ဗိုလ်သန်းရွှေ ထီပေါက်ခြင်း (ကိုဇာဂနာ ဖတ်ဖို့ ဟာသ) ပျော်တော်ဆက်သာဂိ အောက်တိုဘာ ၂၂၊ ၂၀၀၉ (လွန်ခဲ့တဲ့ ၃ နှစ်က ရေးခဲ့တဲ့ သရော်စာကို အခု ပရိသတ် ပျော်ရအောင် ပြန်လည်တင်ဆက်ပါတယ်။ မိုးမခအယ်ဒီတာအဖွဲ့) စာမရေးတာ အတော်ကြာပေါ့ဗျာ။ နေကောင်းတယ် မဟုတ်လား။ တလောကတောင် ခင်ဗျားကို ဆုတွေပေးတယ် ကြားတယ်။ ဆုတွေရတာ ၀မ်းသာတယ်ဗျာ သို့သော် စစ်တပ်က လွတ်ငြိမ်းချမ်းသာဆုကျတော့ ခင်ဗျားရော၊ ၈၈ မျိုးဆက်ကျောင်းသားတွေရော မပါဘူး။ စစ်အစိုးရက ပေးတဲ့ ဆုတွေနဲ့တော့ အလှမ်းက ဝေးသားပဲ။ အိုဘားမားတောင်မှ နိုဘယ်ဆုတွေ ဘာတွေ ရသေးတယ်ဗျာ။ ကျနော်တို့တိုင်းပြည်က စစ်ဗိုလ်ချုပ်မှူးကြီးတွေက ဘယ်ဆုမှ မရကြဘူး။ သူတို့လည်း ဆုလေး ဘာလေး လိုချင်ရှာပါပဲနော်။ သူ့မိတ်ဆွေ ကိုတရုတ်တို့ ကိုရွတ်ရှားတို့ကလည်း နအဖအတွက် ဆုလေး ဘာလေးတွေ ဖန်တီးပြီး [...]

Read more of this post