---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/26
Subject: [လူဗိုလ်ဟူသည် ...] မြင်တာလေးတော့ ပြောချင်တယ်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/27/2012 11:57:00 AM

ရေးသားသူ- ဒဲ့ဟစ်
ကျန်းမာရေးအတွက် လမ်းလျှောက်သင့်ကြောင်း မီဒီယာများမှာ ဖတ်ရတယ်။ လမ်းလျှောက်ခြင်းဟာ တခြားအားကစားနည်းများလို လေ့ကျင့်ဖော်၊ ကစားဖော်မလိုဘူး။ အချိန်အကန့်အသတ်မရှိဘူး။ ငွေကုန်ကြေးကျမများဘူး။ တစ်ယောက်တည်းလျှောက်လည်းဖြစ်တယ်။ အဖော်အပေါင်းနဲ့ လျှောက် သူတွေလည်းရှိတယ်။ များသောအားဖြင့် နံနက်စောစောနဲ့ ညနေပိုင်းတွေမှာ လမ်းလျှောက်ကြတာ များတယ်။
တစ်နေ့ညနေပိုင်း အင်းလျားကန်ပေါင်ပေါ် လူငယ်ငါးယောက်အုပ်စု စားစရာ၊ သောက်စရာများနဲ့ ရောက်လာကြတယ်။ ပျော်ပွဲစားထွက်လာတဲ့ ပုံစံမျိုး။ အိတ်ထဲမှာ အသင့်ယူလာတဲ့ အရက်ပုလင်းရဲ့ အဖုံးကို အလုအယက် ဖွင့်ဖောက်ပြီး ကံစမ်းမဲကို ကြည့်ကြတယ်။ ဆုမဲမပေါက်တော့ လူငယ်တစ်ဦးက နောက်တစ်လုံးထပ်ဖောက်ကွာလို့ ပြောတယ်။ အဖုံးကို အလုအယက် ကြည့်ကြပြန်တယ်။ ဆုမဲမပါဘူး။ အဖုံးကို လွှင့်ပစ်လိုက်တယ်။ မထူးပါဘူးကွာ မူးအောင်သောက်ပစ်မယ်လို့ ပြောတယ်။ ကျွန်တော် လမ်းလျှောက်ပြီး အကြောလျှော့ လေ့ကျင့်ခန်းလုပ်နေတဲ့ နေရာ အနီးမှာဖြစ်လို့ အားလုံး မြင်တွေ့ ကြားသိနေသည်။
လူငယ်လေးများသည် အသက်နှစ်ဆယ်ဝန်းကျင် အရွယ်ကောင်းလေးတွေပါ။ တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် အနာဂတ်စွမ်းအားရှင်များဖြစ်တယ်။ ပညာရှာရမည့် အရွယ်၊ အလုပ်ကြိုးစားရမည့် အရွယ်တွေ ဖြစ်တယ်။ ဘာကြောင့် အခုလို လမ်းမှားရောက်နေရတာလဲ။ ဘာတွေက တွန်းအားပေးလို့လဲ။ လှုံ့ဆော်နေတာလဲစတဲ့ မေးခွန်းများ ကျွန်တော့်ခေါင်းထဲ ဆက်တိုက်ဝင်လာတယ်။
လူလတ်တန်းစားနဲ့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေကို ပစ်မှတ်ထားပြီး ကား၊ ဆိုင်ကယ်၊ ဖုန်းစတဲ့ မက်လောက်စရာ ကံစမ်းမဲတွေပေး၊ အသက်နဲ့ ဘ၀ကို အလျော်အစားပြုရလောက်အောင် အပြိုင်မြူဆွယ်သလို ကြော်ငြာနေတဲ့ အရက်ကြော်ငြာတွေ ယနေ့ထုတ် ဂျာနယ်အချို့မှာ တွေ့နေရတယ်။ (အောင်မြင်သော၊ စောင်ရေများများ ထုတ်ဝေသော ဂျာနယ်များမှာ ပိုတွေ့ရ တယ်။)
ကံစမ်းမဲ ပေါက်သူတွေကလည်း အောင်နိုင်သူ သူရဲကောင်းကြီးများကဲ့သို့ လက်မထောင်ပြီး ဓာတ်ပုံတွေနဲ့ ထောက်ခံတယ်။ ဂျာနယ်များကလည်း စာမျက်နှာအပြည့် ရောင်စုံဝေေ၀ဆာဆာ ကြော်ငြာထည့်ပေးတယ်။ ငွေမျက်နှာတစ်ခုတည်းကြည့်ပြိး စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်ပြီး သိက္ခာမဲ့စွာ လုပ်နေကြတယ်။ လူငယ်တွေကို လွှဲမှားသော အားကျမှုဖြစ်စေတယ်။ အတုယူမှားစေတယ်။
မော်ဒယ် မိန်းမပျိုလေးတွေ အရှက်တရားကို ထင်ထင်ပေါ်ပေါ် ဖွင့်ပြပြီး ရီဝေေ၀ ပုံစံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အရက်ကြော် ငြာတွေ ပြည်သူတွေကြားမှာ ပလူပျံနေတာ သင့်တော်ရဲ့လား။ မြန်မာ့ယဉ်ကျေးမှုကို သေးသိမ်စေတယ်။ မုဒိမ်းမှုတွေ ဖြစ်ပေါ်စေတယ်။
အရက်ကုမ္ပဏီကြီးတွေက တကယ်စေတနာ၊ သဒ္ဓါတရားရှိရှိနဲ့ လှူချင်တယ်။ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ချင်တယ်ဆိုရင် ဆေးရုံတွေမှာ ဆေးဝါးတွေ၊ စာသင်ကျောင်းတွေမှာ လိုအပ်နေတဲ့ ကျောင်းသုံးပစ္စည်းတွေ၊ တကယ်လိုအပ်ချက်ရှိတဲ့ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ နယ်ပယ်စုံမှာ လှူဒါန်းနိုင်တယ်။ အရက်ဝယ်သောက်တဲ့ လူကိုမှ ကျေးဇူးတုံ့ပြန်တယ်။ စေတနာထားတယ်ဆိုတာ လူကြားကောင်းအောင် ပြောနေတာ။
အမှန်အတိုင်း သိထားရမှာက အရက်ကုမ္ပဏီတွေက အလှူဒါနပြုချင်လို့ ကံစမ်းမဲတွေ ဖောက်ပေးနေတာ မဟုတ်ဘူး။ သူတို့ ထုတ်တဲ့ အရက်တွေ ရောင်းအားကောင်းအောင်၊ အမြတ်ရအောင်လို့ ကံစမ်းမဲနဲ့ မြူဆွယ်နေတာ ဖြစ်တယ်။ ဒါကို နားမလည်ပဲ အရက်သမားတွေ ရွှေခေတ်ရောက်ပြီလို့ ပြောနေကြတာဟာ တံလျှပ်ကို ရေထင်ပြီး အလိုက်မှားခဲ့တဲ့ ရွှေသမင်လို နောက်ဆုံး ကိုယ်ပဲဒုက္ခရောက်မယ်။ ကိုယ့်သေတွင်း ကိုယ်တူးနေတာလို့ သိထားစေချင်တယ်။
ပြည်တွင်း အဖျော်ယမကာ လုပ်ငန်းများက ထုတ်လုပ်ရောင်းချနေတဲ့ အရက်ကြော်ငြာတွေမှာ Premium Drinking Water, Purefied Drinking Water, PH စတဲ့ စာသားတွေနဲ့ ဖော်ပြထားကြတယ်။ အရက်ကုမ္ပဏီတွေက ထုတ်တဲ့ ကံစမ်းမဲပေးသော သောက်ရေသန့် ဈေးကွက်မှာရှိလား။ ၀ယ်လို့ရလား။ ယစ်မျိုးဥပဒေနဲ့ ငြိစွန်းမှာ ကြောက်လို့ အရက်ကြော်ငြာကို ရေသန့်စာလုံးသေးသေးလေးနဲ့ ထည့်ပြီး ၀ိနည်းရှောင်ဖော်ပြထားတာ။
အရက်ကို သန့်စင်တဲ့ သောက်ရေသန့်လိုသဘောထား ပြီး သောက်ရမှာလား။ ကမ္ဘာကျော် အရက်ကုမ္ပဏီကြီးတွေက အရည်အသွေးနဲ့ ထုပ်ပိုးမှုတွေကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ရိုးရှင်းစွာကြော်ငြာတယ်။ ဘာကံစမ်းမဲမှ မပေး
ဘူး။ သုံးစွဲသူကို မလှည့်စားဘူး။ အရည်အသွေးပေါ်လိုက်ပြီး ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းတယ်။
ပြည်တွင်းမှာ အရက်ကို မထုတ်ရဘူး။ မရောင်းရဘူးလို့ မပြောလိုပါ။ ဘေးထက်ဆိုးကျိုးနည်းအောင်၊ အရည်အသွေး ကောင်းအောင် ထုတ်လုပ်ပြီး ရိုးသားစွာဈေးကွက်ရှာပါ၊ရောင်းပါ။ မက်လောက်စရာ ကံစမ်းမဲတွေပြပြီး အပြိုင်ကြော်ငြာနေတာကြောင့် Cherry, MarkII, Belta ကားတွေ မစီးရဘဲ ကျော်သူ (နာရေးကူညီမှုအသင်း) ကားတွေသာ စီးပြီး လူ့ဘ၀ထဲက အချိန်မတိုင်ဘဲ ထွက်ခွာသွားကြရသူတွေ မနည်းတော့ပါဘူး။
အရက်ကြောင့် မုဒိမ်းမှု၊ လူသတ်မှု၊ ယာဉ်တိုက်မှု စတာတွေ မီဒီယာတွေ ဖော်ပြလို့ စိတ်မကောင်းစွာ ထိတ်လန့်စွာ ကြားသိနေရတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ မဏ္ဍိုင်ကြီးတွေကို ဝေဖန်ထိန်းကျောင်းနေတဲ့ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြု မီဒီယာသမားတွေဟာ ပြည်သူ့အကျိုးအတွက် အရက်ကြော်ငြာတွေကို ဝေဖန်ထိန်းကျောင်းဖို့ မေ့နေတာ လား။ မမြင်လို့လား။ မသိလို့လား။ ကြော်ငြာခ မြက်မြက်လေးရတာကို မက်လို့လား။ လား ..ပေါင်းများစွာ၊
မေးခွန်းပေါင်းများစွာ ရှိနေပါပြီ။
မိတ်ဆွေတစ်ဦးက သူဂျာနယ် ၀ယ်ဖတ်တိုင်း ဂျာနယ်မှာ အရက်ကြော်ငြာပါရင် အိမ်ကိုဘယ်တော့မှ ယူမသွားဘူး။ ဖတ်ပြီးရင် လမ်းမှာထားခဲ့တယ်။ အိမ်ကို ဂျာနယ်ယူသွားရင် ဂျာနယ်မှာပါတဲ့ အရက်ကြော်ငြာတွေကို တွေ့ပြီး သား၊ သမီးတွေ အတုယူမှားမှာ စိုးရိမ်တယ်လို့ ပြောတယ်။
အရက်ကြော်ငြာပါတဲ့ ဂျာနယ်ကို သားသမီးတွေ၊ ဖတ်မှာကို စိုးရိမ်တဲ့၊ မဖတ်စေချင်တဲ့ မိဘတွေရှိနေကြပြီဆိုတာကို မီဒီယာသမားများ သတိပြုမိစေချင်တယ်။ သိစေချင်တယ်။
ဥပဒေကျူးလွန်မှ အပြစ်ပေး အရေးယူခြင်းထက် ဥပဒေ မကျူးလွန်အောင် ၀ိုင်းပြီး ပညာပေးစေချင်ပါတယ်။ ထိန်းသိမ်းစေချင်ပါတယ်။ အမှားမပြုလုပ်မိအောင် သွန်သင်ဆုံးမစေချင်ပါတယ်။
ဘ၀နဲ့ ရင်းပြီးမှရတဲ့ နောင်တ၊ ဆိုးမွေများ အနာဂတ်ရဲ့ စွမ်းအားရှင် လူငယ်လေးများကို မရစေချင်ပါ။
တစ်မျိုးသားလုံး၏ အကျင့် စာရိတ္တနှင့် ကျန်းမာကြံ့ခိုင်ရေးအတွက် ကျွန်တော်တို့အားလုံးက "ပြည်သူ့အတွက်နံပါတ်တစ်" လို့ ခံယူပြီး အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်း လက်တွဲဆောင်ရွက်နိုင်ရန်အတွက် မြင်တာလေးတော့ ပြောချင်ပါတယ်။ ။

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ