---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/21
Subject: [လူဗိုလ်ဟူသည် ...] မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ပီပြင်ပါရစေ အမေစု
To: lubo601@gmail.com
နားထောင်ကြည့်လိုက်မိချိန်မှာတော့ ဆရာချစ်ဦးညိုရဲ့စာပေဟောပြောပွဲလေးဖြစ်နေပါတယ် ။
နားထောင်ပြီးသွားချိန်မှာတော့ အမေစုထံသို့ပေးစာလေး တစ်စောင် အသနားခံ ရေးချင်မိတဲ့ စိတ် ဖြစ်ပေါ်စေခဲ့ပါတယ် ။
ကျွန်မဘယ်တုန်းကမှ နိုင်ငံရေးစာတွေ ဘာတွေ မရေးခဲ့ဖူးပါဘူး ။
ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးကိုချစ်တဲ့ စိတ်တော့ ကျွန်မကိုယ်တွင်းမှာ အပြည့်ရှိနေတယ်ဆိုတာကို ၊
လက်ပံတန်းတောင် စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆရာတော်တွေ ရခဲ့တဲ့ဒဏ်ရာတွေကို မြင်တွေ့ခွင့်ရတဲ့အချိန်မှာတော့ ၊
ကျွန်မရင်ထဲမှာ မဖော်ပြနိုင်လောက်အောင် နာကျင်ခံစားခဲ့ရပါတယ် ။
တိုင်းပြည်ရှိရင် လူမျိုးရှိတယ် ။
လူမျိုးရှိရင် ကိုးကွယ်တဲ့ဘာသာရှိတယ် ။
ဘာသာတရားရှိမှ ဘာသာတရားရဲ့ အဆုံးမအောက်မှာ ယဉ်ကျေးမှုတွေနဲ့ တန်ဖိုးရှိစွာ နေထိုင်တတ်တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ လူမျိုးစုတစ်ခု ဖြစ်လာနိုင်မှာပါ ။
ကျွန်မတို့ကိုးကွယ်တဲ့ ဘာသာတရားကို လမ်းညွှန်ဆုံးမပေးနေတော်မူသော ဆရာတော်တွေရဲ့ ဖြစ်ရပ်ဟာ မြန်မာလူမျိုးတွေရဲ့ နှလုံးအိမ်ကို ပဲ့ကြွေစေခဲ့ပါတယ် ။
မြန်မာပြည်အတွက် ဆင်တူရိုးမှားရက်စက်မှုတွေက ရိုးနေပါပြီ ဆိုပေမယ့် ဒီတခါရက်စက်မှုကတော့ ရင်နာစရာကောင်းသလို သိပ်ကို စိတ်ပျက်မိပါရဲ့ ။
မိမိဒေသအား မဆုံးရူံးရအောင် ကာကွယ်နေကြသော ဒေသခံမြန်မာများနှင့်တစ်ကွ ၊ ဆရာတော်များရဲ့ ဆန္ဒဖော်ထုတ်မှုအပေါ် ၊
ပြန်လည်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်မှုကတော့ အတိုင်းတာထက် မြောက်များစွာ လွန်ကဲနေခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ် ။
သတင်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေထဲက ဒဏ်ရာရ ဆရာတော်တွေနဲ့ ပြည်သူတွေရဲ့ ထိခိုက်ဒဏ်ရာတွေအပြင် ၊
အများပြည်သူရဲ့ ရင်ထုမနာ စကားသံတွေက သက်သေထူနေခဲ့ပါပြီ ။
အမေစုအပေါ် ယုံကြည်ချက်နဲ့ အမေ့ဆုံးဖြတ်ချက်တွေကို အရင်းအနှီးပေါင်းများစွာနဲ့ စောင့်စားနေကြတဲ့ ၊
ပြည်သူတွေရဲ့ သနားစဖွယ်မျက်နှာတွေကို အမေမြင်လှည့်ပေးပါရှင် ။
သေလုအောင်နာကျင်ခံစားနေရတဲ့ ဒဏ်ရာရ ဆရာတော်တွေနဲ့ ၊ ပြည်သူတွေရဲ့ နာကျင်မှုတွေကို အမေမြင်လှည့်ပေးပါ ။
အမေဦးဆောင်မှုနဲ့ စုံစမ်းဖော်ထုတ်နေတဲ့ အဖြေရဲ့ ရလာဒ်က တရားမျှတ မှန်ကန်မှုတွေ ဖြစ်ပါရစေ အမေ ။ ဘာပဲဖြစ်ဖြစ် အမေစုကို အားလုံးက အဖြေကောင်းပေးနိုင်လိမ့်မယ်လို့ မျှောင်လင့်နေကြပါတယ် ။
အမေ့ကို အားကိုးယုံကြည်စွာ မျှော်လင့်နေကြတဲ့ မြန်မာလူမျိုးတွေရဲ့ နစ်နာမှုတွေအတွက် ၊
တရားမျှတမှုကို အမေစွမ်းဆောင်ပေးနိုင်မယ်လို့ ၊ မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ၊
ပီပြင်ပါရစေလို့ ဘုရားရှင်ကိုယ်တော်မြတ်ရှေ့ လက်အစုံမိုးကာ ဆုတောင်းနေမိပါတော့တယ် အမေ ။
KL (SD )
အမြိုက်တရားတွေ လောင်မီးကျခဲ့ရတဲ့ လက်ပန်းတောင်း
အစွယ်ငေါငေါနဲ့ အဆိပ်လှိုင်းဟာ ရနံ့ဟောက်ပက်လွယ်ပြီး လရောင်အောက်မှာ ပြုစားနေတယ်
ကဝေအနမ်းတွေကြဲပက်လိုက်သလို ရင်ဝတည့်တည့်ပြေးဝင်လာတဲ့ ဓားကို ရှောင်မရခဲ့ဘူး
အရိုးပေါ်အရေတင်နေ့စွဲတွေထဲ အဲဒီချွတ်ခြုံမှုဟာ နိုဝင်ဘာ တိမ်တစ်စမှာ ဇောက်ထိုးဆွဲခံလိုက်ရသလို
နင့်နင့်သီးသီးကြေမြည့်နေပုံများ လက်ပံတောင်းဟာ အလျှံတညီးညီး
ရိတ်သိမ်းခံလိုက်ရတဲ့ ဆန္ဒမှာ အရေပြားဟာ တုံးလုံးပက်လက်
ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက်
အရေဆုတ်ခံလိုက်ရတဲ့ အရင်းအနှီးမှာ မတရားမှုတွေသာ ထူထူထောင်ထောင် ဖွံ့ထွားခဲ့တယ်
တရားကို ဘယ်လို အလမ္ပာယ်နဲ့ မှော်ဝင်အသက်သွင်းလိုက်ရမလဲ ငါ့ရှင်
ထစ်ချုန်းခွင်းဝင်လာတဲ့ အမိုက်တရားမှာ ခံနိုင်ရည်ဟာ ဦးဆွေးဆံမြည့်
သတ်ကွင်းထဲက သေအံ့မူးမူးညထက် ပြည်သူတွေရဲ့ ဆန္ဒကို ရယူမပေးနိုင်ခဲ့တာ ရင်နာတယ်
သာသနာကိုသံဃာစောင့်ရှောက်တယ် သံဃာကို ပြည်သူစောင့်ရှောက်တယ်
မင်းတို့ချွေးနည်းစာရဲ့ ဆွမ်းတစ်နပ်အတွက် ငါတို့အရေပြားကို လောင်ကျွမ်းခံပစ်လိုက်တယ်
ဘယ်လိုနက္ခတ်မျိုးကမှ ဒီညကို ကြည်မွေ့အောင် ဖန်ဆင်းမပေးနိုင်ခဲ့တော့ဘူး
တော်လဲမှုဟာ အရိုင်းဆန်ဆန် လက်ပံတောင်းညကို အရှင်လတ်လတ် မျိုချပစ်လိုက်တယ်
အမှန်တရားကို ကာကွယ် စောင့်ရှောက်ထားတဲ့ တံတိုင်းဟာ သင်္ကန်း
လက်နက်ဆန်းဟာ သင်္ကန်းကို ဖြတ်ကျော်ပြီး ရင်အစုံကိုပါ ရိုက်ချိုးသွားခဲ့တယ်
တည်တည်တံ့တံ့အမှန်တရားအတွက် ငါတို့အသက်ကို စိုက်စိုက်မတ်မတ် စိုက်ပျိုးထားခဲ့တယ်
သာသနာ့ရာဇဝင်မှာ သာကီနွယ်မျိုးတို့အတွက် ဝိဋဋူပရဲ့ အမျက်ကို ဘယ်လိုတားဆီးခဲ့သလဲ
ရှင်တော်ဗုဒ္ဓရဲ့ အစိရဝတီ သောင်ကမ်း သုံးကြိမ်မြောက်ခြေလှမ်းဟာ အမျိုးကိုစောင့်ရှောက်ခြင်းပဲ
သံဃာဟာ သာသနာကို စောင့်ရှောက်သလို အမျိုးကို စောင့်ရှောက်ရမယ်
အမြိုက်တရားတွေ ညက်ညက်ကြေခဲ့ရတဲ့ လက်ပံတောင်း
သံဃာ့သွေးတွေ နက်နက်စွေခဲ့ရတဲ့ လက်ပံတောင်း
ဆန္ဒနဲ့ ဘဝမှာ အမှန်တရား ဈာပနဟာ ကြေကြေကွဲကွဲ
တစ်သက်စာခိုးယူခံလိုက်ရတဲ့ အနာဂတ်ကြီးအတွက်
ရှင်သန်ခြင်းတရားကိုပဲ လွတ်လွတ်ကျေကျေ ပူဇော်ပသလိုက်ပါတယ် ။
ညီလင်းနိုင်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/22/2012 02:08:00 AM

ဒီနေ့ ကျွန်မ တစ်ယောက်ထဲ အားအားရှိတာနဲ့  အင်တာနက် ထဲဝင်ပြီး သတင်းတွေဖတ်နေတုန်း ၊
"ကလစ် "ဆိုတဲ့ အသံကြားလို့ ဂျီတော့ကွက်လေးကို ကြည့်မိတော့ ၊
ဦးဇင်းလေးဆီမှ တက်လာတဲ့ လင့်ခ်လေးဖြစ်နေတယ်။
အဲဒါနဲ့  ကျွန်မလည်း လင့်ခ်လေးကိုနှိပ်ကြည့်လိုက်လေရဲ့ ။

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ