သန်းဝင်းလှိုင် ဒီဇင်ဘာ ၂၀၊ ၂၀၁၂  နှစ်ဦးစသည်နှင့် ဦးစွာကြုံရသည့် နေ့ထူးနေ့မြတ်ကား မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ကား ၆၅ နှစ်မြောက် လွတ်လပ်ရေးဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကို ကိုလိုနီနယ်ချဲ့၏ လက်မှ၊ ဖက်ဆစ်၏လက်မှ အသာတကြည် လက်ဖြန့်ခံယူရရှိသည် မဟုတ်ဘဲ ပြည်သူလူထုတရပ် လုံး၏ အသက်နှင့် သွေးနှင့် မျက်ရည်နှင့် ရင်းနှီးရယူထားရခြင်းဖြစ်သည်။ တန်ဖိုးကြီးမားစွာ ရယူခဲ့ရသော လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲ အောင် ကြိုးပမ်းဆောင်ရွက်ရမည့် တာဝန်မှာ လူတိုင်း၌ တာဝန်ရှိလေသည်။ ● ကိုယ့်ထီးကိုယ့်နန်း မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ်ကြငှန်းနှင့် နှစ်ပေါင်းများစွာ တိုင်းရင်းသားပေါင်းများစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သော လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်၏။ ထို့ထက်မူ ကျောက်ခတ် အသီးသီးကိုပင် ဖြတ်သန်းနေထိုင်လာသည့် သမိုင်းကြောင်း ရှည်လျားသော [...]

Read more of this post