ဓူဝံကြယ် (ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦး) ဒီဇင်ဘာ ၂၄၊ ၂၀၁၂  ယခင် နအဖမှ ဗိုလ်သူရရွှေမန်း ယနေ့ လွှတ်တော် ဥကဌ ၏ နားထောင်၍ကောင်းသော မိန့်မြွက်ချက်တစ်ခုပါ။ မည်သူမျှ ဆိုသည်က အဘယ်သူတို့ကို ရည်ညွန်းပါသနည်း။ ပိုမို၍ ရှင်းလင်းစေရန် မိန့်ခွန်းရှင် ဗိုလ်သူရရွှေမန်း၏ သား(အငယ်) စစ်တက္ကသိုလ်၊ ဗိုလ်သင်တန်း အပါတ်စဉ် (၄၁) ဆင်း၊ ဗိုလ်တိုးနိုင်မန်း၏ လုပ်ရပ်ကိုကြည့်ကြပါ။ ၂၀၀၀ ခုနှစ် DSA ကျောင်းဆင်း ဗိုလ်တိုးနိုင်မန်းသည် ၎င်းနှင့် အပါတ်စဉ်တူ ဗိုလ်အောင်စောလှိုင်နှင့် စစ်တက္ကသိုလ်၌ အလွန်ခင်မင်ခဲ့ကြသော သူငယ်ချင်းများ ဖြစ်ခဲ့ကြပါသည်။ မကွေးတိုင်း၊ ဆီမီးခုံ (ဇာတိ) ဗိုလ်အောင်စောလှိုင်သည် ဗိုလ်တိုးနိုင်မန်းနှင့်အတူ ရန်ကုန်မြို့တွင် ၂၀၀၁ ခုနှစ်များအတွင်း အထူး အခွင့်အရေး ရရှိပြီး အလုပ်အကိုင် [...]

Read more of this post