မဲဆောက်အဖမ်းအစီးကြမ်း မြန်မာများ မြ၀တီသို့ ရှောင်နေရ ရွှေ့ပြောင်းသတင်းထောက် (ခေတ္တမဲဆောက်)၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ နံနက် လင်းအားကြီးအချိန်တွင် ထိုင်လုံခြံရေး အရာရှိများ ၊လ.၀.က များပါဝင်သော ပူးပေါင်းအဖွဲ့များက စက်ရုံများ၏ အိပ်ဆောင်များ ၊မြန်မာပြည်သားများနေထိုင်သည့် တန်းလျားများသို့ အင်အားဖြင့် ၀င်ရောက်ဖမ်းစီးကြရာ ယနေ့ မဲဆောက်အချုပ်တွင် လူများပြည့်နေကြောင်း သိရပါတယ်။ မြ၀တီ-မဲဆောက် နယ်စပ်လှေဂိတ်များတွင်လည်း မြန်မာဘက်သို့ ယာယီရှေင်တိမ်းရန်အတွက် မြန်မာများဖြင့် ပြည်နေပြီး မြ၀တီသို့ လှေများဖြင့် နံနက်မှစတင်ကာ ကူးနေကြကြောင်း သိရပါတယ်။ တစ်ချို့မြန်မာများကတော့ ထိုင်းရဲများ၏ ဖမ်းစီးခြင်းမှ လွတ်ကင်းရန်ရည်ရွယ်ချက်ဖြင့် နေအိမ်များတွင် မနေရဲဘဲ လယ်ကွင်းများ၊ခြုံဘုတ် များတွင် သွားရောင်အိပ်စက်ကြပြီး အေးချမ်းသော ဆောင်ရာသီ၏ဒဏ်ကို ခံနေကြရကြောင်းလည်း သိရပါတယ်။ စက်ရုံ-အလုပ်ရုံပိုင်ရှင်များကလည်း [...]

Read more of this post