ကွယ်လွန်သူနှင်းများ... သစ်ကောင်းအိမ်၊ ဒီဇင်ဘာ ၂၊ ၂၀၁၂ လူ့အဖြစ်ဆိုတာ တရက်တရက် ကိုယ်သေတွင်းကိုယ်နက်အောင် တူးနေရတဲ့ ရက်စွဲတွေပေါ့… ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ဖို့ကြွေးကြော်ရင်း ရန်သူဖြစ်သွားတဲ့မိတ်ဆွေတွေကိုပဲ မနက်လင်းတိုင်း ဆေးလိပ်မီးခိုးတွေကြား ဟာသ တခုလို ငါကောက်ရ ... အဝီစိအထိဘရိတ်ပေါက်နေတဲ့ ကားတစင်းပေါ်မှာ အဲဒီနေ့က နေသာပုံမကြိုက်လို့ ပြတင်းပေါက်ပိတ်ထားလိုက်တာနဲ့ ... ယမမင်းရဲ့ဆုံလည်ကုလားထိုင်ပေါ်မှာ ပြတင်းပေါက်ပိတ်လိုက်တိုင်း အပြင်မှာ မိုးတွေတိတ်မသွားခဲ့တာနဲ့ ... သံသရာဆိုတဲ့ ဘာဘီကျူးမီးပုံပေါ်မှာ ယမ်းနံ့မကင်းတဲ့နှင်းတွေကို သီချင်းလုပ်ဆိုရဦးတော့မယ့် ဒီဇင်ဘာ…။   သစ်ကောင်းအိမ် ၁၊ ၁၂၊ ၂၀၁၂ (ပုံ - ဦးသန္တာဘလော့ဂ်က ယူသုံးတယ်)

Read more of this post