---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/29
Subject: [လူဗိုလ်ဟူသည် ...] ကျမ်းတဆူနှင့် ရှေးလူများ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/30/2012 10:01:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/29
Subject: [လူဗိုလ်ဟူသည် ...] ကျမ်းတဆူနှင့် ရှေးလူများ
To: lubo601@gmail.com
by Deric TG on Sunday, November 18, 2012 at 1:18am ·
ရှေးခေတ်ကိုပြန်လှမ်းမျှော်ကြည့်ရတာကကိုယ်တိုင်ရိုက်ကူးတဲ့ အဖြူအမဲရုပ်ရှင်ကို အပိုင်းလိုက် တည်းဖြတ်ဆက်စပ်ရတာနဲ့လဲ တူပါတယ်။ အကြောင်းအရာတွေဟာ ထူးဆန်းစွာဆက်စပ်နေ တတ်တယ်..။ တခုသိဖို့ အားလုံးနောက်လိုက်ရပြန်တယ်..။ ဥပမာ.. အနောက်တိုင်း အဂွိရတ်ပညာရှင်တွေအကြောင်း
နောက်လိုက်ရင်း... ဓါတုဗေဒပါလာတယ်..။ဒြပ်တွေအကြောင်းနောက်လိုက်ရင် နက္ခအသွားအလာကို သိဖို့လြို့ပန်တယ်။ နက္ခတ္တပညာရှင်တွေနောက်လိုက်ရင် ဂရိသမိုင်းဖက် ရောက်သွားသလို လူ့ယဉ်ကျေးမှုအစဖြစ်တဲ့ ဂရိနတ်သမိုင်းနဲ့ အီဂျစ်အင်ပိုင်ယာကိုလဲ လှမ်းမျှော်တွေ့ရပါတယ်..။
စိတ်ဝင်စားသူတွေအတွက်တော့မမောတမ်းမပန်တမ်း လေ့လာလို့ ကောင်းတဲ့ အကြောင်းအရာထဲမှာ သမိုင်းကို တူးဆွရခြင်းကတော့ ပထမတန်းပါပဲ..။
(အကြောင်းအရာတွေက ဆက်စပ်ပြီးတဖြည်းဖြည်း ရုပ်လုံးပေါ်လာတာကိုက ပန်းပုတခု ရုပ်လုံးပေါ်လာသလိုပါပဲ..) ရှေးခေတ်က ပညာရှင်တွေဟာ ထူးဆန်းတဲ့ ပညာရပ်တွေကို ထိုက်သူတွေဖော်စားနိုင်ဖို့အတွက်
ပေပုရပိုဒ်၊သားရေလိပ်၊ရွှံ့စေးပြား၊ကျောက်စာ စတဲ့အမျိုးမျိုး သောပုံစံနဲ့ မှတ်တမ်းတင်ရစ်ခဲ့ကြတယ်..။
သို့ပေမယ့် မထိုက်တန်သော၊မသာမာသောသူများလက်ထဲရောက်သွားခဲ့လို့ရှိရင် မလျော်တာတွေဖြစ်လာမှာ
ကြိုတင်မြင်တဲ့အတွက်ကြောင့်မလို့ ၀ှက်စာတွေ၊နမိတ်တွေနဲ့ ရေးပြီးချန်ထားရစ်ကြပါတယ်..။
မြန်မာမှာရှိတဲ့ ရှေးခေတ်ကျမ်းတွေထဲက အဂွိရတ်ပညာရပ်ကျမ်းတွေဆိုရင်လဲပညာရှင်များ
ဝှက်ပြီးချန်ခဲ့တဲ့စာများဖြစ်ပါတယ်..။အများစုဟာ လက်ရေးနဲ့မှတ်တမ်းတင်ထားတာဖြစ်ပြီး
ဒီလိုစာမျိုးကိုသိုးဆောင်းစကားနဲ့ Manuscript လို့ခေါ်ပါတယ်..။

ဒီလို Manuscript တွေကို ယခုခေတ်ပညာရှင်တွေ ပြန်လည်အနက်ဖော်ပြီး အများသူငှာမှတ်သားဖို့..
ဘာသာပြန်လေ့ရှိကြပါတယ်..။သို့ပေမယ့် ပညာရှင်တွေဘယ်လိုမှ အနက်ပြန်လို့မရတဲ့ Manuscript
ကျမ်းတစောင်ရှိပါတယ်..။ဒီ ကျမ်းကို Voynich Manuscript လို့လူသိများပြီး ယခုလောလောဆယ်
မတော့ ယေးလ်တက္ကသိုလ် ရဲ့ ရှားပါးလက်ရေးမူုများထားရှိရာစာကြည့်တိုက်မှာ သီးသန့် ထားရှိပါတယ်။
ဒီကျမ်းကိုရေးသားသူနဲ့ ပြုစုခဲ့သောအချိန်ကာလအတိအကျ မသိရပေမယ့် ၁၉၁၂နှစ်ခုနှစ်မှာ
လက်ဝယ်ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်ဖြစ်သူ ၀ီလ်ဖရင့်ဒ် ဗွိုင်းနစ်ခ်ျ ကိုစွဲပြီး ဗွိုင်းနစ်ခ်ျကျမ်းလို့ခေါ်ကြခြင်းဖြစ်ပါတယ်။
ဒီကျမ်းမှာ စာမျက်နှာ ၂၄၀ရှိပြီး သားရေပြားပေါ်မှာမှတ်တမ်းတင်ထားပါတယ်။ စာမျက်နှာ ၂၄၀လို့ပြောပေမယ့်
ကြားထဲက စာမျက်နှာတချို့ဟာ ပျောက်ဆုံးနေပြီး မူလ ရေးသားချိန်မှာ စုစုပေါင်း ၂၇၂မျက်နှာရှိမယ်လို့
ခန့်မှန်းကြပါတယ်..။

ဒီကျမ်းကို အပိုင်း ၆ပိုင်းခွဲထားပြီး ဆေးဖော်စပ်ပုံ၊နက္ခတ္တဂြိုဟ်ခွင်များ၊လူ့ခန္ဓာကိုယ်ခွဲစိတ်ပုံ၊ကြယ်တာရာများနှင့်
သဘာဝဆက်စပ်ပုံ၊ ဘယဆေးသစ်သီးသစ်ဖုသစ်ဥသစ်မြစ်နှင့် အသုံးပြုပုံ စတဲ့အခန်းကဏ္ဍတွေဖြစ်ပါတယ်..။
ပုံတွေနဲ့ဖော်ပြထားတာမို့လို့သာ ဘာတွေကိုရည်ညွှန်းတယ်ဆိုတာသိရတာဖြစ်ပြီး ဒီကျမ်းထဲက တချို့ ပုံတွေဟာ ဘာကိုဆိုလိုတယ်ဆိုတာ ခုထိမသိရသလို ဘယဆေးကဏ္ဍ မှာပါတဲ့ အချို့သောသစ်မြစ်သစ်ဥတွေဆိုရင် ဘယ်ဒေသ၊ ဘယ်အပင်မျိုးစိတ်ဖြစ်တယ်ဆိုတာ ခွဲခြားမသိကြရ ပါဘူး..။ ဘယ်အပင်ဟာ ဘယ်အချိန် ဘယ်ကြယ်တာရာထွန်းချိန်မှာ ဘယ်လိုအကျိုး သက်ရောက်တယ် စသဖြင့် ဖော်ပြထားတဲ့ အတွက်ကြောင့်မို့ မူလ ကျမ်းပြုသူပညာရှင်သည် Alchemist လို့ခေါ်တဲ့ ရှေးသူဟောင်းတဦးဖြစ်မယ်လို့ မှန်းဆလို့ရပါတယ်..။
ဒါဟာ ကြီးကျယ်ခမ်းနား(ခဲ့)တဲ့ Alchemist တွေရဲ့များစွာသော ပေပုရပိုဒ်ထဲက တခုသောမူဖြစ်တယ်..။
ဒီ Alchemist ဆိုသူတွေကိုတော့ မြန်မာအခေါ်နဲ့ဆိုရင် အဂွိရတ်ပညာလိုက်စားသူ၊ဖိုထိုးပြီးထွက်ရပ်လမ်း
လိုက်သူတွေ ဖြစ်ပါမယ်..။အရှေ့နဲ့အနောက်ဟန် အနဲငယ်ကွဲလွဲတဲ့အတိုင်း အရှေ့တိုင်းမှာတော့ ဒီပညာ
ရပ်က ၀ိဇ္ဇာဆန်ပြီးလျှို့ဝှက်ပါတယ်။အနောက်တိုင်းမှာတော့ တိတိကျကျ ဒြပ်စင်တွေ၊ဆေးစပ်ပစ္စည်းတွေ
တိတိကျကျနဲ့မို့ နောက်ပိုင်းမှာ ဓါတုဗေဒဆိုပြီး ခေတ်သစ်ရဲ့တခုသောသိပံ္ပပညာရပ်အနေနဲ့ ရပ်တည်
နိုင်တဲ့အထိ ပေါက်ရောက်သွားပါတယ်..။
အမှန်တော့ အခြခံသဘောဟာအတူတူပဲဖြစ်ပါတယ်။ Base Metal လို့ခေါ်ကြတဲ့ သံ၊ကြေး၊ပြဒါး..စတာတွေကို Nobel Metal လို့ခေါ်တဲ့ ရွှေ၊ငွေ၊ ပလက်တီနမ်ဖြစ်အောင် ပြောင်းလဲကျိုချက်ခြင်း၊Philosopher Stone လို့ခေါ်တဲ့ ဓါတ်လုံးပြုလုပ်ပြီး သက်တမ်းဆွဲဆန့်ခြင်း၊ မသေဆေးရှာခြင်းစတာတွေ ကတော့ တူုညီပါတယ်။ဒီပညာရပ်ဟာအနက်ရောင်ညီနောင်များ (Black Brothers)လို့ လူသိများတဲ့ ဖရီးမေဆင် တွေရဲ့ လျှို့ဝှက်ပညာရပ်ထဲမှာ တခုအပါအ၀င်ဖြစ်ပါတယ်..။

မီးနတ်ပရိုမီးသီးယပ်စ်
အနောက်တိုင်း အဂွိရတ်ပညာဟာ အီဂျစ်ဟယ်လင်နစ်ခေတ်မှာ အလက်ဇန္ဒြီးယားကှိုဗဟိုပြုပြီးထွန်းကားခဲ့တယ်..။
ဒဏ္ဍာရီမှာတော့ ပရိုမီးသီးယပ်စ်လို့ခေါ်တဲ့ မီးနတ်က မီးကိုလူသားတွေအတွက်လက်ဆောင်ပေးခဲ့တယ်..။ဒါကိုစွဲပြီး
မီးနဲ့ပတ်သက်တဲ့ အဂွိရတ်ပညာမှာ သူ့ကိုထိပ်တင်တယ်..။ နောက်ထပ်အရေးပါတဲ့ နတ်ဖုရားတွေက...
အီဂျစ်တွေရဲ့နတ်ဖုရားတွေဖြစ်တဲ့ နေနတ်ဖုရား 'ရာ'၊နောက် အိုဆီးရီးစ်နတ်ဖုရားရဲ့ကြင်ယာတော်
အိုင်းဆစ်နတ်ဖုရားမ စတာတွေဖြစ်တယ်..။

အိုင်းဆစ်နတ်ဖုရားမ
ပထ၀ီအနေအထားအရ အလက်ဇန္ဒြီးယားဟာ ဥရောပနဲ့ အာရေးဗီးယားကိုဆက်သွယ်ရာ တံခါးဖြစ်တယ်..။ဒီတော့
နှောင်းခေတ်ပိုင်းမှာအာရေးဗီးယန်း အဂွိရတ်ပညာရှင်တွေကို အနောက်တိုင်း အဂွိရတ်ပညာမှာအခန်းတကဏ္ဍ
အနေနဲ့မြင်တွေ့ရတယ်။ထင်ရှားတဲ့ ပညာသည်တဦးက Jābir ibn Hayyān (Geber)လို့လူသိများတဲ့
ဘိုင်ဇန်တိုင်းအင်ပါယာခေတ်က အစ္စလာမ်မစ်ပညာရှင်ဖြစ်ပြီး သူဟာ နောက်ပိုင်း ဓါတုပညာရှင်တွေဖြစ်တဲ့
လဗွိုင်ဆီးယာ၊ရောဘတ်ဗွိုင်း၊ဂျိုးဇက်ဂေလူးဇတ်စ်တို့အတွက်အခြေခံကျတဲ့ နည်းနာတွေကို စနစ်တကျဓါတ်ခွဲခန်းနဲ့
စမ်းသပ်မှုတွေလုပ်ခဲ့သူဖြစ်တယ်။(လက်စသတ်တော့ ခေါင်းပူခဲ့ရတဲ့ ဒသမတန်း ဓါတုဗေဒဖတ်စာထဲက
Boyle's law၊ Charle's Law,Gay-Lussac's law .. ဆိုတာတွေက သင်းတို့လက်ချက်ပေပဲကိုး :D )

Jābir ibn Hayyān
ရှေးအဂွိရတ်ပညာရှင်တွေ တညီတညွတ်ထဲ စိုက်လိုက်မတ်တတ် ရှာဖွေခဲ့ကြတာက တစ်ခုပဲရှိပါတယ်..။
Philosopher's stone လို့ခေါ်တဲ့ ဓါတ်လုံးဖြစ်တယ်..။ဒီအကြောင်းကို အိန္ဒိယက ရှေး Manuscript တခု
ဖြစ်တဲ့ ၄၀၀ BC ခန့်က ဗိသျှနူးဂုပ်တား ရဲ့ အာထာသျှတ္တရကျမ်းမှာ ရွှေဖြစ်ဓါတ်လုံးအကြောင်းဖော်ပြထားတယ်။
နောက်ကျမ်းတခု ရာဆရတ်နကရာ မှာတော့ ပြဒါး(မာကျုရီ)ကနေ ရွှေပြောင်းတဲ့နည်းရေးထားပါသတဲ့..။
(ဂရိစစ်ဘုရင်မဟာအလက်ဇန္ဒား 325BC မှာအိန္ဒိယကိုသိမ်းပိုက်တော့ ဒီကျမ်းတွေဟာ အနောက်ကိုပါသွားတယ်။
မဟာအလက်ဇန္ဒားဟာ သူသိမ်းပိုက်ခဲ့သမျှ ကမ္ဘာအရပ်ရပ်က အဖိုးတန်ပစ္စည်းတွေကို သူ့မင်းနေပြည်ပြန်ပို့
လေ့ရှိပြီး ကျမ်းတွေ၊ပညာရပ်တွေ၊ထူးဆန်းပစ္စည်းတွေကိုတော့ သူ့ဆရာအရစ္စတိုတယ်လေ့လာနိုင်ဖို့ပို့တယ်
လို့ဆိုပါတယ်..။)

တရုပ်မှတ်တမ်းမှာတော့ ပညာရပ်အနေနဲ့တိတိကျကျမှတ်တမ်းမရှိသော်ငြား အတွေးအခေါ်အနေနဲ့တော့
မှတ်တမ်းပြုထားပါတယ်..။ထင်ရှားတဲ့ တွေးခေါ်မှုက ယင်-ယန် တံဆိပ်ဟာ သိသာမြင်သာတဲ့ ဓါတ်လုံး
သဘောတရားဖြစ်ပြီး တရုပ်တွေတွေ့ရှိခဲ့တဲ့ ဓါတ်ခွဲမှုအနေနဲ့ကတော့ ယမ်း ကိုတွေ့ရှိနိုင်ပါတယ်။
တရုပ် အဂွိရတ်ပညာရှင်တွေဟာ တွေးခေါ်မှုဖက်မှာသာအားသန်ခဲ့ပြီး အပူ၊အအေး..အလင်း၊အမှောင် နေ့နဲ့ည စတဲ့ဆန့်ကျက်ဘက်ပေါ်အခြေခံတဲ့ သူတို့ရဲ့ အယူအဆတွေကို...
Moxibustion(အပ်စိုက်ပညာ)Acupuncture(အကြောကိုင်ပညာ)နဲ့ တိုင်ကျိချွမ်၊ကွန်ဖူးစတဲ့
ကိုယ်ခံပညာတွေမှာ သဘောတရားကို ထည့်သွင်းခဲ့ပါတယ်..။
ဒီလိုနဲ့ ၁၉၀၁ခုနှစ်မှာ ဖရက်ဒရစ်ဆော့်ဒီကနေ အားနက်စ်ရူးသားဖို့ဒ်နဲအတူပြုလုပ်ခဲ့တဲ့ သိုရီယမ်ကနေ ရေဒီယမ် ပြောင်းခဲ့တာကိုအကြာင်းပြုပြီး ဓါတုဗေဒ အဂွိရတ်ပညာကနေ ခေတ်သစ် နျူကလိယ သိပ္ပံပညာအခြေအနေကို ရောက်ရှိလာပါတော့တယ်..။(သူတို့လေ့လာမှုကြောင့် အားနက်စ်ရူးသားဖို့ဒ်က၁၉၀၈ခုနှစ်၊ဖရက်ဒရစ်ဆော့်ဒီက ၁၉၂၁ခုနှစ်မှာ ဓါတုဗေဒဆိုင်ရာနိုဗယ်ဆု အသီးသီးရရှိခဲ့ကြပါတယ်..။နိုဗယ်ဆုဆိုတာ ဒီနောက်ပိုင်းမှာ နိုင်ငံရေး လှည့်ကွက်တွေပါလာတယ်၊ အရင်ကလောက် တန်ဖိုးမရှိတော့ဘူးလို့ ဆိုကြပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သိရမှာက
ဒီဆုကို..သာမန်လူတွေရတာတော့မဟုတ်ဘူးဆိုတာကိုပါပဲ..။)

(Au=Gold,Hg=Mercury)
သူတို့ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုကိုအကျဉ်းချုပ်မှတ်လွယ်အောင် အိုင်ဆိုတုပ်ဇယားကိုကြည့်မယ်ဆို
မီးအပူပေးလိုက်ရင်ဘယ်ရောက်မှန်းမသိ ပျောက်သွားတတ်သော ပြဒါး (တစ်နည်းအားဖြင့်)
အဂ္ဂိရတ် အခေါ် နဂါး ရဲ့အိုင်ဆိုတုပ်နံပတ်က၈၀ဖြစ်ပြီး ရွှေရဲ့ အိုင်ဆိုတုပ်က ၇၉ဖြစ်တယ်..။
ဆိုတော့ နျူကလိယများ ခွဲစိတ်ခြင်းပေါင်းစပ်ခြင်းလုပ်လိုက်ရင်.. (ပြဒါးရဲ့ အိုင်ဆိုတုပ်နံပတ်တလုံး လျော့လိုက်ရင် ရွှေရဲ့အိုင်ဆိုတုပ်နံပတ်ဖြစ်လာသကိုးဗျ)ရွှေဖြစ်လာပါလေရော။
ဒါပေမယ့် ပြသနာတခုရှိတာက ဒီဓါတ်ခွဲခန်းသတ္ထုတွေရဲ့သက်တမ်းက တကယ့်သတ္ထုရဲ့ သက်တမ်းတွေလောက် မရှည်တာဖြစ်တယ်။ (နျူကလိယရူပဗေဒမှာ အရာဝတ္ထုတခုရဲ့ သက်တမ်းကိုတွက်ရင် Half Life နဲ့တွက်ကြတယ်။
ဥပမာ လူတယောက်ရဲ့သက်တမ်း ၈၀ ဆိုရင် Half life နဲ့ဆိုရင် ၄၀ပေါ့..။)ခေတ်သစ်ရူပဗေဒမှာတော့ ရွှေဖြစ်အောင် ပြဒါးထက် ခဲ(Pb-Lead) ကိုသုံးကြတယ်။ခဲရဲ့ တ၀က်သက်တမ်းသည် နှစ်ပေါင်း 1.4 x 10^17နှစ်..ဖြစ်တယ်..။
(၁.၄ နောက်မှာ သုည ၁၇လုံး)..။ခဲကနေပြန်ပြောင်းလိုက်သောရွှေသည် Half life ၂.၇ရက်ပဲရှိပါတယ်..။
၁၉၂၄-မတ်လမှာတိုကျိုတက္ကသိုလ်က ပါမေက္ခဟန်တာရို နာဂါအိုကာကနေ ပြဒါးမှ ရွှေဖြစ်အောင်စမ်းသပ်
အောင်မြင်ပြီး၁၉၂၅-ခုနှစ် မေလမှာပြုလုပ်ပုံကို ကြေညာ ထုတ်ပြန်ခဲ့တယ်။ဟန်တာရို နာဂါအိုကာ လုပ်ပုံက
တန်စတင် နဲ့ ပြဒါးကိုရေနံဆီစိမ်ထားသောလျှပ်ကူး နည်းတဲ့ အလွှာအောက်မှာ ထားပြီးလျှပ်စစ် ဗို့အား
15 x 104 volts/cm နဲ့၎-နာရီကြာ ပေးတယ်။နောက်တော့ ကာဗွန်၊ နဲ့ ပြဒါး လက်ကျန်တွေအကြားမှာ
ရွှေ (Au) ကို တွေ့ရှိရတယ်။ရလာတဲ့ အမဲရောင် ဒြဗ်ပစ္စည်း ကို လေဟာပြွန်ထဲမှာ သန့်စင်၊ အောက်စီဂျင်နဲ့
မီးရှို့ပစ်ပြီးနောက်ဟိုက်ဒြိုကလိုရစ်အက်စစ်နဲ့ချွတ်လိုက်သော အခါ မတော့ ရွှေကို အလွှာဖတ်လေးများ
အနေဖြင့်တွေ့မြင် ရပါတော့တယ်။

ပါမေက္ခဟန်တာရို နာဂါအိုကာ
နာဂါအိုကာ စမ်းသပ်ချက်အရ iron electrodesကြားကနေ ပြဒါး အစက်လေးတွေကို ဖြတ်သန်းစေတဲ့အခါ
ငွေ silver နဲ့ တခြား ဒြပ်စင်များကို တွေ့ရသေးသည် ဆိုတယ်။ ဆက်လက်ပြီး မာကြူရီ မီးရောင်အောက်မှာ နာရီ ၂၀၀၊ဗို့အား ၂၂၆ မှာ ထားလိုက်သော အခါမတော့ ရွှေ တစ်မီလီ ဂရမ် နှင့် ပလက်တီနာမ် တို့ကို တွေ့ရတယ်။
ထိုနည်းသုံးပြီးဂျာမဏီ နိုင်ငံ Berlin Technical High School က Photochemical Department မှ ပါမောက္ခ အဒေါ့ဖ် မီးသီး (ကြံကြံဖန်ဖန်.. :D ) ကလည်း စမ်းသပ် အောင်မြင်ခဲ့တယ်။ဒီလိုအောင်မြင်တဲ့စမ်းသပ်ချက်ပြုလုပ်ခဲ့ပေမယ့် (ဖိုထိုးလို့ရလာတဲ့ရွှေကတကျပ်၊မီးသွေးဖိုးက တဆယ်ဆိုသလိုနေမပေါ့ :D ) ရလာတဲ့ရွှေထက်ပြုလုပ်စရိတ်ကပိုများလို့ရပ်တန့်သွားပါတယ်။
ရှေးအဂွိရတ်ပညာရပ်ကနေ ခေတ်သစ်နျူကလိယရူပဗေဒ အထိတဆင့်ခြင်းလှမ်းခဲ့တာတွေ ကြည့်ရင်း
မြန်မာပြည်က အဂ္ဂိရတ်ပညာပညာတွေသာ စနစ်တကျ မှတ်တမ်းမှတ်ရာနဲ့ ရှိနေရင် တမျိုးတမည်ပြောင်းလွဲ ထူးခြားမလားလို့လဲတခါတရံအတွေးကွန့်မိတယ်..။
မြန်မာပြည်မကျတော့ ရှေးတုံးကပုဂံမှာ ရှင်မထီး ဆိုတဲ့ အဂ္ဂိရတ်သမား တယောက် ရှိတယ်။ရှင်မထီးရဲ့ အဂ္ဂိရတ်ဖိုထိုးခြင်း ကိစ္စမှာမီးသွေးဘိုး လုံဘိုး ဆေးဘိုးနဲ့ အခြား ကုန်ကျ စားရိတ်တွေ များလွန်းလို့ ပုဂံ တပြည်လုံး မွဲပြာကျသွား တယ်တဲ့..။ ပုဂံပြည် သား တွေကလည်း ရှင်ဘုရင်ကိုယ်တိုင်ပါမစ် ပေးထားတော့ ပထမ ရှင်မထီးကိုမကိုင်တွယ်ရဲ ဘူးပေါ့..(ခုခေတ်ခရုနီတွေကနဲနဲတော်သေး :P )။နောက်ဆုံးပြည်သူတွေစိတ်တိုပြီး လမ်းပေါ်ထွက် ဆန္ဒြုပကြရော..။ (မီးပေးပါ၊ မြစ်ဆုံဆည်ရပ်တန့်ပါ၊ ပြည်တွင်းစစ်ချက်ခြင်းရပ်..ဆိုတာတွေလိုနေမပေါ့...)
ရှင် ဘုရင် ကလည်း ပုဂံပြည်သားတွေရဲ့ ဒေါသ သူ့ ဘက်လှည့် မလာခင် ရှင်မထီးရဲ့ မျက်လုံးနှစ်ဘက်ကို
ဖေါက်ပစ်လိုက်တယ်တဲ့။ အဲဒီ တော့ ရှင်မထီးလည်း စိတ်ဆိုးပြီး သူ့ ဓါတ်လုံးကို ရေအိမ်သာထဲဝဲလိုက်တယ်ဆိုပဲ။
အဲဒီ အခါမှ ဓါတ်ပြုမှန်ပြီး ထွက်ရပ်ပေါက် သွားတယ်တဲ့ (ကြံကြံဖန်ဖန်..)အဲဒါနဲ့ထွက်ရပ် ပေါက်ပေါက်ခြင်း
ပုဂံဈေးထဲက မရောင်းရလို့ ကျန်နေ ခဲ့တဲ့နွားမျက်လုံး တဘက်နဲ့ ဆိတ်မျက်လုံး တဘက်ကိုရှင်မထီးရဲ့ ကန်းနေတဲ့မျက်လုံးမှာ အစားထိုးလိုက်ရတယ်တဲ့။ မျက်လုံး နှစ်ဘက် အလင်းရတော့ သူ့ ရဲ့ ထွက်ရပ်ပါက် အတတ်ပညာနဲ့ ပုဂံပြည်ကြီးပေါ် ရွှေမိုး ငွေမိုးရွာ ချ လိုက်တယ်တဲ့။(happy ending ပေါ့..)

ခုခေတ်တော့ ဖိုထိုးတဲ့သူတွေသိပ်မရှိတော့ဘူးထင်ပါတယ်။အရင်ကတော့ အဂွိရတ်ပညာလိုက်စားတဲ့သူတွေထဲမှာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ဖိုထိုးဝါသနာကြီးသူလို့နာမည်ကျော်ပါတယ်။
၁၈ နိုဝင်ဘာ၊၂၀၁၂
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/30/2012 10:01:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


