---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/26
Subject: [လူဗိုလ်ဟူသည် ...] ဒီတစ်ခါ နောက်မကျပါရစေနဲ့
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/27/2012 12:21:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/26
Subject: [လူဗိုလ်ဟူသည် ...] ဒီတစ်ခါ နောက်မကျပါရစေနဲ့
To: lubo601@gmail.com
by Khin Hnin Kyi Thar on Wednesday, December 26, 2012 at 8:39am ·
လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရန်ကုန်တိုင်းထဲက မရမ်းချောင်းအနာကြီး ရောဂါသည်စခန်းကို ပထမဆုံး ပရဟိတခရီးစဉ်အဖြစ် ရောက်ခဲ့တယ်။ အဲဒီကအပြန် ရွာနာမည်မမှတ်မိပေမယ့် တော်တော်ခေါင်တဲ့ ရွာလေး တစ်ရွာကို ဆန်အိတ်၊ ဆီနဲ့ ငါးခြောက်ပြားတွေ ထမ်းပြီး သွားလှူကြတယ်။ အဲဒီမှာ ကျွန်မသိလိုက်တာက အဲဒီရွာလေးက ခရစ်ယာန်ဘာသာဝင်တွေကြီးပဲနေတဲ့ ရွာလေးတဲ့။
စကားပြောရင်း မသင်္ကာတာနဲ့ မေးကြည့်မိတော့ ရွာလုံးကျွတ် ခရစ်ယာန်ဘာသာဝင်ဖြစ်သွားတာ သိပ်မကြာသေးဘူးတဲ့။ ဒီတော့မှ အရှင်ဇ၀နရေးတဲ့ စာအုပ်ထဲက ရွာလေးဖြစ်မှန်း ရိပ်မိလိုက်တယ်။
လယ်မြေမဖြစ်ထွန်းခြင်း၊ လမ်းပမ်းဆက်သွယ်ရေး မကောာင်းခြင်း၊ ကျောင်းမရှိခြင်းစတဲ့ အခြေအနေတွေကြောင့် ရွာလုံးကျွတ် ဒုက္ခတွေ ဝေနေတဲ့အချိန်မှာ ခရစ်ယာန် သာသနာပြုများကြောင့် နေရေး၊ စားရေး၊ ပညာရေး စတာတွေ ဖွံ့ဖြိုးလာတဲ့အတွက် အဲ့ဒီနောက်မှာ ရွာလုံးကျွတ် ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်သွားကြပါသတဲ့။ အပြင်မှာ တကယ်ဖြစ်ခဲ့တာပါ။ ဘယ်ဘာသာကိုမှ အပြစ်မပြောသလို ဘာသာခြားခံယူလိုက်တဲ့ သူတွေကိုလည်း စိတ်ဓါတ် မခိုင်မာရကောင်းလားလို့ ပြောလို့မရပါဘူး။ ကျွန်မတို့ ကူညီဖို့ လက်နှေးသွားတယ်။ ကျွန်မတို့ လှမ်းဆွဲဖို့ မမီလိုက်တဲ့အခါ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို ခံစားလိုက်ရတယ်။ ဘာမှမဖြစ်ပါဘူးလို့ တွေးတဲ့သူတွေအတွက်တော့ ဘာမှမဖြစ်ပါဘူး။ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဘာသာစကား၊ လူမျိုးစတဲ့ အရာတွေကို ချစ်မြတ်နိုးတတ်သူတိုင်းအတွက်တော့ အဲ့ဒီအကြောင်းက စိတ်မချမ်းမြေ့စရာပါ။
ပခုက္ကူထဲက ယောနဲ့ မြိုင်နယ်စပ် ကြားမှာရှိတဲ့ တောင်တန်းတွေပေါ်ရောက်တော့ စိတ်မချမ်းသာစရာနဲ့ ကျွန်မ နောက်တစ်ခေါက် ဆုံရတယ်။ ရွာ လေးရွာရှိတယ်။ ရွာတစ်ရွာမှာ အိမ်ခြေ ၆၀ကျော်ရှိတယ်။ ခန့်မှန်းလူဦးရေ ၁၂၀၀ နီးပါးမှာ ကိုးကွယ်စရာ စေတီပုထိုးမရှိဘူး။ ဗုဒ္ဒဘာသာဝင်တွေ ဖြစ်ပါလျက် တရားနာဖို့ သံဃာတော်မရှိဘူး။ အဖိတ် ဥပုသ်မှာ သူတို့သီလယူစရာ ဘုန်းကြီးကျောင်းမရှိဘူး။။
အဲ့ဒီနေ့ကတည်းက ကျွန်မခြောက်ခြားမိတယ်။ ကျွန်မ ကူညီနိုင်တဲ့ အားထက် ပိုများတဲ့ အင်အားနဲ့ ဘာသာခြားတွေလာပြီး သာသနာပြုသွားမှာ၊ သာသနာ့အလံစိုက်ရမယ့် နေရာမှာ ဘာသာခြားအဆောက်အအုံတွေ ပေါ်လာမှာ ကျွန်မကြောက်တယ်။
ကျွန်မမက်တဲ့ အိပ်မက်က သိပ်ကိုကြီးလေးလွန်းပါတယ်။ အဲ့ဒီတောင်တန်းဒေသရဲ့ လမ်းကို အရင်ဆုံးပြင်ချင်တယ်။ လမ်းကောင်းပြီဆိုရင် စေတီပုထိုး ကုသိုလ်ယူမယ့် အလှူရှင်တွေ ဖိတ်ခေါ်မယ်။ သာသနာကို အဓွန့်ရှည်ဖို့ ဘုန်းကြီးကျောင်း ဆောက်လုပ် လှူဒါန်းမယ်။ သံဃာတော်ပင့်မယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ဖို့ ကျွန်မကြိုးစားမယ်။ ရွာတိုင်း ကျန်းကျန်းမာမာနေထိုင်ကြဖို့ ဆေးပေးခန်းဆောက်ပြီး ဆရာဝန်နဲ့ သူနာပြုငှားမယ်။ အဲဒီဒေသတွေမှာ တရားသံတွေ၊ ဆည်းလည်းသံတွေ၊ စာအံသံတွေ ဝေစေချင်တယ်။
ကျွန်မမက်တဲ့ အိပ်မက်ကြီးပြီးဆုံးဖို့ နှစ်ပေါင်းဘယ်လောက် ကြာမလဲ၊ ဘယ်လောက်ခက်ခဲမလဲ ကျွန်မ မသိဘူး။ ကျွန်မတစ်ယောက်တည်းရဲ့ ကြိုးစားမှုနဲ့လည်း မပြီးဆုံးနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် သာသနာအလံသာ စိုက်ထူရမယ့် နေရာမှာ ဘာသာခြား အဆောက်အအုံတွေ ရောက်မလာဖို့ ကျွန်မတတ်နိုင်သလောက် ကြိုးစားမယ်။ နောက်တစ်ခေါက် လက်မလွှတ်ပါရစေနဲ့။
တစ်ဖက်က မီးအိမ်ကို ဆွဲလို့ တစ်ဖက်က လက်ကမ်းလို့ ကြိုပါတယ်။ ကမ်းသော လက်ကို တွဲလို့ တောင်တန်းဒေသမှာ တရားသံတွေ ညံဖို့၊ ဆည်းလည်းသံတွေ ဝေဖို့၊ စာအံသံတွေ ကြားရဖို့ အတူတူကြိုးစားကြပါစို့လားရှင်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/27/2012 12:21:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ