ချွေးစက် ... လက်ဆောင် ကမာပုလဲ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၂ ဘ၀ ယဇ်ပလ္လင်ထက်မှာ ကြိတ်ပြီးကျခဲ့ရတဲ့ မျက်ရည်စများ ...။ ကျောက်စိမ်းစားပွဲပေါ်က ရွှေပန်းကန်ထက် တစက်စက်နဲ့ ကြေကွဲမျက်ရည် ...။ သနားတယ်မောင် အဲဒီမျက်ရည် ... အပြစ်မဲ့သွေးတို့ စွန်းထင်းတယ်။ နေပူစပ်ခါး … စက်ရုံအလုပ်ရုံရနံ့ ပါးကွက်ကြားပေါ် ဖြတ်စီးလာတဲ့မြစ်များ ခင့်နဖူးပေါ်မှ မြစ်ဖျားခံခဲ့တဲ့ အလွမ်းတွေ ... လေညင်းကနေ … ပို့လိုက်တယ်။     ။ ၅၊ ၁၂၊ ၂၀၁၂ (Illustration credit to http://www.myspace.com/marylestlost/blog )

Read more of this post