၂၀၁၂ နှစ်မကုန်မီ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့အစိုးရ စစ်တပ်များ အပြင်းအထန် ထိုးစစ်ဆင် မိုးမခအထောက်တော် ၀၀၆၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂ အများပြည်သူတို့ ခရစ်စမတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက် မိသားစုများ မိတ်ဆွေများ တွေ့ဆုံအနားယူကြချိန် ရက်သတ္တပတ်မှ စတင်ပြီး ကြံ့ဖွံွှ့အစိုးရ၏ လက်နက်ကိုင် စစ်တပ်များက ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်ပြီး တိုက်ခိုက်လျက်ရှိသည်။ ပြည်ပနိုင်ငံအချို့က စစ်လက်နက်များ၊ စစ်အထောက်အကူပစ္စည်းများ ၀ယ်ယူလက်ခံရရှိသည့်သတင်းများ ထွက်ပေါ်ပြီး မကြာမီမှာပင် စစ်လေယျာဉ်များ၊ ရဟတ်ယာဉ်များ အများအပြားသုံးပြီး ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် ဒေသအသီးသီးကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ လက်နက်မဲ့သည့် ဒေသခံပြည်သူများ သေကြေပျက်စီးခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီပြီး ဒုက္ခသည်စခန်းများ တောတွင်းဒေသများ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးလျက်ရှိသည်။ [...]

Read more of this post