လူကြောက်ကြီးများရဲ့ ဆက်ကြေး ကယ်ပါတိုင်းသား၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၂ ကြေးနီစီမံကိန်းဟာ နိုင်ငံသားတွေအတွက် ဘာကျေးဇူးမှမရှိပါဘူး။ နိုင်ငံသားအတွက်မရှိဘူးဆိုတော့ နိုင်ငံတော်အတွက်လဲ မရှိဘူးပေါ့။ အာဏာရှင်အစိုးရတွေက နိုင်ငံတော်ဆိုတာကို နိုင်ငံသားတွေထက်အရေးကြီးသယောင်ယောင်ပြောတတ်တယ်။ အမှန်တော့ စစ်အာဏာရှင်တွေအာဏာတည်မြဲရေးအတွက် တရုတ်ကကူညီပေးရင်း နိုင်ငံတော်ထဲက တောင်တွေ၊ တောတွေကို သူခိုးဈေးနဲ့ဝယ်ခဲ့တာပါ။ အလိုတူအလိုပါဖြစ်အောင် စစ်ခေါင်းဆောင်ပိုင်းကိုလဲ လာဘ်ပေးမှုတွေ ကျူးလွန်ခဲ့တာပေါ့။ ဒါဟာ တရုတ်ရဲ့အဆင့်အတန်းပါဘဲလေ။ စစ်အစိုးရဘက်ကလဲ အမျိုးကိုချစ်လိုက်တာလဲ သူ့အပြင်နှစ်ယောက်မရှိဘူး။ တီဗီနဲ့သတင်းစာထဲမှာပေါ့။ နှစ်ဖက်လုံးက ပြည်သူဆိုတာကို ကြည့်ဖို့ထား၊ သတိတောင်ရခဲ့တာမဟုတ်ပါဘူး။ ဒါကို သမတကြီးက အမေရိကားသွားကာနီး တရုတ်ပြေး၊ အမေရိကားရောက်တော့လဲ တရုတ်က ကျေးဇူးရှိတယ်ပြောတော့ ဦးအောင်မင်းကလဲ ကျေးဇူးဆပ်ရမယ်လုပ်ကရော။ စီးပွားရေးစီမံကိန်းထက် ကျေးဇူးဆပ်စီမံကိန်းပါ။ ရေရှည်အကျိုးအမြတ်ဘာမှစဉ်းစားခဲ့တာမဟုတ်ဘူး။ ဂျုတ်ကြီးက ချုပ်ဆို ချုပ်လိုက်တာမျိုးဖြစ်မှာပါ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိလား၊ မရှိလား၊ ချုပ်တုန်းကဆို သဘာဝပတ်ဝန်းကျင်ဆိုတဲ့စကားလုံးတလုံး [...]
Read more of this post