မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်.... မြ၀တီသား (ခေတ္တမဲဆောက်) ဒီဇင်ဘာ ၁၁၊ ၂၀၁၂                   ထိုင်းနိုင်ငံ တဖက်ကမ်း မြ၀တီမြို့ဟာ ကုန်စည်တွေကို  မြန်မာနိုင်ငံအတွင်းပိုင်းအထိ ၂၄ နာရီအတွင်း သယ်ယူ ပို့ဆောင်နိုင်တာမို့ စည်ကားတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ အဖွဲ့အစည်း အသင်းအဖွဲ့ ပေါင်းစုံ ရှိသလို လူမျိုးစုံ လူပေါင်းစုံတဲ့ မြို့လည်း ဖြစ်ပါတယ်။                      မြ၀တီမြို့ဟာ တဖက်ထိုင်းနိုင်ငံက လျှပ်စစ်ပေးနေတာဖြစ်သလို မီတာခကိုလည်း တဖက်နိုင်ငံဈေးနဲ့ ညှိပြီး ပေးဆောင်ရပါတယ်။ မြန်မာပြည်တွင်းမှာ လျှပ်စစ်မီး မလုံလောက်လို့ မကြာခဏ မီးပြတ်တောက် ခဲ့တဲ့ အချိန်မှာ မြ၀တီမြို့ဟာ လျှပ်စစ်မီး တထိန်ထိန်နဲ့ ဂုဏ်အရှိန် မြင့်နိုင်ခဲ့တာလည်း အမှန်ပါပဲ။                ဒါပေမယ့် ဒီဖက်နှစ်ပိုင်းရောက်တဲ့အခါ ကန်ထရိုက် ပြောင်းလဲလိုက်တဲ့ [...]

Read more of this post