ဂလိုဘယ် စည်း ကံထွန်းသစ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂ (လွန်ခဲ့သည့် ၉  နှစ်က စာမူ ပြန်လည်ဆန်းသစ်ခြင်း) ကားပေါ်သို့တက်လိုက်လျှင်ပင် စပယ်ယာက "ရှေ့ကိုကြွ" ဆို၍ ယာဉ်မောင်းနောက်ရောက်သည့်တိုင် တိုးသွားလိုက်သည်။ ကားက လူချောင်သည်၊ ထိုင်ခုံများပြည့်ရုံသာရှိပေသည်။ "သံဃာတော်နေရာလေး တွေက ခရီးသွားရင်းကုသိုလ်ယူမယ်" စပယ်ယာက ယာဉ်မောင်းရဲ့ဘယ်ဘက်ခြမ်း "သံဃာတော်များ ဦးစားပေးပါ" ဆိုသည့် ထိုင်ခုံများပေါ်တွင် ထိုင်နေသူများကို နေရာပေးဖို့လှမ်းပြောလိုက်ခြင်းပင်။ မကြား၍လား၊ မသိ၍လားမဆိုတတ်၊ ထိုင်နေသူ လူရွယ်နှစ်ဦးကတော့ ဘာသိဘာသာပင်မို့             "သံဃာခုံကအကိုတွေ၊ သံဃာတော်ကြွလာပြီ၊ နေရာပေးပါ"  လူငယ်နှစ်ဦးက မလှုပ်၊ တဦးက ကားနံရံမှစာတန်းကိုဖတ်ကာ မိမိဘက်ကို စောင်းငဲ့၍ပင် ကြည့်လိုက်သေး၊ အင်း ... သူတို့ဦးစားမပေးလို၍နေမှာဘဲလေဟု နားလည်စွာ မျက်နှာလွှဲနေလိုက်သည်။ သို့သော်...             "အကိုတို့ [...]

Read more of this post