ဗုဒ္ဓေါဝါဒဆရာတော် ဒီဇင်ဘာ ၁၂၊ ၂၀၁၂ မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်ပြီး သံဃာတော်များ ထိခိုက် ဒဏ်ရာများရခဲ့သည်နှင့် စပ်လျင်း၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းတို့ သံဃမဟာနာယကဆရာတော် ကြီးများအား ၀န်ချတောင်းပန်ခဲ့လို့ အတွင်းကအနှစ်သာရမပါစေကာမူ အမြင်ပြယုဂ်အနေနဲ့ကတော့ ကြည့်လို့ ကောင်းသွားသလိုဖြစ်ကောင်း ဖြစ်မှာပါ၊၊ "အဖျက်သမားအချို့ ဘာသာရေးကို ခုတုံးလုပ်ရုံမျှသာမက နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် စီမံချက်ချ ဆောင်ရွက်နေဆို"တဲ့ သတင်းစာပါ ခေါင်းစဉ်ကို ဖတ်ရတာဟာ ယခင်စစ်အစိုးရလက်ထက်က အကျင့်ဆိုးတွေ အတိုင်းရေးသားနေတာဟာ ယနေ့ သံဃာထုကိုဆက်လက်ပြီး စော်ကားနေတာလို့ ခံစားမိတယ်၊ဒီကနေ့ သံဃာထုရဲ့ ဆန္ဒဟာ ပြည်သူလူထုနဲ့ တစ်ထပ်တည်းဆိုတာကို တကယ်ပဲမသိတာလား မသိချင်ဟန်ဆောင်၍ လူမိုက်တွေစရိုက်မို့ စစ်အစိုးရတလျောက်ရေးခဲ့သလိုမျိုး ကြေးမုံသတင်းစာမှာ [...]

Read more of this post