[mrsorcerer:36531] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/24
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


ကျူးကျော် အိမ်ဆောက်သူ တစ်ရက်အတွင်း ရာကျော်

Posted: 24 Dec 2012 07:03 AM PST

ပြည်သူ့ အိမ်ရာ စီမံကိန်း တည်ဆောက်မည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် တစ်ရက် အတွင်း ကျူးကျော် လာရောက် အိမ်ဆောက်သူ တစ်ရာကျော် ရှိကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုဦးက ပြောကြားသည်။ "မနေ့ကနေ ဒီနေ့ နေ့လည် အထိ အိမ်ခြေ တစ်ရာ ကျော်လောက် လာဆောက် နေကြတယ်။ ကျွန်တော်လည်း ပြောလို့ မနိုင်တော့ဘူး။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





၅ဝဝဝ တန် ဆင်းမ်ကတ် ရောင်းချပေးနိုင်ရန် ဆက်လက်ကြိုးစားမည်ဟု ရွှေပြည်တံခွန်ကုမ္ပဏီ ဆို

Posted: 24 Dec 2012 06:42 AM PST

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကတ် ဈေးနှုန်းများကို လျှော့ ချ၍ ရောင်းချ ပေးသွား မည်ဟုထုတ် ပြန်ထား သော်လည်း ရွှေပြည်တံခွန် ကုမ္ပဏီမှ ၅ဝဝဝ တန်ဆင်းမ်ကတ် များကို အများ ပြည်သူများထံသို့ ရောင်း ချပေးရန် အဆင်သင့် ရှိကြောင်းနှင့် ရောင်းချ သွားနိုင်ရန်လည်း ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဈေးနှုန်းလျော့ချလိုက်သည့် မိုဘိုင်းဖုန်းလိုင်း ၁.၄ သန်းကို မြို့ကြီး ၅ မြို့၌ ရောင်းချမည်

Posted: 24 Dec 2012 06:30 AM PST

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ဈေးနှုန်း အသစ်ဖြင့် ထွက်ရှိလာမည့် မိုဘိုင်းဖုန်း လိုင်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ၌သာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း ဆက်သွယ်ရေး ဌာနမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ကလေး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်ကောင်လေး

Posted: 24 Dec 2012 06:37 AM PST

ကားလို့စ် ဘက်ဒတ်ဇ်ကို ကြိုနေတဲ့ ကလေးတွေက ထောင်နဲ့ချီပါတယ်။ သူ့ကို ကက်စ် လို့ပဲ ခေါ်ကြပါတယ်။ ကလေးတွေကြားထဲမှာတော့ သူ့ကို အစ်ကိုကြီး ကက်စ်လို့ပဲ သိကြတာ များပါတယ်။

သူ့ကို ကြိုနေကြတဲ့ လူအုပ်ကြီးကို ကြည့်ရင်းနဲ့ ကက်စ်က "ဒီလိုမျိုး ကြိုကြမယ်လို့ မထင်ထားဘူးဗျ" လို့ ပြောပါတယ်။ "ဒီလောက် လူတွေအများကြီးကို တွေ့ရတော့ အံ့ဩသွားတယ်" လို့ ဆိုပါတယ်။

နယ်သာလန်နိုင် သည်ဟိတ်မြို့မှာ ကလေး နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အခမ်းအနားနဲ့ ဆုလက်ခံခဲ့ပြီး အပြန်မှာ အခုလိုမျိုး သူ့ကို လူတွေ အုံနဲ့ကျင်းနဲ့ ကြိုဆိုနေကြတာပါ။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကားလို့စ်ဘက်ဒတ်ဇ်ဟာ ပထမဆုံး ဆုချီးမြှင့်ခံရတဲ့ ကလေးဖြစ်ပြီး ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်း ရရှိသွားပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက ဆုအတွက် လျာထားခံရတဲ့ ကလေးငယ် ၁၀၀ ထဲက သူ့ကို ရွေးချယ်လိုက်တာပါ။

ကလေးတွေအတွက် ပေးတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုလို့ ဆိုရမယ့် ဒီဆုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒတ်စမွတ်တူးတူးက ချီးမြှင့်ပေးပါတယ်။

ကားလို့စ်ဘက်ဒတ်ဇ်ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်လိုက်တဲ့ အကြောင်းကတော့ သူ့ရဲ့ ဇာတိမြို့ကလေးက အခြေမဲ့အနေမဲ့ လမ်းဘေးကလေးငယ်တွေကို အကူအညီပေးတဲ့ လုပ်ငန်းတွေကြောင့်ပါ။

"ကျနော် ကလေးဘ၀တုန်းက အမှိုက်ပုံတွေကြားထဲမှာပဲ နေခဲ့ရတာပါ။ သန့်ရှင်းရေး သမားဘ၀လည်း လုပ်ခဲ့ရတယ်။ ဈေးထဲမှာလည်း ပိုက်ဆံတောင်းခဲ့ရဖူးတယ်" လို့ ဘက်ဒတ်ဇ်က ပြန်ပြောပြပါတယ်။

အခြေအနေက ဒီထပ်တောင် ပိုဆိုးပါတယ်။ အသက် ၅ နှစ်အရွယ်မှာ သူ့အဖေအရင်းက သူ့ကို ကားတာယာတွေ မီးရှို့ထားတဲ့ မီးပုံထဲကို သူ့ကို ၀င်ခိုင်းခဲ့ပါတယ်။ ပိုက်ဆံအရ နည်းတာကြောင့်ပါ။ သူ့ရဲ့လက်တွေနဲ့ ကျောဘက်အခြမ်းမှာ ဆိုးဆိုးရွားရွား မီးလောင်တာ ခံလိုက်ရပါတယ်။

အဲဒီအချိန်ကစလို့ မစ္စတာ ဟာနင်းမနယ်လ်လေးဆေး ဆိုတဲ့လူဟာ သူ့ရဲ့အုပ်ထိန်းသူ ဖြစ်လာပါတယ်။ အခုသူလုပ်နေတဲ့ အကူအညီပေးရေး လုပ်ငန်းတွေကတော့ သူ့အသက် ၇ နှစ်ပြည့် မွေးနေ့က စခဲ့တယ်လို့ ဘက်ဒတ်ဇ်က ပြောပါတယ်။

"ကျနော့် မွေးနေ့မှာ မစ္စတာ ဟာနင်းက မွေးနေ့လက်ဆောင်အနေနဲ့ ဘာလိုချင်လဲလို့ မေးတယ်။ ကျနော်က အခု ကျနော် ရနေတဲ့ဘ၀မျိုး လမ်းဘေးက ကလေးတွေကိုလည်း ရစေချင်တယ်လို့ ပြန်ဖြေခဲ့တယ်။"

ဒီလိုနဲ့ "မျှော်လင့်ချက်လက်ဆောင်"ဆိုတဲ့ အစီအစဉ်လေး တခုပေါ်ပေါက်လာပါတယ်။ "မျှော်လင့်ချက် လက်ဆောင်" အစီအစဉ်ဆိုတာက လှလှပပ ထုပ်ပိုးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဆင်းရဲသား ကလေးတွေကို ပေးတဲ့ အစီအစဉ်ပါ။

လက်ဆောင်ပစ္စည်းထုပ်ထဲမှာ တကိုယ်ရေသန့်ရှင်းရေးအတွက် သုံးတဲ့ ပစ္စည်းတွေ၊ ဖိနပ်တွေ၊ အ၀တ်အစားတွေနဲ့ တခါတလေ ကစားစရာ အရုပ်ကလေးတွေတောင် ပါဝင်ပါတယ်။

အဲဒီလက်ဆောင်ထုပ်တွေကို ဆင်းရဲသားရပ်ကွက် ၅ ခုက ကလေးတွေကို အပတ်စဉ် ပို့ပေးပါတယ်။

အသက် ၂၂ နှစ်အရွယ် ကလျာရန့်ဘက်တစ္စတာဆိုရင် ကလေးဘ၀တုန်းက ဆင်းဆင်းရဲရဲလေးမို့၊ လက်ဆောင်ပစ္စည်းတွေ ရခဲ့ဖူးပါတယ်။ အခုတော့ သူလည်း ကျောင်းကနေ အင်ဂျင်နီယာဘာသာနဲ့ ကျောင်းပြီးသွားပါပြီ။

ကားလို့စ်ဘက်ဒတ်ဇ်ဆီကနေ ရတဲ့ လက်ဆောင်ပစ္စည်းလေးတွေကြောင့် သူ့ရဲ့ကလေးဘ၀ မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားတာလို့ ဘက်တစ္စတာ ဆိုပါတယ်။

"တကယ်တော့ သူက ကျနော်တို့ကို မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့သူပါ။ သူက ကျနော်တို့ကို မျှော်လင့်ချက်တွေ ထားဖို့ အမြဲတမ်း အားပေးတယ်။ ကလေးတွေကလည်း ကလေးအလျှောက် ကိုယ်ပိုင်တန်ဖိုးကို သိဖို့ဆိုတာကလည်း အရေးကြီးတာပါပဲ။"

အခုတော့ ဘက်ဒတ်ဇ်က 'Championing Community Children' ဆိုတဲ့အဖွဲ့ကို ဦးဆောင်နေပါတယ်။ သူနဲ့ သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတဲ့ အဲဒီအဖွဲ့က ဆင်းရဲသား ရပ်ကွက်တွေကို အပတ်စဉ်သွားပြီး ကလေးတွေအတွက် တကိုယ်ရေကျန်းမာရေးနဲ့ အခြေခံအခွင့်အရေးတွေကို သင်ကြားပြသပါတယ်။

သူတို့ဒေသက ကလေး ၁ သောင်းကျော်ကို အကူအညီပေးနေသလို၊ မနှစ်တုန်းက မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ကလေးတွေအတွက်လည်း မျှော်လင့်ချက်လက်ဆောင်ထုပ်တွေကို ပို့ပေးနေပါတယ်။ လမ်းပေါ်မှာ ကျင်လည်ခဲ့ရတဲ့အချိန်ကတည်းက အဲဒီ ဆင်းရဲသား ရပ်ကွက်တွေကို သူရောက်ဖူးခဲ့တယ်လို့  ဘက်ဒတ်ဇ်က ပြောပါတယ်။

"ကျနော်လည်း အရင်တုန်းက သူတို့နဲ့ ဘ၀တူပါပဲဗျာ။ ဒါကြောင့် လမ်းဘေးကလေးတွေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ကလေးတွေကို အကူအညီပေးချင်တယ်။ ဘုရားသခင်ကလည်း ကလေးတွေကို ဒီလို ကူညီနိုင်ဖို့ ကျနော်နဲ့ ကျနော့် သူငယ်ချင်းတွေကို ခွန်အားနဲ့ အသိဥာဏ်တွေကို ပေးအပ်လိုက်တာလို့ ယုံကြည်ပါတယ်။"

ဘက်ဒတ်ဇ်ကို ချီးမြှင့်တဲ့ နိုင်ငံတကာ ကလေးငြိမ်းချမ်းရေးဆုကို စီစဉ်တဲ့ Kids Rights ကလေးအခွင့်အရေးအဖွဲ့က ပက်ထရစ်ခရန်းစ်ကလည်း ဘက်ဒတ်ဇ်နဲ့ ၁၀ ရက်လောက် အတူတူနေရှိခဲ့တဲ့ အချိန်မှာပဲ မလေးစားဘဲ မနေနိုင်ဘူးလို့ ပြောပါတယ်။

"ကျနော်နဲ့ ကလေးအခွင့်အရေးအဖွဲ့ရဲ့ သဘောထားကတော့ ကလေးတွေရဲ့ အသံကိုလည်း  မကြာခဏ နားထောင်ဖို့လိုတယ်။ ကက်စ်ရဲ့ဘ၀ဆိုရင် အံ့အားသင့်စရာကောင်းတဲ့ ဘ၀ပဲလေ။ ကလေးတွေမှာ ပင်ကိုယ်အစွမ်းအစတွေ ရှိပါတယ်။ တခါတလေကျတော့ အဲဒီ ကိုယ်ရည်ကိုယ်သွေးတွေ လမ်းကြောင်းမှန်ပေါ်ရောက်လာဖို့ဆိုရင် တွန်းအားလေးတွေ လိုအပ်တယ်။ မီဒီယာတွေရဲ့ အာရုံစိုက်မှု လိုအပ်တယ်။"

ကလေးအခွင့်အရေးအဖွဲ့ကတော့ ကက်စ်ရဲ့ပညာရေးအတွက် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

ကလေးငြိမ်းချမ်းရေး ဆုကြေးအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်းရမှာ ဖြစ်ပါတယ်။ ဒီငွေတွေကို ဘယ်နေရာတွေမှာ အသုံးချမလဲဆိုတာ ဘက်ဒတ်ဇ်အတွက် အစီအစဉ်တွေ ရှိပြီးသားပါ။

"ဆုကတော့ ကျနော့်ကို ဆရာဝန်တယောက်ဖြစ်လာအောင် ကူညီနိုင်မှာပါ။ အခု ကျနော်လုပ်နေတဲ့ အလုပ်တွေကို တရားဝင်လုပ်ကိုင်ခွင့်ရချင်တယ်။ မိဘတွေ စွန့်ပစ်သွားတဲ့ ကလေးတွေအတွက် ခိုလှုံစရာ အိမ်ကလေးလည်း ဆောက်ပေးချင်တယ်။"

"ဒါမှပဲ ကလေးတွေကို စောင့်ရှောက်ပေးနိုင်မယ်လေ။ အခု ကျနော်တို့ အကူအညီပေးနေတဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးခန်းလေးလည်း ဆောက်ပေးချင်တယ်။"

by နေသွင်  (ဒီဗွီဘီ)

(Madonna T.  Virola, Luzon တို့ ရေးသားသည့် Filipino boy wins Nobel Prize for children သတင်းဆောင်းပါးကို ဘာသာပြန်ပါသည်)


တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ ပန်ဝါမြို့ပေါ် ရွှေ့ပြောင်းရောက်ရှိ

Posted: 24 Dec 2012 05:55 AM PST

ကချင်ပြည်နယ် ပန်ဝါမြို့နယ်မှာ  အစိုးရတပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနား ပတ်ဝန်းကျင်က ရွာတွေမှာ နေထိုင်တဲ့ ရွာသားတွေက ပန်ဝါမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင် လာနေရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မသန်စွမ်းသူတစ်ဦး ရပ်၊ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခံခွင့် ငြင်းပယ်ခံရ

Posted: 24 Dec 2012 05:23 AM PST

မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ရွာ အုပ်ချုပ်ရေးမှူး အရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်သော မသန်စွမ်းသူ ဦးစိုးမင်းအောင် ကို ရွေးချယ်ရေးအဖွဲ့ နာယကက ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံရန် ငြင်းပယ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ ----

သတင်း အပြည်အစုံ ဖတ်ရန် ဒီနေရာ နှိပ်ပါ



ပြည်ဘူတာရုံ ရှိ အခြေအနေမဲ့များ ကို စီမံချက်ဖြင့် ဖယ်ရှား

Posted: 24 Dec 2012 05:06 AM PST

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာရာ ဝန်ကြီး၏ ညွှန်ကြားချက် အရ  ပြည်ဘူတာ စင်္ကြန်ရှိ အခြေအနေမဲ့ (၅၀)ကျော် ခန့် ကို ဒီဇင်ဘာ (၂၂)ရက် နံနက်ပိုင်းက မီးရထားမှ တာဝန် ရှိသူများနှင့် ရထားရဲ တပ်ဖွဲ့တို့ က စီမံချက် ဖြင့် ဖယ်ရှားခဲ့ ကြောင်း မြို့ခံများထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တွေ့မရှောင်နှင့် ဖိုးကေ ပထမတန်း ဒဂုံရွှေအောင်လံ ဗိုလ်လုမည်

Posted: 24 Dec 2012 04:43 AM PST

ပဉ္စမ အကြိမ် ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၏ ပထမတန်း အောင်လံလုပွဲတွင် တွေ့မရှောင် (နဂါးမာန်) နှင့် ဖိုးကေ(မန္တလေး)တို့ ဗိုလ်လု ရမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့က သုဝဏ္ဏ အားကစားကွင်းတွင် ပြုလုပ်သည့် ပထမတန်း ဒဂုံ ရွှေအောင်လံလုပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အပြီး တွင် ခုံဒိုင်ချုပ် ဦးဒေါင်းနီကပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြိတ်ဒေသခံများနှင့် ကုမ္ပဏီ တစ်ခု ရေပြဿနာဖြစ်

Posted: 24 Dec 2012 04:31 AM PST

မြိတ်မြို့  မြိတ်တောင် ကျေးရွာ အုပ်စု အလယ်ပိုင်း ရပ်ကွက်ရှိ ထူးထူးတိုး ကုမ္ပဏီနှင့် ဒေသခံများကြား အဝီစိတွင်း အမြောက်အမြား တူးခြင်းကြောင့် ရေကောင်း သုံးစွဲမရသည့် ပြဿနာ ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံ ဦးသန့်ဇင်ဝင်းက ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြိတ်မြို့ 

KIA နှင့် အစိုးရတပ် တိုက်ပွဲကြောင့် မြစ်ကြီးနားတစ်မြို့လုံး မီးဖြတ်တောက်

Posted: 24 Dec 2012 04:20 AM PST

ကချင် ပြည်နယ်၏ မြို့တော် ဖြစ်သော မြစ်ကြီးနားမြို့ကို လျှပ်စစ်မီး ဖြန့်ဝေ ပေးနေသော မလိရေအား လျှပ်စစ် စက်ရုံတွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)တို့ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် လျှပ်စစ်မီး ဖြတ်တောက် ထားရကြောင်း ကေအိုင်အေ မှ ဗိုလ်မှူးအဆင့် အရာရှိ တစ်ဦးက----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်လာ ငွေစက္ကူ အတု ၄ သိန်းခွဲ မဲဆောက်မှာ ဖမ်းမိ (ရုပ်/သံ)

Posted: 24 Dec 2012 03:54 AM PST

ဒေါ်လာ ငွေစက္ကူ အတု ၄ သိန်းခွဲ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းနိုင်ငံမဲဆောက်မှာ ထိုင်း လုံခြုံရေး တပ်ဖွဲ့ တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။ ကိုသက် ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ခေါင်းဖြတ် ခိုးယူခံရတဲ့ ဆင်းတုတော်ပေါင်း ၆ ဆူ ရှိသွားပြီ (ရုပ်/သံ)

Posted: 24 Dec 2012 03:51 AM PST

မန္တလေးတိုင်း တံတားဦး မြို့  ရွေဘုံသာ ကျောင်းတိုက်က ဘုရား ဆင်းတုတော် ၃ ဆူလည်း ခေါင်းဖြတ် ခိုးယူခံရပီး ခေါင်းဖြတ် ခိုးယူခံရတဲ့ ဆင်းတုတော်ပေါင်း ၆ ဆူ ရှိသွားပီ ဖြစ်ပါတယ်။ ကိုသက် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး ဒီပုတ်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အသက် (၁၄)နှစ် အရွယ် ရခိုင်/မရမာ လုံမငယ် မုဒိမ်းကျင့် သတ်ဖြတ်ခံရ

Posted: 24 Dec 2012 03:17 AM PST

ပြီးခဲ့သော ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်တကောင်း တောင်တန်း ဒေသနေ ရခိုင် စကားပြော မရမာ တိုင်းရင်းသူ မိန်းကလေး တစ်ဦးဖြစ်သည့် သောင်းမချေ (Thomaching) မှာ ဘင်္ဂါလီရွာ တစ်ရွာ အနီးတွင် မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရသည်။ ကွယ်လွန်သူ ဦးဆူသီးဖြူ(Suithui Prue) ၏ သမီး အသက်(၁၄) နှစ်အရွယ် သောင်းမချေ မှာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရသူ အသက်(၁၄) နှစ်အရွယ် သောင်းမချေ

ပြည့်တန်ဆာများ တရားဝင် လိုင်စင် ရရှိအောင် ကြိုးပမ်း သွားမည်ဟု အမျိုးသမီး လွှတ်တော် အမတ်တစ်ဦး ပြော

Posted: 24 Dec 2012 02:57 AM PST

ပြည့်တန်ဆာများကို တရား ဝင် လိုင်စင် ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင် နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။ ''ပြည့်တန်ဆာ မရှိတဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာ ဆိုတာ ဘုရားရှင် လက်ထက် ကတည်းက ရှိတာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ- ဒေါ်စန္ဒာမင်း (ဖေ့စ်ဘုတ်)

ရွှေတိဂုံ စေတီတော်ပေါ် လာရောက် နားခိုနေသော ဟိမဝန္တာ လင်းတနှစ်ကောင် အနောက်ဘက် အရပ်သို့ ဦးတည်ပျံသန်း

Posted: 24 Dec 2012 02:31 AM PST

ရွှေတိဂုံ စေတီတော် မြတ်တွင် နားခိုနေသော နောက်ဆုံး ကျန်ရှိသည့် လင်းတနှစ်ကောင်သည် ယနေ့ မွန်းတည့် မတိုင်မီ အချိန်က အနောက်ဘက် အရပ်သို့ ပျံသန်း သွားသည်။ အီကွေတာ မြောက်ပိုင်းဒေသ ဆီးနှင်းများ ဖုံးလွှမ်း မှုကြောင့် ပျံသန်းလာသော ဟိမဝန္တာ လင်းတများသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင်----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရွှေတိဂုံဘုရားပေါ်မှာ ဠင်းတငှက် ၆ကောင် လာ နားတာ အတိတ် နမိတ် မကောင်းဘူးလို့ ဆို

Posted: 23 Dec 2012 10:28 PM PST

ဒီဇင်ဘာလ ၂၃ရက် တနင်္ဂနွေနေ့ ညနေပိုင်းကနေ ဒီဇင် ဘာလ ၂၄ရက် တနင်္လာနေ့ မနက်ပိုင်းထိ ရန်ကုန်မြို့၊ ရွှေတိဂုံ ဘုရားပေါ်မှာ ဠင်းတငှက် ၆ကောင် လာရောက် နားခိုသွား ခဲ့တာကို နက္ထတ ဗေဒပညာရှင် စံဇာဏီဘို ကတော့ မြင့်မြတ်တဲ့ ဘုရားပေါ် ယုတ်ညံ့တဲ့ ငှက်လာနားတာ မကောင်းဘူးလို့ အတိတ် နမိတ် ကောက်ယူ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရားမျှတမှု ရရှိရေး အိန္ဒိယဆန္ဒပြသူတွေ ဖြိုခွဲခံရ

Posted: 23 Dec 2012 10:11 PM PST

အိန္ဒိယနိုင်ငံမှာ ၂၃ နှစ်အရွယ် ကျောင်းသူတဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်မှုနဲ့ ရိုက်နှက်မှုတွေ အတွက် စွပ်စွဲချက်နဲ့ ဖမ်းဆီးထားသူ ၆ ယောက်ကို မြန်မြန်ဆန်ဆန် အရေးယူပေးဖို့ နယူးဒေလီ မြို့တော်မှာ တောင်းဆို ဆန္ဒပြမှုတွေ တနင်္ဂနွေနေ့က ၂ ရက်မြောက်တဲ့ အချိန်မှာတော့ ရဲတွေက မျက်ရည်ယို ဗုံးတွေ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒီဇင်ဘာလ (၂၆)ရက်နေ့ ထုတ် Mobile Guide Issue #84

Posted: 23 Dec 2012 10:08 PM PST

OIC ရုံးခွဲမြန်မာနိုင်ငံမှာ ဖွင့်ခွင့်ရရေး ထပ်ကြိုးပမ်း

Posted: 23 Dec 2012 09:44 PM PST

အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပြီးခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို တကြော့ပြန် သွားရောက်မယ်ဖို့ အစိုးရကို ကမ်းလှမ်း တောင်းဆိုထားတယ်လို့ အိုအိုင်စီက ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



OIC အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အမှတ်တံဆိပ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်ကြောင်းပြော

Posted: 23 Dec 2012 09:31 PM PST

ပြည်သူလူထု အတွက် အလုပ်လုပ် နိုင်ဖို့ သမ္မတ လုပ်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က တနင်္သာရီတိုင်း ကျွန်းစုမြို့မှာ လူထုကို မိန့်ခွန်း ပြောကြားရမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။ ပြည်သူလူထု အတွက် အလုပ်လုပ် ပေးနိုင်ဖို့ရာ နိုင်ငံရေး အာဏာရဖို့ လိုကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်သူလူထု အတွက် အလုပ်လုပ်နိုင်ဖို့ ကျွန်မ သမ္မတ ဖြစ်ချင်တယ်။

ဆီးရီးယားအစိုးရ လေကြောင်းက ပစ်လို့ လူ၉၀ သေဆုံး

Posted: 23 Dec 2012 09:22 PM PST

ဆီးရီးယား နိုင်ငံက လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ရာHama ပြည်နယ် Halfaya မြို့မှာ မုန့်ဖုတ်ဆိုင်က တန်းစီ စောင့်နေတဲ့ သူတွေ အပေါ်ကို အစိုးရ တပ်တွေက လေကြောင်းက ပစ်ခတ် တိုက်ခိုက် ခဲ့တာကြောင့် လူကိုးဆယ်ကျော် သေဆုံးသွားခဲ့တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိုက်ခိုက် ခံရတဲ့ လက်နက်ကြီးတွေ

တိုက်ခိုက်မှုကြောင့် လူတွေ အိုးအိမ်မဲ့ ဖြစ်ရလို့ MSF ဆို

Posted: 23 Dec 2012 09:16 PM PST

အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံက တတိယ အကြီးဆုံး Bambari မြို့ကို Seleka ညွှန့်ပေါင်း အဖွဲ့လို့ ခေါ်တဲ့ သူပုန်တွေက သိမ်းယူလိုက်ပါပြီ။ အစိုးရက စေ့စပ် ညှိနှိုင်းရေး တောင်းဆို နေတဲ့ကြားက သူပုန်တွေက မြို့ကို သိမ်းလိုက်တာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူတွေ အိုးအိမ်မဲ့ ဖြစ်ရကြောင်း နယ်စည်းမခြား ဆေးကုသရေး အဖွဲ့က ပြော

တောင်တက် ကားများအား ငွေကြေး တောင်းခံ ခဲ့သည့်ကိစ္စ KNU မှ လာရောက် ရှင်းလင်း

Posted: 23 Dec 2012 09:00 PM PST

တောင်တက် ကားများအား ငွေကြေး တောင်းခံခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့နှင့် တောင်တက် ကားအသင်း တာဝန်ရှိ သူတို့အား KNU မှ တာဝန်ရှိ သူများက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လာရောက် ဆွေးနွေး ရှင်းလင်း ခဲ့ကြောင်း ဂေါပက ဥက္ကဋ္ဌ ဦးစံမြင့်၏ ပြောကြား ချက်အရ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငွေကြေး တောင်းခံမှု ဖြစ်ပေါ်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက် လမ်းပေါ်ရှိ ၁၀ မိနစ်စခန်း ။ ဓါတ်ပုံ - Eleven Media Group

ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၂

Posted: 23 Dec 2012 08:53 PM PST

ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ရဲတပ်ဖွဲ့ ဝင်အား ဓားဖြင့်ထိုး၍ ထွက်ပြေးသူအား ဖမ်းဆီးရမိ

Posted: 23 Dec 2012 12:29 PM PST

ဒီဇင်ဘာလ ၂၂ ရက်နေ့ ညအချိန် မြောက်ဥက္ကလာပ ရဲစခန်းမှ လုံခြုံရေး လှည့်ကင်း တာဝန် ထမ်းဆောင် နေသည့် အဖွဲ့ မှ ရဲတပ်သား တင်မောင်ဝင်း  ကို ခလုပ်ဓါးဖြင့် ထိုးပြီး ထွက်ပြေးသွားသော ပြည့်တန်ဆာခေါင်း တိမ်တလုံးမ (ခ) ဇာဇာအေး ကို ဒီဇင်ဘာလ (၂၃)ရက်နေ့ တွင် ဖမ်းဆီး ရမိကြောင်း သတင်း ရရှိပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါးဖြင့်ထိုးခံရသည့် မြောက်ဥက္ကာလာပ ရဲစခန်းမှ လုံခြုံရေး အဖွဲ့ ကင်းလှည့်နေစဉ်။

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ