နာရေးကူညီမှုအသင်း (ရန်ကုန်) ဒီဇင်ဘာ ၁၁၊ ၂၀၁၂ ● စက္ခုအလင်းတံခါး ဖွင့်ထားလေပြီ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလအတွင်းမှစတင်၍ "လူ ၂၅ဝဝ ရရင် ဗမာတွေအလင်းပွင့်ပြီ" ဟူသော ဆောင်းပါးတစ်ပုဒ် ကျွန်တော်၏ Face Book စာမျက်နှာတွင် တင်ခဲ့ဖူးပါသည်။ ၄င်းဆောင်းပါးသည် အမြင်အာရုံ စူးရှထက်မြတ်စေရန်၊ အမြင်အာရုံများ ကြည်လင်ပြတ်သားစေရန်၊ အမြင်အာရုံများ အေးမြ တောက်ပလာစေရန်နှင့် စက္ခုအလင်းမှုံဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ခံစားနေရသော မျက်စိဝေဒနာရှင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ "သုခကုသိုလ်ဖြစ်ဆေးခန်း"တွင် ခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ရေးသားခဲ့ခြင်းဖြစ် သည်။ မျက်စိခွဲစိတ်ခန်းဖွင့်လှစ်မည် ဖြစ်သည့်အတွက် "သုခကုသိုလ်ဖြစ် ဆေးခန်း"သို့ လာရောက်ကုသကြသည့် မျက်စိဝေဒနာရှင်များသည် ဆေးရုံများသို့ သွားရောက်ရမည့် လမ်း စရိတ်၊ စားစရိတ်နှင့် မိမိမျက်စိအား ခွဲစိတ်ကုသရန် စောင့်ဆိုင်းခြင်းတည်းဟူသော [...]

Read more of this post