ကျော်မိုး (စကားဝါမြေ) ဒီဇင်ဘာ ၁၁၊ ၂၀၁၂ သမုဒ္ဒရာ အရှေ့အနောက် တောင်မြောက်ပြင်ကျယ် ထုထည်မတ်စောက် ဖြိုးမောက်ရေအား လွန်ကြီးမားလည်း သားသမီးကို နို့ချိုတိုက်ကျွေး ပေးဝေမေတ္တာ ပြုကြရှာသည့် မိမာတာအောက် သူ့ဂုဏ်ပျောက်၏။ ထက်အောက်ဝန်းကျင် ဆယ်ရပ်ခွင်နှင့် တွင်းပြင်နီးဝေး ဖွေးလက်ရောင်ဖြာ မဟာနေမင်း လွန်စွာလင်းလည်း ဝမ်းတွင်းလွယ်ဖွား သမီးသားကို အနားမရပ် ပေးဆပ်မေတ္တာ ပြုကြရှာသည့် မိမာတာအောက် သူ့ဂုဏ်ပျောက်၏။ ကမ္ဘာမြေသည် မြေဆီမြေသား ကျောက်သားကျောက်လွှာ အခါခါဆက် ဒုဗြက်ခိုင်မာ တည်တံ့ပါလည်း ရင်မှာလွယ်မွေး ချစ်ရင်သွေးကို ထွေးပွေ့မေတ္တာ အကြင်နာနှင့် စာနာသည်းခံ အမှန်ပြုမူ ငြူစူမရှိ မွေးသည့်မိခင် ကြီးဂုဏ်အင်အောက် သူ့ဂုဏ်ပျောက်၏။      ။ သရုပ်ဖော်ပန်းချီ ဤနေရာက ယူပါသည်။

Read more of this post