မောင်ဝံသ ဒီဇင်ဘာ ၂၅၊ ၂၀၁၂ (ပြည်သူ့ခေတ်ဂျာနယ် ၂၇၊ ၁၂၊ ၁၂ နေ့ထုတ်တွင်ဖော်ပြသည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး) တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး   ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာ နောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊ တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှု မရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောုင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။ အရင်က gemcitabine ကို cipllatin နဲ့ Avastin နဲ့ [...]

Read more of this post