ဒေးဒရဲဇော် ဒီဇင်ဘာ ၂၃၊ ၂၀၁၂  ဒေးဒရဲမြို့တွင် ဆီမှောင်ခိုလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေကြကြောင်းဒေးဒရဲ ဒေသခံများကိုပြောပြသည်။ "ဒေးဒရဲမှာ ဆီမှောင်ခို အကြီးအကျယ် လုပ်နေတဲ့သူတွေက (၃) ဖွဲ့လောက်ရှိတယ်။ အစိုးရကို တရားဝင် အခွန်မဆောင်ဘဲနဲ့ ဆီကို ထိုင်းနိုင်ငံဘက်ကနေ ဒေးဒရဲအရောက် ဒုံးကောင်တွေနဲ့  သယ်နေကြတာ။ အများစုကတော့ ဒီဇယ်ပါပဲ။ ဒီဇယ်က အစိုးရကို တရားဝင် (၁) ဂါလံ (၄၅၀) ကျပ် အခွန်ဆောင်ရတယ်။ ဒုံးသင်္ဘောအများစုက ဒီဇယ်ကို ပေပါတွေနဲ့ သယ်ကြတယ်။ သင်္ဘောတစ်စီးကို ပေပါ (၅၀၀)လောက်အထိ သယ်ဆောင်ကြတယ်"ဟု ဒေသခံတဦးက ဖုံးနှင့် ဆက်သွယ်ပြောဆိုသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဒေးဒရဲမှာ တရားမ၀င် ဒီဇယ်တင်လာသည့် ဒုံးသင်္ဘော (၃) စီးကို ဖမ်းဆီးဖို့ ကြိုးစားရာတွင် ဒေသခံများနှင့် [...]

Read more of this post