မောင်စိုးချိန် ဒီဇင်ဘာ ၂၀၊ ၂၀၁၂ ဟော ရောက်လာခဲ့ပြန်ပြီ ၂၀၁၂ နိုဝင်္ဘာ ၂၉ တောင်တန်းပေါ်မှာ စစ်ကျွန် ဖွဲ့စည်းပုံ စစ်ကျွန်ပြု စစ်လွှတ်တော်က လူထုလွတ်မြောက်ရေး ပြည်သူ့ဒီမိုကရေစီ လူ့သိက္ခာ တပြားသားရအောင် လုပ်မပေးနိုင်ခဲ့ ဖိနှိပ် အနိုင်ကျင့်မှုများကို အံတု ခုခံရေးတိုက်ပွဲ အရေးတော်ပုံရဲ့ စိတ်ဓါတ်ဝတ်စုံ ဝတ်ဆင်လိုက်ကြပေါ့…။ ဖက်ဆစ်မိစ္ဆာက ၂၀၀၈ စစ်ဖွဲ့စည်းပုံ စာတရွက်လို သယ်လာခဲ့တယ် ၂၀၁၀ စစ်ကျွန်ပြုရေးလွှတ်တော် သစ်ရွက်တရွက်လို သယ်လာခဲ့ လက်ပတောင်း ကြေးနီတောင်ပေါ်က သပိတ်စခန်းတွေဆီ သယ်ဆောင်လာ စစ်ပုလိပ် စစ်လက်နက်တွေ လူထုချေမှုန်းရေး မီးလောင်ဗုံးတွေ အကောင်းဆုံး သတ်ကွင်းဖန်တီးထား တောင်ကုန်းတွေပေါ် ထမ်းတင်ခဲ့ကြလေရဲ့…။ မိစ္ဆာက စစ်ကိုမွေးတယ် စိုက်ပျိုးထားတဲ့ စစ်ကို ရိတ်သိမ်း သူတို့ရဲ့ အသီးအပွင့်တွေပေါ့ ကျေးလက်တောင်သူလယ်သမား [...]

Read more of this post