ကျော်မိုး (စကားဝါမြေ) ဒီဇင်ဘာ ၆၊ ၂၀၁၂ ရွာအဝင် တမာတန်း ဘဂျမ်းက ရောက်နေပြီ။ ကဗျာတွေစီ ညီငယ်ကို စောင့်ရင်း။ တယောအို ထိုးပါလို့ အစ်ကိုဖြင့် တေးဆိုပြီ ညီငယ်ရေ လာကွဲ့။ ကဗျာဖွဲ့ တေးဆိုရင်း ဆေးလိပ်ကတို နေညိုပြီ ညီလှရဲ့ ဂီတနဲ့ ချိုးကူသံ ရောယှက်လို့ညံ လွမ်းသူ့ထံ အမှာပါး။ ညီဘွားများလာခဲ့ရင် တို့ရွာအဝင် မြင်သာတဲ့ တမာတန်း ဆီးကြိုလက်ကမ်း ဘဂျမ်းနဲ့တွေ့ပြီးလျှင် ပြုံးလျက် ပျော်ရွှင် ရွာအဝင် နှစ်ယောက်သား သွားကြစို့လား။ ပန်းချီသရုပ်ဖော် - အောင်ထက် ဆရာမောင်စွမ်းရည်၏ "တမာတန်းသို့ လွမ်းကဗျာ" ကိုဖတ်၍ခံစားရေးဖွဲ့ပါသည်။ ဆရာကြီးဦးတင်မိုးအား ဤကဗျာငယ်ဖြင့်ပူဇော်ဂုဏ်ပြုပါသည်။ ဆရာမောင်စွမ်းရည်၏ တမာတန်းသို့ လွမ်းကဗျာအား မိုးမခပရိတ်သတ်အတွက် ဖော်ပြလိုက်ရပါသည်။ တမာတန်းသို့ လွမ်းကဗျာ [...]

Read more of this post