ညက ... ရှင်ဒဲလား စာရင်းကို ပြန်လည် ကြည့်ဖြစ်ခြင်း ကမာပုလဲ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂   ညက ... ရှင်ဒဲလားစာရင်း ကို ပြန်ကြည့်ဖြစ်တယ်   ရုပ်ရှင်ဇာတ်ကားကြီးကို တီဗွီဖန်သားပြင်ပေါ်မှာ ပြန်လည်ကြည့်ရှု ခံစားခွင့်ရရှိခြင်း ဆေးရောင်စုံ မဟုတ်၊ အဖြူအမည်း ဒုတိယ ကမ္ဘာစစ် အဖြစ်အပျက် မော်ကွန်းရုပ်ရှင် ကြည့်နေရသလိုပဲ ...။ ဂျာမန်ဗိုလ်က နံနက်အိပ်ယာအထမှာ ၀ါးရံတာထွက် စီးကရက်ဖွာတယ် စနိုက်ဖါ သေနတ်တလက်နဲ့ ခိုက်ခိုက်တုန် နှင်းထူထူထဲ အလုပ်ကြမ်း လုပ်ပေးနေရတဲ့ ဂျူးသုံ့ပန်းတွေကို အပြင်းပြေ ပစ်ခတ်သတ်ဖြတ်တယ် ပြီးမှ ရေအိမ်ထဲဝင် အပေါ့အပါးသွားတယ်။ ဂျာမန်ဗိုလ်တွေအတွက် သုံ့ပန်းတွေကို သတ်ဖြတ်ရတဲ့ အလုပ်ဟာ ထမင်းစား၊ ရေသောက်တာကမှ ခက်ကောင်း ခက်နေပါဦးမယ် ....။ [...]

Read more of this post