ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဒီဇင်ဘာ ၁၄၊ ၂၀၁၂ မုံရွာမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာ များရရှိခဲ့သော သံဃာတော်အပေါင်းနှင့် ပြည်သူတို့အား ဆေးဝါးကုသရန်အတွက် ဒုတိယအကြိမ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အလှူငွေကျပ် ၉၅၅ဝဝဝဝိ/- (ကိုးဆယ့်ငါးသိန်းငါးသောင်း) ကျပ်တိတိ အား မန္တလေးမြို့သို့ (၁၁.၁၂.၂ဝ၁၂) ရက်နေ့၌ ပို့ဆောင်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၏ ညီမဝမ်းကွဲဖြစ်သူ လူမှုရေး လုပ်ငန်းများအား ကြိုးစားပေးဆပ်နေသော မန္တလေးမြို့နေ မသင်းနွဲ့နွဲ့ဖေထံသို့ ၁၁.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဘဏ်ငွေလွှဲစနစ်ဖြင့် ပို့ဆောင်ခဲ့ရာ မန္တလေးမြို့ရှိ မသင်းနွဲ့နွဲ့ဖေ သည် မန္တလေးမြို့ရှိဆေးရုံများဖြစ်သော မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံကြီးများသို့ သွား ရောက်ကာ [...]

Read more of this post