြည့်ကြပါဦးစို့။ မန္တလေးမြို့မှာ အစဉ်အလာ ရှေးကပင် နေလာကြသော တရုတ်များ၊ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်များမှာ တစ်ခါတစ်ခါ ဗမာတွေ ထက်ပင် မြန်မာရည် ပိုလည်သေးသည်။ မန္တလေး ယဉ်ကျေးမှုနှင့် လွယ်လွယ်ကူ ကူ ပေါင်းစည်း လိုက်နိုင်သည်။ သို့သော် ၉၀ ပြည့်လွန် နှစ်များက စတင်၍ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အခြေခံ၍ မြန်မာပြည်တွင်း ဝင်လာကြသော ပုဂ္ဂိုလ်များကား ယခင်ရွာနေ ပြည်ထိုင်တွေနှင့် မတူတော့။ တဖြည်းဖြည်း များများလာသော အခါ နဂိုရှိ နေသော ဒေသခံ မန္တလေးသူ မန္တလေးသား များ၏ ယဉ်ကျေးမှု များကို ပင် မျိုပစ်လိုက်နိုင်သော၊ ဂရုမစိုက်သော၊ မယဉ်ကျေးသော လူ့အစု အဝေးသည် ကြီးထွား လာသည်။ အဖေ၊ အမေကို နင်-ငါ သုံးပြော သော အပြောအဆို တွေကို ကြားလာရသည်။

    အဝတ်အဆင် မှာလည်း ပလွှားလာကြသည်။ စကတ်တိုတို ဖော်ဝတ်ကြသော အညာသူဖြူဖြူ လေးတွေရှိလာသည်။ ညိုညိုလေး တွေလည်း အနောက်က လိုက်လာသည်။ အထူး ဆိုးရွားသည်မှာ လူငယ်ပိုင်း၏ ယိုယွင်းလာသော စိတ်ဓာတ်အမြင် (Attitude) ပင် ဖြစ်သည်။ သက်တူရွယ်တူ အသားဖြူကလေးများ သုံးသည်ကို ကြည့် ပြီး ငွေနောက်ကို လိုက်လိုသောစိတ် ဖြစ်လာသည်။ မိဘများကိုပင် ခင်ဗျားတို့ ကျွန်တော်တို့ကို သည်လို မပေးနိုင်ရင် ကျွန်တော်တို့ကို မဆုံးမနဲ့ ဆိုသော ပုံစံမျိုး အထိ ရောက်လာသည်။

    ဒေသခံ မြန်မာဆန်သော ပုဂ္ဂိုလ်များကိုလည်း မင်းတို့မြန်မာ ဆန်နေတော့ကော ပြုတ်စားလို့ ရသလားဆိုသော အပြောမျိုး၊ အဆို မျိုးနှင့် နှိမ်ချ ဆက်ဆံလာကြသည်။ မြန်မာဆန်ခြင်း သည်ပင် ရှက်စရာလိုလို ဖြစ်လာသည်။ မြန်မာနိုင်ငံသား ဆိုသော စိတ်ဓာတ် မရှိတော့ဘဲ အခိုက်အတန့် လာနေသည့် သဘောမျိုး ထားကာ အခြေ အနေပေးလျှင် တခြားသွားမည် ဆိုသော စိတ်ဓာတ် မျိုးတွေကို လူရှေ့မှာပင် ထုတ်ပြလာကြသည်။ လာခဲ့ရာ အရပ်ကိုသာ တဖွဖွ ချီးကျူး အားကျလျက် ထုတ်ဖော် ပြောဆိုနေကြသည် ဖြစ်ရာ အမိ မြန်မာနိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို စောင့်သိ ရိုသေမည်ဆိုသော စိတ်ဓာတ်မျိုး ရှိဖို့ကား ဝေလာဝေး။

    သည်ကိစ္စ များမှာ စင်စစ် မကြာလှသေးသော အချိန်ကာလ အတွင်း ဖြစ်ပျက် သွားခြင်းဖြစ်သည်။ ၉၀ ပြည့်လွန် နှစ်များမှသည် ယခု ၂၀၁၂ နှစ် ၂၀ နီးပါး ကာလအတွင်း မြန်မာပြည်က ဂုဏ်ယူရ သော၊ မန္တလေးက ဂုဏ်ယူရသော မန္တလေး၏ ယဉ်ကျေးမှု လက္ခဏာ (Cultural Identity) သည် ပျောက်လုနီးနီး ဖြစ်လာသည်။ စီးပွားရေး မှာလည်း မြို့နေလူထု အတွက် ထူးထူးခြားခြား တိုးတက်လာခြင်း မရှိသည့်အပြင် ပိုမို ယုတ်လျော့ လာသည်။ မြို့ကပင် နေရာဖယ်ပေး လာကြရသည်။

    ဤကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ကာလများအတွင်း လူဝင်မှု ကြီးကြပ်ရေး၊ ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေး အပါအဝင် အစိုးရအဖွဲ့အစည်း အသီးသီး၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ် လာရခြင်းဖြစ်သည် (Failure of State Institutions)။ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ အပေါ်လည်း များစွာ မှီတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရလဒ် အကျိုးဆက်မှာ မန္တလေးမြို့ကို နိုင်ငံခြားသား ပိုင်သွားခြင်း၊ မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးခြင်းတို့ပင် ဖြစ်သည်။

    ဤပြဿနာကို ကျွန်တော်တို့ ဘက်စုံထောင့်စုံက စဉ်းစား အဖြေ ရှာရပါလိမ့်မည်။ နိုင်ငံ တည်ဆောက်ရေး ဆိုသည်မှာ လိုအပ်သည့် အင်စတီကျူးရှင်း များကို ဆောက်ခြင်းပင် ဖြစ်ပေရာ ယခုကိစ္စ အတွက်လည်း အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ ဆောက်ကြရပါ လိမ့်မည်။ တစ်ပြိုင်တည်းမှာပင် နှစ်နိုင်ငံ ချစ်ကြည်ရေးများကို ထည့်သွင်းစဉ်းစားဖို့ လိုသလို တစ်ဖက်မှာလည်း တရားမဝင် ပိုင်ဆိုင်မှု များကို ဥပဒေနှင့် အညီ ဖြေရှင်း ရပါလိမ့်မည်။ တိကျပြတ်သားသော၊ လူ့အခွင့်အရေး များကို လေးစားသော နိုင်ငံသားဖြစ်မှု ဥပဒေတစ်ရပ် ကိုလည်း ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုပါလိမ့်မည်။ ယဉ်ကျေးမှုပိုင်း အတွက်လည်း မန္တလေး ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် အစိုးရပိုင်း တင်မကဘဲ အရပ်ဘက် လူ့အဖွဲ့အစည်း များကိုယ်တိုင် ကလည်း တက်ကြွစွာ ထိန်းသိမ်းသွားဖို့ လိုပါလိမ့်မည်။ သို့သော် မန္တလေးမြို့ ကိစ္စသည် ယခုလက်ငင်း ချက်ချင်း ဖြေရှင်းနိုင်မည့် ကိစ္စမဟုတ်ဘဲ အချိန်ယူ၍ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စမျိုး ဖြစ်နေသည်။ ဤကိစ္စမှာ စီးပွားရေး အရ အရေး ကြီးသလိုပင် နိုင်ငံ့ဂုဏ်သရေ၊ အမျိုးသား ယဉ်ကျေးမှု လက္ခဏာနှင့် စပ်ဆိုင်သော ပြဿနာကြီးပင် ဖြစ် သည်။ (မြန်မာ့ယဉ်ကျေးမှု မြို့တော်ဟု တင်စားခံရသော၊ အလွန် ယဉ်ကျေး ဖွယ်ရာသည်ဟု အသိအမှတ် ပြုကြသော၊ မြန်မာမင်း နောက်ဆုံး နေပြည်တော်-မန္တလေးကား ယခု ဤသို့ ဖြစ်သွားလေပြီဟု နိုင်ငံတကာ ကပင် စုတ်သပ်ကြမည့် အခြေအနေမျိုး ရောက်မသွားဖို့ အထူး အရေးကြီး ပါသည်။)

The Voice Weekly


ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ ရောက်ရှိ

Posted: 21 Dec 2012 09:02 PM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ကို ရောက်ရှိလာပြီး၊ မကြာမီ အချိန် အတွင်းတွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ယခုမိန့်ခွန်းပြောရန် ကော့သောင်းလေဆိပ်မှ မိန့်ခွန်း ပြောကြားမည့် နေရာသို့ သွားရောက် နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

7Day News Journal

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ပြင်ဆင် နေကြသည်ကို ဒီဇင်ဘာ၂၁ရက်က တွေ့ရစဉ်

ဒေါ်စုကော့သောင်ခရီးစဉ် အာဏာပိုင်ကန့်သတ်

Posted: 21 Dec 2012 08:57 PM PST

ရွေးကောက်ပွဲ မတိုင်ခင်က မသွားဖြစ် လိုက်တဲ့ ကော့သောင်မြို့ကို ဒေါ်အောင်ဆန်း စုကြည် လေယာဉ်နဲ့ သွားမှာ ဖြစ်ပါတယ်။

၃ နာရီ အတွင်း မြို့လူထုနဲ့ တွေ့ဆုံရာမှာ တရားဥပဒေ စိုးမိုးရေး အတွက်ပဲ ဟောပြောဖို့၊ ပါတီ စည်းရုံးရေး မလုပ်ဖို့ မြို့အာဏာပိုင်တွေက ညွှန်ကြားတယ် လို့လဲ သိရပါတယ်။

ကော့သောင်မြို့မှာတော့ ကြိုဆိုဖို့ အားတက်သရော ပြင်ဆင် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ရောက်လေရာမှာ သောင်းသောင်းဖြဖြ ကြိုဆိုကြ

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး

Posted: 21 Dec 2012 08:40 PM PST

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အထက် လွှတ်တော် အမတ် John Kerry ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရာထူးကို ဆက်ခံဖို့ အတွက် အမည် စာရင်း တင်သွင်း အဆိုပြု လိုက်ပါတယ်။ John Kerry ဟာ ရှေ့လာမယ့် နှစ်တွေ အတွင်း အမေရိကန် သံတမန်ရေး လုပ်ငန်းစဉ်တွေ အတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အထက် လွှတ်တော်အမတ် John Kerry ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရာထူးကို ဆက်ခံဖို့ အိမ်ဖြူတော်တွင် အဆိုပြုစဉ်။

Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ

Posted: 21 Dec 2012 08:31 PM PST

အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် လူ ၄ယောက် သေဆုံးပြီးတော့ ပြည်နယ် ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်မြို့တော် Harrisburg မြို့ ရဲ့ မိုင်တစ်ရာ လောက်ဝေးတဲ့ Frankstown မြို့မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူ လေးယောက်ထဲမှာ သေနတ်သမားလည်း ပါဝင်ခဲ့ပြီး အရေးပေါ် အခြေအနေက ကျော်လွန် သွားပြီဖြစ်တယ်လို့ ပြောပါတယ်။ သေနတ်သမားက ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)


ကင်ညာ အကြမ်းဖက်မှု လူ အများအပြား သေဆုံး

Posted: 21 Dec 2012 09:25 AM PST

ကင်ညာနိုင်ငံ တောင်ပိုင်းမှာ အသစ် ထပ်မံ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် လူပေါင်း အနည်းဆုံး ၃၉ ဦး သေဆုံး သွားတယ်လို့ ကင်ညာ ရဲ တပ်ဖွဲ့က ပြောပါ တယ်။ တာနာ မြစ်ဝ ကျွန်းပေါ် ဒေသက ရွာတရွာကို ဓားတွေနဲ့ တခြား လက်နက်တွေ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိုက်ခိုက်သူတွေဟာ ရွာက အိမ်တွေကို ပါ မီးရှို့ ခဲ့

အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ

Posted: 21 Dec 2012 09:19 AM PST

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ ရပ်စဲပေးဖို့၊ ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေကို တောင်းပန်ဖို့နဲ့ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်ဖို့ အတွက် အဲဒီမှာရှိကြတဲ့ မြန်မာ နိုင်ငံသားတွေက ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။

လူအင်အား ၅ဝ ကျော်လောက်က  ဆန္ဒပြသူတွေက သံဃာတော်တွေကို တောင်းပန်ရေး၊ လက်ပန်းတောင်းတောင်စီမံကိန်း ချက်ချင်းရပ်၊ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ ဖမ်းခံထားရသူတွေ လွှတ်ပေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ရွှေဝါရောင်ကျောင်းတိုက်ဆရာတော် ဦးပညာဇောတက RFA ကို အခုလို မိန့်ကြားပါတယ်။

ဦးသိန်းစိန်အစိုးရကို ဘာဖြစ်လို့ ဦးဇင်းတို့ ဆန္ဒပြရသလဲဆိုလို့ရှိရင် နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင်ပရောဂျက် သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာ ရက်စက်တုန်းဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို  ဒီမှာလာပြောတာပါ

အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့မှာ အိန္ဒိယသမ္မတ (Pranab Mukherjee) ပရာနက် မူခါဂျီ ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အစည်းအဝေးပွဲ ပထမရက်မှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တက်ရောက်ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အပြန်အလှန် ကူးလူးဆက်ဆံရေးတွေကို တိုးချဲ့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ မဟာဗျူဟာ လမ်းမကြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ဖို့နဲ့ အဲဒီလမ်းကို လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံအထိ တိုးချဲ့နိုင်ငံရေးအတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။ နောက်ပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံကို ဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာလမ်းမကြီး ဆောက်လုပ်နိုင်ရေးအတွက်လည်း လုပ်ဆောင်သွားမယ်လို့ မန်မိုဟန်ဆင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်တဲ့အပြင် အိန္ဒိယကလုပ်လိုတဲ့ မဟာဗျူဟာလမ်းစီမံကိန်းတွေဟာလည်း ပြည်သူပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်တဲ့အတွက် မျှော်လင့်ချက်နည်းနိုင်တယ်လို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ ညပိုင်း အစည်အဝေးအပြီးမှာ Confederation of Indian Industry လုပ်ငန်းအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ညစာစားပွဲ တက်ရောက်ဖို့ မွန်ဘိုင်းမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

RFA Burmese

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်။ Photo: President office's website

လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန်

Posted: 21 Dec 2012 09:15 AM PST

လက်ပန်းတောင်း တောင် ဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ် ကော်မတီ နှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ချက် ပါဝင်တဲ့ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ခဲ့တဲ့အချက် ၆ ချက်နဲ့ ပတ်သတ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်က တာဝန်ခံ ကိုသောင်းထိုက်က RFA ကို အခုလိုပြောပါတယ်။

...

[Message clipped]  

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ